ရွှေနိုင်ငံ၊ ဂျပန်မှာဘယ်လောက်အထိရွှေထွက်သလဲ ?!!!

စာဖတ်သူတို့အားလုံး ဂျပန်ကိုပုံဖော်ကြည့်တဲ့အချိန် ဘယ်အရောင်ကိုအရင်ဆုံးတန်းမြင်မိပါသလဲ?
နိုင်ငံအလံမှာအသုံးပြုထားတဲ့ အဖြူနဲ့အနီကိုလား?
ဒါမှမဟုတ် ပေါများတဲ့သဘာဝအစိမ်း‌ရောင်တွေကိုလာ? ပင်လယ်ကြီးရဲ့အပြာရောင်ကိုလာ?

အရောင်အမျိုးမျိုးကိုမြင်ယောင်ကြမှာပဲလို့ထင်မိပါတယ်။ ဒါပေမဲ့ ရွှေကိုတော့ မြင်ယောင်ကြမယ့်လူတွေလည်း အများအပြားပဲရှိမယ်မဟုတ်ပါသလား?

ဂျပန်မှာရွှေကိုအသုံးပြုထားတဲ့အရာဝတ္ထုတွေ အရမ်းကိုအများအပြားရှိပါတယ်။
ဥပမာအနည်းငယ်ကိုကြည့်လိုက်ရအောင်…..

ဒါကတော့ Iwate စီရင်စုမှာရှိတဲ့ 中尊寺(ちゅうそんじ)Chusonji Temple ရဲ့ 金色堂(こんじきどう)Konjiki dō လို့ခေါ်တဲ့ အဆောက်အဦးပဲဖြစ်ပါတယ်။
နာမည်အတိုင်းပဲ၊ ရွှေချထားတဲ့အဆောက်အဦးပဲဖြစ်ပါတယ်။

https://www.chusonji.or.jp/know/konjikido.html

ရွှေရောင်တွေနဲ့လင်းလက်နေတဲ့ ဒီ Temple ရဲ့အလယ်မှာ အဝေးနိုင်ငံတွေကနေယူဆောင်လာတဲ့ကမာခွံတွေနဲ့ တန်ဆာဆင်ထားတဲ့ အသေးစိပ်ကျတဲ့ Raden (螺鈿) အနုပညာလက်ရာလည်းရှိပြီး ခမ်းနားထည်ဝါစွာနဲ့တွေ့မြင်နိုင်ပါတယ်။

အစားအစာတွေရဲ့အပေါ်မှာ ပါးပါးလေးဖြူးထားတဲ့ 金箔(きんぱく)လို့ခေါ်တဲ့ ရွှေရွက်တွေကိုတင်ပြီး ကြီးကျယ်ထည်ဝါမှုကိုပြသတယ် ဆိုတဲ့အရာတွေလည်းကျင်ပပါတယ်။
ဒါတွေဟာ ရွှေအစစ်တွေပါ…..


https://www.dentouhonpo.com/SHOP/sk-03.html

အရမ်းအလွန်အကျွံဖြစ်သွားတာတွေလည်းရှိပါတယ်။
ဒါကတော့ icecream ကိုရွှေနဲ့ဖုံးထားတာပါ…

https://main-dish.com/2016/07/22/kanazawa-soft-golden/

steak မှာလည်းရွှေကိုသုံးပါတယ်။
နည်းနည်း နားလည်ရဖို့ခက်ပေမဲ့၊ steak ရဲ့ပတ်ပတ်လည်က အားလုံးရွှေချည်းပါပဲ….

https://tabizine.jp/2017/08/25/150797/

ဉရောပသို့ ပထမဆုံးဂျပန်ကိုမိတ်ဆက်ပေးခဲ့တဲ့ မစ္စတာ Marco Polo ဟာ ဂျပန်ကို “ ရွှေနိုင်ငံ” လို့သုံးနှုန်းပြီးမိတ်ဆက်ပေးခဲ့သလိုပဲ တကယ်လည်း ရွှေနိုင်ငံပါပဲ…

