တိုကျိုမြို့တွင်းရှိ စီးပွားတက်စေတဲ့ နတ်ကွန်း ၅ ခု !!!!

နှစ်တစ်နှစ်ရဲ့ အစကိုကူးပြောင်းလာပြီဆို စိတ်သစ်လူသစ်နဲ့အစပြုချင်ကြတာပဲ‌နော်…
၂၀၂၀ ခုနှစ်ထဲမှာလည်း စီးပွားလာဘ်လာဘ ကောင်းချင်တဲ့လူတွေအတွက် တိုကျိုမြို့မှာရှိတဲ့ လာဘ်ကောင်းတယ်လို့ပြောကြတဲ့ နေရာ ၅ နေရာကို ရွေးချယ်ပြီးမိတ်ဆက်သွားပေးပါမယ်

 

၁။ Fukutoku Shrine (Chuo ရပ်ကွက် Nihonbashi)

https://cdn.locari.jp/upload/post_element/picture/2997973/w621_fukutoku.jpg

အဆောက်အဦးတွေရဲ့ကြားမှာ ဌာပနာထားတဲ့ လာဘ်တိုးစေတဲ့ဘုရား

မြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ နတ်ကွန်းဖြစ်ပြီး Tokugawa ခေတ်ကိုတည်ထောင်ခဲ့တဲ့ Tokugawa Ieyasu ကိုယ်တိုင်လာရောက်လည်ပတ်ခဲ့တဲ့ သမိုင်းဝင်နတ်ကွန်းဖြစ်ပါတယ်။
「芽吹稲荷」 “ Mebubuki Inari” လို့လည်းနောက်တစ်မျိုးခေါ်ပြီး နှစ်သစ်ရဲ့အစမှာ လာရောက်လည်ပတ်ရုံနဲ့ ပြည့်စုံတဲ့နေရာပဲဖြစ်ပါတယ်.

https://instagram.frgn3-1.fna.fbcdn.net/v/t51.2885-15/e35/s1080x1080/68813472_980801495595460_2922969719590560903_n.jpg?_nc_ht=instagram.frgn3-1.fna.fbcdn.net&_nc_cat=104&_nc_ohc=Wsep-TRfKZQAX9k6pXr&oh=cbe06c378ded2d34fa692149a41ac073&oe=5F44DC64

ထီ စပြီးဖြစ်ပေါ်တဲ့နေရာဖြစ်သလို၊ ထီပေါက်ဖို့ဆုတောင်းကြသူတွေနဲ့ စည်ကားတဲ့နေရာလည်းဖြစ်ပါတယ်။

၂။ Shiba Daijingu Shrine (Shiba, Minato ရပ်ကွက်)
လက်ထပ်ထိမ်းမြားဖို့ ကြင်ဖော်အတွက် လာရောက်ဆုတောင်းတဲ့နေရာအဖြစ်နာမည်ကြီး ပါတယ်။


https://cdn.locari.jp/upload/post_element/picture/2997871/w621__.jpg

「天照大御神」နဲ့ 「豊受大御神」တို့ ယုံကြည်ကိုးကွယ်ခြင်းခံရပြီး ကြင်ဖော်ဆုတောင်းတဲ့နေရာအဖြစ် သိကြတဲ့ Shiba Daijingu Shrine ပဲဖြစ်ပါတယ်။
relation ဆိုပေမဲ့ ချစ်သူကောင်လေး၊ ကောင်မလေးအတွက် relation သာမက၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ဆိုင်တဲ့ဆက်သွယ်မှု၊ ငွေနဲ့ဆိုင်တဲ့ဆက်စပ်မှု အစရှိသဖြင့် relation တိုင်းအတွက် ဆုတောင်းပြည့်ပါတယ်။

သေချာပေါက်လိုချင်တဲ့ “ ကံကောင်းစေတဲ့အဆောင်” လည်းရှိပါတယ်.

https://instagram.frgn3-1.fna.fbcdn.net/v/t51.2885-15/e35/46556923_382030192605947_891081909128149581_n.jpg?_nc_ht=instagram.frgn3-1.fna.fbcdn.net&_nc_cat=111&_nc_ohc=Yf82uFSO9ugAX__Irkx&oh=982fe44e7ce5165e5aa260d3b533b488&oe=5F466DB3

ထီရဲ့မွေးရပ်မြေလို့သိတဲ့ Shiba Daijingu Shrine ဟာ၊ လာဘ်တိုးချင်တဲ့လူတွေချည်းသာလျှင်မဟုတ်၊ ထီးပေါက်ချင်တဲ့လူတွေလည်း လာရောက်ဆည်းကပ်ကြတဲ့နေရာဖြစ်ပါတယ်။
အထဲမှာလည်း အကောင်းဆုံးသောကံတွေကို ရရှိပိုင်ဆိုင်နိုင်တယ်လို့ပြောတဲ့ “ ကံကောင်းစေတဲ့အဆောင်” ကို လိုချင်မိတယ်နော်……

 

၃။ Koami Shrine (Nihonbashi, Chuo-ku)

ကံကောင်းခြင်းလက်ဆောင် လက်ထပ်ထိမ်းမြား, ကံဇာတာ

https://cdn.locari.jp/upload/post_element/picture/2997810/w621_13757251804_77e4d11db0_b.jpg

အဆောက်အဦးတွေနဲ့ အိမ်တွေနဲ့နောက်မှာ တိတ်တိတ်လေးရှိနေတဲ့ Koami နတ်ကွန်းဟာ သိတဲ့လူတွေအတွက်ကတော့ အရမ်းတန်ခိုးကြီးတယ်လို့ပြောပါတယ်။ စစ်ပြီးနောက်ကျန်ရစ်ခဲ့သောသစ်သားအဆောက်အဦး နတ်ကွန်းဖြစ်ပြီး၊ အထဲမှာခမ်းနားတဲ့နဂါးပန်းပုတစ်ခုရှိပြီး မကောင်းတဲ့ကံကြမ္မာကိုဖယ်ရှားပေးသောနတ်ကွန်းအဖြစ်ယုံကြည်ကြပါတယ်။

 

၄။ Gōtokuji Temple (Setagaya ရပ်ကွက်)
Maneki Neko စတင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

 

https://instagram.frgn3-1.fna.fbcdn.net/v/t51.2885-15/e35/16906756_219206068548805_246838908736765952_n.jpg?_nc_ht=instagram.frgn3-1.fna.fbcdn.net&_nc_cat=101&_nc_ohc=Yu0ERF7UW8kAX8zGuyE&oh=4c8a673f0c1325d5faa8a6e019bd1c4f&oe=5F445655

ကံကောင်းစေတဲ့ကြောင်အမြောက်အများကိုတန်းစီထားပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီကြောင်အရုပ်ကိုအလှဆင်ထားမယ်ဆို ကောင်းမွန်တဲ့ ကံကြမ္မာတွေရောက်ရှိလာပြီး၊ စီးပွားရေးတက်လာတယ်လို့လည်းပြောပါတယ်။

https://instagram.frgn3-1.fna.fbcdn.net/v/t51.2885-15/e35/71333749_559560401460118_74528426568837051_n.jpg?_nc_ht=instagram.frgn3-1.fna.fbcdn.net&_nc_cat=110&_nc_ohc=5xnOa_en94MAX_b4iR-&oh=c112524941fd94f5cf17fc330a731f47&oe=5F439021

 

၅။ Konno Hachimangu Shrine (Shibuya ရပ်ကွက်)

https://cdn.locari.jp/upload/post_element/picture/2997991/w621_kinnou.jpg

လူစည်ကားတဲ့မြို့ရဲ့အလယ်မှာရှိသော်လည်း ဒီနတ်ကွန်းကတော့ ထီးထီးကြီးတည်ငြိမ်စွာနဲံတည်ရှိပါတယ်။
Heian ခေတ်ကတည်းကရှိနေခဲ့ပြီး ၎င်းကိုရှေးခေတ်ယဉ်ကျေးမှုဆိုင်ရာနတ်ကွန်းအဖြစ်လည်းပြဌာန်းထားပါတယ်။
ထို့အပြင်ကံကောင်းခြင်းနှင့်ကံကောင်းခြင်း၏ဘုရားအဖြစ်ယုံကြည်ကိုးကွယ်ကြပါတယ်။


https://cdn.locari.jp/upload/post_element/picture/2998119/w621_kounou.jpg

ဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုနဲ့အတူ ကိုးကွယ်ဆည်းကပ်မှုဆိုင်ရာကံကောင်းစေတဲ့နတ်ကွန်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
သွားရောက်လေ့လာပြီး ဗဟုသုတတွေရယူလိုက်ရအောင်နော်…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: