ကိုရိုနာကြောင့် အလုပ်ပြုတ်သွားတဲ့ ၂၃နှစ်အရွယ်မိန်းကလေး။ အသက်ဆက်ရှင်သန်နေထိုင်ဖို့အတွက် ရှာတွေ့ခဲ့တဲ့ အလုပ်က ?
Corona ရဲ့ သက်ရောက်မှုကတော့ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့နှံ့လျက်ရှိပြီး ကိုရိုနာကြောင့် အဆိုးရွားဆုံးသောစီးပွားရေးအခြေအနေတွေရင်ဆိုင်နေရတယ်လို့လည်း ပြောကြပါတယ်။ဤအတောအတွင်း အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ သူမရှင်သန်ရပ်တည်ဖို့အတွက် ရှာတွေ့ခဲ့တဲ့ အလုပ်က ?
https://joshi-spa.jp/1018774
ဒါဟာရုတ်တရက်ထုတ်ပယ်ခံခဲရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၀ မေလအကုန်တွင် ရုတ်တရက်အလုပ်ရပ်နားခံခဲ့ရတာဖြစ်ပါတယ်။ သူမသည် ဒေသဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ကြော်ငြာအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ယခုနှစ်မတ်လအကုန်တွင် Corona ကြောင့် သူမလုပ်နေတဲ့ကုမ္ပဏီပိတ်သိမ်းခဲ့ပါတယ်။
အကယ်၍ ဤ Corona ၏အကျိုးသက်ရောက်မှုတွေ လျော့သွားပါက အရာအားလုံးက ပုံမှန်သို့ ပြန်သွားလိမ့်မယ်ဆိုပြီး ခွင့်လျော်ကြေးကိုလက်ခံရရှိကာ အလုပ်ပြန်ရပါက အလုပ်အတွက် အဆင်သင့်ဖြစ်နေအောင် လေ့လာရန်ကြိုးစားနေတဲ့ သူမ လက်ထဲသို့ အလုပ်ထုတ်ပယ်ခြင်း အကြောင်းကြားစာဟာ မေလအစောပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် သူမရဲ့ သူဌေးနဲ့ အွန်လိုင်းကနေအင်တာဗျူးလုပ်ခဲ့ပါတယ်။
အခြေအနေအကြောင်းရင်းကို သိချင်လို့ မေးမြန်းပြီး အလုပ်အတွက် မေးမြန်းခဲ့ပေမယ့်
ပြန်လာရဖို့ကတော့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရပါတယ်။နောက်ဆုံးတော့ အွန်လိုင်းအင်တာဗျူးကနေတဆင့် အလုပ်ထုတ်ခြင်းအကြောင်းရင်းမှာလည်း အေးစက်စက် အဆုံးသတ်သွားရပါတယ်။
သူမက သူမရဲ့ ညီမဖြစ်သူ ကောလိပ်ကျောင်းသူနှင့်အတူ ၂ယောက်နေထိုင်လျက်ရှိပါတယ်။လစဉ်ငှားရမ်းခ၊ အသုံးစရိတ်ခ၊ နေ့စဉ်သုံးပစ္စည်းများနှင့်အခြားသတ်မှတ်ထားသည့်ကုန်ကျစရိတ်များသည်ယန်း ၁၇၀,၀၀၀ ဝန်းကျင်ရှိပြီး သူမရဲ့ ညီမကျောင်းလခအတွက်ပါ အားလုံးကို သူမ ထောက်ပံ့ ထားရတာဖြစ်ပါတယ်။
နယ်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ အမေကို လည်း သိပ်ပြီး စိတ်မပူစေချင်တဲ့အတွက် အလုပ်ထုတ်ခံလိုက်ရတဲ့ အကြောင်းကိုလည်း မပြောဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီနောက် ချက်ချင်းပဲ သူမ အလုပ်သစ်လျှောက်ဖို့ စီစဉ်ခဲ့ပြီး ကုမ္ပဏီ အခု ၁၀၀ ကျော်၊ အဓိကအားဖြင့် အိုင်တီကုမ္ပဏီများသို့ ကိုယ်ရေးအကျဉ်းများဖြင့် အလုပ်လျှောက်ပေးပို့ခဲ့သော်လည်း ကုမ္ပဏီ ၃ ခုသာ နောက်ဆုံးအင်တာဗျူးကို သွားနိုင်ခဲ့ပါတယ်။သူတို့ထဲကမှ တစ်ခုကအလုပ်ကမ်းလှမ်းချက်ရခဲ့ပါတယ်။
ဒါပေမယ့် စာချုပ်ပါစည်းကမ်းချက်များကိုတော့ အနည်းငယ်စိတ်ပူမိတယ်လို့ဆိုပါတယ်။အဲဒီနောက် သူမ ဆက်ပြီးအလုပ် လျှောက်ထားပေမယ့် ဘယ်ကမှ အလုပ်ရတာကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
Aprilလမှာ လွှဲပြောင်းရရှိခဲ့တဲ့ လစာမှာယန်း ၂၇၀,၀၀၀ ဖြစ်ပါတယ်။ သို့သော်မေလတွင် လုပ်ငန်းရပ်ဆိုင်းခြင်းကြောင့် ယန်း ၁၃၀,၀၀၀ သာ ရှိပါတော့တယ်။
အဲနောက်ပိုင်မှာတော့ သူမရဲ့ ဝင်ငွေဟာ 0 ဖြစ်လာပါပြီ။လူနေမှုကုန်ကျငွေရရန်အတွက်လည်း ဓမ္မဆရာအလုပ်၊ အိမ်ဖော်ကဖေး၊ ရုပ်ပိုင်းဆိုင်ရာအလုပ်သမားများထံမှ အချိန်ပိုင်းအလုပ်တစ်ခုကိုလည်းလျှောက်ခဲ့ပါတယ်။ဒါတောင်မှ တော်တော်နဲ့ အလုပ်မရှိသေးပါဘူး။
သူမ နောက်ဆုံးတော့ အလုပ်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ အဲဒီအလုပ်ကတော့ Girls Bar ဆိုတဲ့ မိန်ကလေး ဘား ဖြစ်ပြီး ထိုနေရာသို့သွားရန် တစ်နာရီကျော်ကြာပါတယ်။လုပ်ခ ယန်း ၁၃၀၀၎င်းသည် စျေးပေါသောညပိုင်းအလုပ်ဖြစ်ပါတယ်၊ သို့သော်ဝယ်သူတွေအတွက် သူမက အချိုရည်များကို အော်ဒါပြန်ပို့ခြင်းဖြင့် တစ်နေ့လျှင်ယန်း ၁၀၀၀၀ မှ ၁၅၀၀၀ အထိရရှိခဲ့ပါတယ်။
အလုပ်တစ်ခုရထားတယ်ဆိုပေမယ့် ဘယ်အချိန်မှာ အလုပ်ထုတ်ပစ်မလဲဆိုတာတော့ မသိပါဘူး။
စားဝတ်နေရေးအတွက်တော့ အသက်ဆက်နေရတာပေါ့။အပြင်စာမစားပဲ၊ စူပါမားကတ်မှ အထူးရောင်းတဲ့ ငါး၊ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို ၀ယ်ပြီး Kare ဟင်းအဖြစ်ချက်ကာ နဲနဲစီခွဲထားပြီး အေးခဲထားပါတယ်။နွေးပြီးစားရုံပေါ့။
သူမ အပြင်ရောက်နေတဲ့ အချိန် ဗိုက်အရမ်းဆာလာတဲ့အခါ သည်းမခံနိုင်တော့တဲ့ အဆုံး ရေအများကြီးသောက်ပြီး နေတယ်လို့ ဆိုပါတယ်။ရေချိုးဇလုံနဲ့ ရေချိုးတာကိုရပ်လိုက်ပြီး Shower ရေချိုးတာပဲ ပြုလုပ်ပါတော့တယ်။
ဒါဟာလည်း ကုန်ကျစရိတ်သက်သာစေပါတယ်။ညနေ ၆ နာရီမှ မနက် ၅ နာရီထိအလုပ်လုပ်ရတဲ့ သူမက တော့ နေ့ခင်း အချိန်မှာ အလုပ်ပင်ပန်းတာကြောင့် အချိန်တော်တော်များများအိပ်တယ် လို့ဆိုပါတယ်။
ယခုနှစ် ယခုအချိန်မှာတော့ ရထားတဲ့အလုပ်ကို ကျွန်ုပ်ဘဝတွင်အကောင်းဆုံးလုပ်ဆောင်မည်ဖြစ်ပြီး လာမည့်နှစ်မှ အလုပ်တစ်ခုရှာဖွေမယ်လို့ တွေးထားပါတယ်။ ဒါပေမယ့်လည်း ထိုသို့သော အလုပ်ကိုလုပ်ပြီးနောက် နောက်အလုပ်တွေကို လည်း ရှာနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကတော့ ခေါင်းထဲက ထုတ်မရဘူးလို့ ဆိုပါတယ်။
လုပ်ဖော်ကိုင်ဖက်ဟောင်းတွေထဲမှာတော့ သူမလိုမျိုးပဲ အလုပ်မှထုတ်ပယ်ခံရတဲ့ သူတွေရှိပြီး အဲဒီသူတွေကတော့ တိုကျိုမြို့ရှိ သူတို့ရဲ့ အလုပ်တွေကိုစွန့်လွှတ်ပြီး သူတို့ရဲ့ မွေးရပ်မြေသို့ ပြန်သွားတာတွေရှိသော်လည်းပဲ သူမကတော့ ကျိန်ဆိုကျိန် သူမရဲ့ နယ်ကိုတော့ လုံးဝပြန်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ကျေးလက်ဒေသကိုပြန်သွားရင်တောင် ကျွန်မရဲ့ အလုပ်ရွေးချယ်မှုက ပိုပြီး ကျဉ်းပါလိမ့်မယ်။ပျင်းစရာကောင်းတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့လူကြီးတွေပဲရှိတယ်။
ငါ့မှာညီမလေးတစ်ယောက်လည်းရှိတယ်။ တိုကျိုမှာ ကြိုးစားအလုပ်လုပ်ပြီးနေနိုင်တယ်။ယခုအချိန်အထိ သူမက သူမကိုယ်ပိုင်ဘဝလမ်းစဉ်ကို ဆုံးဖြတ်ထားပြီး အခက်အခဲများရှိသော်ငြားလည်း ဇွဲမလျော့တဲ့ သူမရဲ့ စိတ်ကတော့ လေးစားဖို့ကောင်းပါတယ်။
ဒီလိုပဲပြောပြရင်းနဲ့ သူမရဲ့ လုပ်ငန်းခွင် Girl Bar ကို အလုပ်လုပ်ဖို့ ဦးတည်သွားပါတော့တယ်။သူမရဲ့ မာနနဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်ကတော့ မခေပါဘူး။
သူမ ဒီအခက်အခဲကို အတတ်နိုင်ဆုံး ကျော်လွှားပြီး ပျော်ရွှင်စွာနေနိူင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
Kengo Abe