ရွှေဟာ မီးတောင်ရဲ့လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့သတ္တုဖြစ်ပြီး မီးတောင်တွေချည်းရှိတဲ့ ဂျပန်နိုင်ငံဟာလည်း အရင်ကတည်းက ရွှေအမြောက်အများရှိခဲ့ပုံရပါတယ်။
နောက်ပြီး အဲ့ဒီရွှေကို အခြားသောနိုင်ငံတွေထက် စနစ်တကျကရုတစိုက်နဲ့ထုတ်ယူတဲ့ ဂျပန်လူမျိုးတွေအားလုံးရဲ့စိတ်ထားဟာလည်း အတူတူပဲဖြစ်တာကြောင့် ရွှေပေါကြွယ်ဝတဲ့နိုင်ငံဆိုပြီးဖြစ်လာရခြင်းလို့ထင်ပါတယ်။

ဒီလိုတန်ဖိုးရှိတဲ့ရွှေကို တတ်နိုင်သလောက် နယ်ပယ်တော်တော်များများမှာ အသုံးပြုနိုင်လာရန်အတွက်နည်းပညာက 金箔(きんぱく) ပဲဖြစ်ပါတယ်။
ရွှေကိုဖိရင်းဖိရင်းပါးသွားအောင်လုပ်ပြီး အဲ့ဒီပါးလွှာမှုက 0.0001mm သာရှိတယ်လို့ပြောပါတယ်။
ဆံပင်တစ်ချောင်းရဲ့ လုံးပတ်တောင် ခန့်မှန်းချေ 0.08mm လောက်ရှိပါတယ်။
ဘယ်လောက်ပါးသလဲဆိုတာကို နားလည်ရတယ်နော်…..

2g ရှိတဲ့ရွှေကို tatami တစ်ချပ်စာအကျယ်အထိဖြန့်လိုက်တဲ့နည်းပညာဖြစ်ပြီး၊ အဲ့ဒီရွှေရွက်ကိုနေရာအမျိုးမျိုးမှာကပ်လိုက်မယ်ဆို နေရာတိုင်းအရွှေအတိဖြစ်နေတဲ့ပတ်ဝန်းကျင်တစ်ခုကို သင်ဖန်တီးနိုင်ပါလိမ့်မယ်။

နောက်ပြီရွှေရဲ့လှပမှုကို ထိန်းချုပ်ဖို့ သတ္တုစပ်ကိုလည်းပြုလုပ်လျှက်ရှိတဲ့ပုံပါပဲ..
ငွေနဲ့ကော့ပါးကိုပါရောစပ်လိုက်တဲ့အခါ ‌ရွှေဟာအလှဆုံးအရောင်ထွက်လာပါတယ်တဲ့….

ပမာဏများများနဲ့ ဂျပန်ရဲ့ရွှေတွေကို နိုင်ငံခြားသို့တင်ပို့တယ်ဆိုတဲ့အကြောင်းအရာတွေလည်း အတိတ်မှာရှိခဲ့ပါတယ်။
ဆာမူရိုင်းလက်ထပ်ကုန်ဆုံးသွားချိန်၊ အဲဒိုခေတ်ရဲ့နောက်ဆုံးအချိန်ကာလမှာ ဂျပန်ဟာအမေရိကန်နဲ့ ၂ ဦး ၂ ဖက်ကြား တရားမမျှတဲ့စာချုပ်ကိုအတင်းအကျပ်လက်မှတ်ထိုးစေခြင်းခံခဲ့ရပါတယ်။
ဒီနေရာမှာတော့ currency rate အတွက် စည်းမျဥ်းသတ်မှတ်ချက်ပါ ထည့်သွင်းခဲ့ပါတယ်။
ရွှေနဲ့ငွေတို့ရဲ့ Exchange rate မှာ တရားမမျှတမှုဖြစ်ပေါ်သကဲ့သို့ စီစဥ်ခဲ့ကြပါတယ်။

ဂျပန်မှာတော့ ရွှေ 1g ကို ငွေ 5g နဲ့သာ လဲလှယ်ရပြီး၊
အမေရိကန်နိုင်ငံတွင်းမှာတော့ ရွှေ 1g အတွက် ငွေ 15g နဲ့ လဲလှယ်ကြပါတယ်။

အဲ့ဒီလိုဆို ငွေ 500g ဂျပန်ကိုယူလာမယ်ဆို ရွှေ 100g ပြန်ရမယ်။
ဒီ ‌ရွှေ 100g အမေရိကန်ကိုပြန်ယူသွားမယ်ဆို ငွေ 1,500g ဖြစ်သွားမှာပဲဖြစ်ပါတယ်။

အဲ့ဒီ 1,500g သောငွေကို ဂျပန်မှာ ရွှေနဲ့ပြန်လဲတယ် …..

ဒီလိုမမျှတတဲ့စာချုပ်ချုပ်ခံရပြီး ဂျပန်ကနေရွှေတွေဟာ တစ်ချိန်တည်းမှာပဲတင်ပို့ခြင်းခံရကာ ဂျပန်ရဲ့ကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာခဲ့ပါတယ်။

ဒီလို ဂျပန်နိုင်ငံဟာ နိုင်ငံခြားသို့ ရွှေတွေတင်ပို့စေခြင်းခံရပေမဲ့၊ ရွှေတွေအမြောက်အများကျန်ရှိနေပါသေးတယ်။
အဲ့ဒီလိုရွှေတွေက မထင်မှတ်ထားတဲ့နေရာမှာ ရှိနေပါတယ်တဲ့….

ရွှေကို 金山 Kinzan လို့ခေါ်ကြတဲ့ တောင်မှာ တူးဖော်ကြပါတယ်။

https://traveltoku.com/sadokinzan/

သို့သော် 金山 Kanayama နာမည်နဲ့ မြို့အသစ်တစ်မြို့ရှိပါတယ်။ ၎င်းကို Kanayama မြို့လို့ခေါ်ပါတယ်။
အားလုံးလည်းသိကြပြီးတဲ့အတိုင်း၊ ဂျပန်ရဲ့ မြို့ပြဧရိယာမှာ လျှပ်စစ်ကရိယာများအဖြစ်ပြောင်းလဲလာတဲ့ထုတ်ကုန်တွေအရမ်းများပါတယ်။
လူနေအိမ်တွေထဲ တီဗွီနဲ့ ကွန်ပျူတာ၊ တယ်လီဖုန်း၊ မီးဖိုချောင်သုံးပစ္စည်းတွေက သေချာပေါက်လျှပ်စစ်အသုံးပြုပစ္စည်းတွေဖြစ်ပြီး၊ ဒါ့အပြင် Jidō hanbaiki ၊ ဘူတာအရှေ့မှာ လက်မှတ်ဝယ်ရတဲ့စက်နဲ့ Automatic ticket gate ….

ဒီလိုလျှပ်စစ်သုံးပစ္စည်းတွေအများစုမှာ ရွှေကိုတစ်ထောင့်တစ်နေရာကနေအသုံးပြုကြတယ်။
ရွှေက အပူနဲ့လျှပ်စစ်စီးဆင်းမှုပိုပြီးကောင်းမွန်တဲ့ ထူးခြားချက်ရှိထားပါတယ်။ သို့သော်တန်းဖိုးလည်းကြီးပြီး ကမ္ဘာမြေရဲ့ဆွဲငင်အားအရ အလေးချိန်များတာကြောင့် သေးငယ်တဲ့အပိုင်းအဖြစ်သတ်မှတ်ထားတဲ့နေရာလောက်မှာသာ ထည့်သုံးကြပါတယ်။

ဒါကြောင့် ပစ္စည်းတစ်ခုမှာ တကယ်ကိုအနည်းငယ်သာပါဝင်ပါတယ်.
ဒါပေမဲ့ လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေပမာဏအများကြီးရှိတဲ့ ဂျပန်ရဲ့ မြို့ပြဧရိယာမှာတော့ စုစုပေါင်း တန် ၇၀၀၀ လောက်ရှိတယ်လို့ပြောကြပါတယ်။
တစ်ကမ္ဘာလုံးရဲ့ ရွှေအတိုင်းအတာနဲ့ ခန့်မှန်းချေ 15% ရှိတဲ့ရွှေသိုက်ပဲလို့လည်းပြောကြပါတယ်။

ဒီကနေစပြီးရွှေချည်းပဲထုတ်ယူမယ်ဆို နည်းပညာအရတော့တတ်တိုင်ပေမဲ့၊ အကုန်အကျအရမ်းများတဲ့ပြဿနာတစ်ချက်လည်းရှိပါတယ်။

ဒီ Kanayama မြို့ ကနေ ရွှေတူးဖော်နိုင်မယ်သာဆိုရင် ဂျပန်ဟာနောက်တစ်ကြိမ်ရွှေနိုင်ငံအဖြစ်ပြန်ရောက်သွားကောင်း‌ ရောက်သွားမလားမသိနိုင်ဘူးနော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: