လူတွေကိုသစ္စာမဖောက်တာက နောက်ဆုံးမှာထိုက်တန်တဲ့အကျိုးကိုရရှိနိုင် !!!!!

အခြားသူများထက် ပိုက်ဆံချမ်းသာသူဖြစ်ချင်တယ်။ လူတွေကိုပျော်စေချင်တယ်။ မိမိ company ကို နှစ် ၁၀၀ အထိတည်တံ့ချင်တယ်။
လူသားတွေရဲ့ ရည်မှန်းချက်ဆန္ဒက လူတွေတစ်ယောက်နဲ့တစ်ယောက်လိုက်ပြီး ကွာခြားတယ်လို့ထင်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်တွေရှိပါစေ အရေးကြီးတာက လူတစ်ဦးနဲ့တစ်ဦး Relationships ပဲဆိုတာကို မမေ့လိုက်ပါနဲ့..
အကြောင်းကိစ္စအနည်းငယ်ကိုကြည့်ရအောင်
လက်တွေ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။

 

၁။ Australia သွားခဲ့တာမဟုတ်ဘူးလာ?

 

 

https://us.123rf.com/450wm/zdeneksasek/zdeneksasek1903/zdeneksasek190300142/119729576-stock-vector-cartoon-stick-figure-drawing-conceptual-illustration-of-two-men-or-businessmen-or-politicians-handsh.jpg?ver=6

ကျွန်တော် ကုမ္ပဏီမှာရှိတဲ့ System development ဝန်ထမ်းက တစ်နေ့တော့ အလုပ်ထွက်ချင်တယ်လို့ပြောလာခဲ့ပါတယ်။
အကြောင်းရင်းကိုမေးလိုက်တဲ့အချိန် Australia မှာ ဘာသာစကားလေ့လာဖို့သွားကိုသွားရမယ်လို့ အဖေဆီကနေပြောခြင်းခံရတာကြောင့် လို့‌ပြောလာခဲ့ပါတယ်။
ရုတ်တရက်ကြီးဖြစ်လွန်းတာကြောင့် ကုမ္ပဏီအတွက် အရမ်းကိုစိတ်အနှောက်အယှက်ဖြစ်ရတဲ့အပြုအမှုပါပဲ။

ဒါပေမဲ့ အခုကနေစပြီး သူ့ရဲ့တိုးတက်မှုအတွက်ပဲလို့တွေးကာ ကျွန်တော်ပျော်ရွှင်စွာနဲ့ပဲ ခွင့်ပြုလိုက်ပါတယ်။

သို့သော်……သူရှိနေပါတယ်…..ဒီမြို့မှာ…..

အလုပ်ထွက်ဖို့ လိမ်ပြောရလောက်တဲ့အထိမလိုပါဘူး…..
လိမ်လိုက်မယ်ဆိုရင်တော့ ဒီမြို့မှာဆက်နေဖို့ ပုန်းလျှိုးကွယ်လျှိုးမနေရင်မရတော့ပါဘူး။ နောက်ပြီး အခုလို ထိပ်တိုက်တွေ့မိပြီဆိုရင် သူ့အပေါ်ယုံကြည်မှုတွေ လုံးဝ သုံညအတိဖြစ်သွားပါတယ်။
အခုကနေစပြီး သူ့ရဲ့ဘဝထဲမှာ ကျွန်တော်ရဲ့ အသိအကျွမ်းတွေအများအပြားပတ်သက်မယ်မဟုတ်လား…

စကားမစပ် ကျွန်တော်မှာ အဲ့ဒီလောက်အထိ ကျယ်ပြန့်တဲ့လူတွေရဲ့ Relationships တွေရှိနေတယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။

ဒါပေမဲ့ 2001 ခုနှစ်လောက်က ကိုရီးယားနိုင်ငံရဲ့ကုမ္ပဏီနဲ့ဖက်စပ်လုပ်ကိုင်ခဲ့တဲ့အချိန် သူနဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲ 2013 ခုနှစ် Vietnam နိုင်ငံရဲ့ Ho Chi Minh မြို့မှာ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ပါတယ်။
ဂျပန်နဲ့ကိုရီးယားမှာ အသီးသီးအလုပ်လုပ်နေကြတဲ့ ကျွန်‌တော်တို့ ၂ ယောက်၊ လုံးဝသီးခြားနိုင်ငံကိုယ်စားပြုအနေနဲ့တွေ့ဆုံခဲ့တာက မဖြစ်နိုင်တဲ့တိုက်ဆိုင်မှုလိုပါပဲ။
သို့သော် ဒါဟာ တကယ်ပါ…
လောကကြီးဟာ အားလုံးထင်ထားတာထက်ပိုပြီး ကျဉ်းပါတယ်။

………………

၂။ လူတွေကိုစိတ်ရင်းနဲ့ပေါင်းသင်းမယ်ဆို မပြတ်နိုင်တဲ့ဆက်ဆံရေးတွေပေါက်ဖွားလာမယ်။

 

 

 

https://us.123rf.com/450wm/sariusandserius/sariusandserius1601/sariusandserius160100068/51548147-stock-vector-happy-heart-characters-giving-five-best-friends.jpg?ver=6

အလုပ်မှာယုံကြည်ခြင်းခံရတာကြောင့် အရင်ဆုံးအလုပ်ကို ပြီးစီးစေတယ်။
အလုပ်ချည်းသာလျှင်လုပ်နေမယ်ဆို လူတစ်ဦးနဲ့တစ်ဦးကြား Relationships ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
ကျွန်‌တော် အင်တာနက်ဆက်သွယ်မှု Development company မှာရှိခဲ့တဲ့အချိန်၊ Customer တစ်ဦးနဲ့ အကောင်းဆုံးတွေ့ဆုံမှုရှိခဲ့ပါတယ်။

Customer ကတော့ ဂျပန်ရဲ့အကြီးဆုံး online shopping လုပ်ငန်းကပဲဖြစ်ပါတယ်။
သူဟာ အဲ့ဒီကုမ္ပဏီရဲ့ ဌာနခွဲအသစ်မှာ အင်တာနက်ပေါ် အခြားသောလုပ်ငန်းအသစ်ကို ပြုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ System Development ကိုတောင်းဆိုဖို့ ဆက်သွယ်လာခဲ့တာပါ….

ကျွန်‌တော်က public ရော၊ private အနေနဲ့ရော၊ အင်တာနက်လောကမှာ အတော်လေးလူရည်လည်နေပြီဖြစ်တာကြောင့် ဘယ်လိုလေးလုပ်လိုက်ရင်ကောင်းမလဲ ဆိုတဲ့ဆုံးဖြတ်မှုမှာ Customer ထက် ကျွမ်းကျင်တယ်လို့ ထင်ပါတယ်။
ဒါဟာ မိမိကိုယ်ကို Professional အနေနဲ့ မြင်ခြင်းလို့ ထင်သလိုပဲ၊ အဲ့ဒီအတွက် အလေးအနက်ဆက်ပြီးလေ့လာမှုတွေ လုပ်နေပါတယ်။

Customer ရဲ့ အိုင်ဒီယာက လက်ရှိတစ်ခုတည်းဖြစ်တာကြောင့်၊
ဒီလိုလုပ်လိုက်တာကစိတ်ဝင်စားဖို့မကောင်းဘူးလာ? ဆိုပြီးအကြံဉာဏ်တွေကို သူ့အားပြန်ထုတ်စေခဲ့ပါတယ်။
အဲ့ဒီကနေစပြီး Customer နဲ့ဆက်ဆံမှုနက်ရှိုင်းလာခဲ့ပါတယ်။…….

ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ သူဟာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆုံးသွားခဲ့ပါတယ်။
မဆုံးခင်‌လေးမှာပဲ သူ ကျွန်တော်ကိုခေါ်ပြီးတွေ့ဆုံခဲ့တဲ့အချိန် ဒီလိုပြောခဲ့ပါတယ်။

“ ကျွန်‌တော်ရဲ့ လုပ်ငန်း အောင်မြင်ဖို့ အလုပ်ပြောင်းလာပေးပါ။ ကျွန်တော်ရဲ့ နောက်ဆုံးဆန္ဒပဲ”

လို့….

ကျွန်‌တော်လည်း အဲ့ဒီအချိန်အလုပ်လုပ်နေတဲ့ကုမ္ပဏီမှာ အလုပ်အမှုဆောင်တစ်ယောက်ဖြစ်နေတာကြောင့် ချက်ချင်းမလှုပ်ရှားနိုင်သလို၊ သူ့ ဆန္ဒကိုနားထောင်ဖို့မတတ်နိုင်ခဲ့ပေမဲ့၊ ဈာပနာမှာတော့ အမျိုးသမီးဖြစ်သူဆီကနေ ဒီလိုစကားကိုကြားခဲ့ရပါတယ်။

“ အမြဲတမ်း Abe စံရဲ့စကားတွေမှာ ပျော်နေပုံပေါက်ခဲ့တာလေ ”

စိတ်ရင်းနဲ့ပေါင်းသင်းခဲ့တဲ့အကျိုး၊ လူတစ်ဦးနဲ့တစ်ဦး Relationships တည်ဆောက်နိုင်ခဲ့ပါတယ်။
သူတစ်ဦးတည်းမဟုတ်၊ အခြားသော Customer တွေကိုလည်းဒီအတိုင်း စိတ်ရင်းနဲ့ပေါင်းသင်းတဲ့ရလဒ်အနေနဲ့ ယခုအချိန်ထိ အားလုံးနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုဆက်ပြီးထိန်းသိမ်းလျက်ရှိ ပါတယ်။

သေချာတာကတော့ ငွေပမာဏထက်ကျော် ပြီးအလုပ်လုပ်နေတဲ့ တကယ်ကစားပွဲကြီးဖြစ်သော်လည်း အဲ့ဒီရလဒ်က ကြာရှည်တဲ့ပေါင်းသင်းဆက်ဆံမှုကိုတည်ဆောက်နိုင်လိုက်ပြီး၊ totally ဝင်ငွေလည်းတိုးလာမယ်လို့ ထင်ပါတယ်။

 

၃။ လူကိုအရင်ဆုံးယုံကြည်ပြီးနောက် ဆုံးဖြတ်ချက်ကိုသေသေချာချာချပါ။

 

https://res.cloudinary.com/teepublic/image/private/s–XlMSZr-S–/t_Resized%20Artwork/c_fit,g_north_west,h_954,w_954/co_ffffff,e_outline:48/co_ffffff,e_outline:inner_fill:48/co_ffffff,e_outline:48/co_ffffff,e_outline:inner_fill:48/co_bbbbbb,e_outline:3:1000/c_mpad,g_center,h_1260,w_1260/b_rgb:eeeeee/c_limit,f_jpg,h_630,q_90,w_630/v1571621659/production/designs/6403649_0.jpg

အရင်ဆုံး လူကိုယုံကြည်ပြီး စိတ်ရင်းနဲ့မပေါင်းကြည့်ဘူးဆို တစ်ဖက်လူကဘယ်လိုလူလဲဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။
သို့သော် ပေါင်းကြည့်ရင်းနဲ့ သေချာပေါက် သတိလည်းထားသင့်ပါတယ်။
ဒီလူဟာ ယုံလို့မရနိုင်ဘူးလို့ ဆိုတာတွေရော….

တစ်ဖက်လူကလည်း လူသားပင်ဖြစ်တာကြောင့် စဥ်းစားပုံကအမျိုးမျိုးရှိပါတယ်။
စိတ်သဘောထားမတိုက်ဆိုင်တဲ့လူလည်းရှိမှာဖြစ်သလို၊ ကြိုးစားပမ်းစားတုံ့ပြန်တဲ့အရာကို အသိအမှတ်မပြုတဲ့လူတွေလည်းရှိမှာပါ…..
အဲ့ဒီလူတွေနဲ့ ပေါင်းသင်းဖို့နည်းလမ်းက အဲ့ဒါနောက်ပိုင်း ကန့်သတ်စည်းလုပ်လိုက်ပါ။

အလုပ်ဖြစ်တဲ့အတွက် ငြင်းလိုက်ရမှာကလည်း နှမြောဖို့ကောင်းပါတယ်။
အလုပ်အကြောင်းအရာကတိုက်ဆိုင်တာကြောင့် အလုပ်လက်ခံပြီးငွေရမယ်ဆိုကောင်းပေမဲ့၊ အလေးအနက်ကိုတုံ့ပြန်သော်လည်း လက်ပေါက်ကပ်တဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာတော့ အလယ်အလတ်လောက်သာလျှင်ပေါင်းပါ…

customer တစ်ဦးချင်းစီက သင့်အပေါ်မှာ မတူညီကြတဲ့ Sense of distance တွေရှိကြပါတယ်။ ဒါကိုအသေအချာလေး သတိထားပါ။

စကားမစပ် ကျွန်တော်တို့ကုမ္ပဏီရဲ့ နာမည်ကို DiSTANCE လို့မည့်ထားပါတယ်။
ဒါပေမဲ့ ကုမ္ပဏီနာမည်ရဲ့အဓိပ္ပါယ်ကတော့ customer ၊ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး၊ လက်အောက်ငယ်သား၊ အားလုံးသော customer …. ဒါတွေတစ်ခုချင်းစီရဲ့ အရေးကြီးတဲ့ Sense of distance ကိုမမှားစေဖို့ ဆိုတဲ့အဓိပ္ပါယ်ကိုထည့်ထားခြင်းပဲဖြစ်ပါတယ်။
ဒါဟာ အလုပ်အတွက်ပဲမဟုတ်၊ မိသားစု, ရင်းနှီးတဲ့မိတ်ဆွေ၊ ချစ်သူတွေမှာလည်း အတူတူပဲဖြစ်ပါတယ်။

“ လိုတာထက်ပိုပြီး ဝေးနေမယ်ဆို တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်က နားမလည်နိုင်သလို၊
တစ်ဖက်လူကိုမလိုချင်တော့လောက်တဲ့အထိ အရမ်းနီးနေမယ်ဆိုလည်း စိတ်အနှောက်အယှက်ဖြစ်သွားရလိမ့်မယ်။”

 

 

၄။ သေးငယ်တဲ့မကောင်းမှုဆိုသော်လည်း လူကိုပျက်စီးစေတယ်။

 

https://i2-prod.mirror.co.uk/incoming/article8784256.ece/ALTERNATES/s615b/Grumpy-Dog.jpg

 

ဆိုင်ကပစ္စည်းကို တိတ်တဆိတ်ယူလာတာတို့၊ လူမမိမချင်း သေးငယ်တဲ့မကောင်းမှုကို ထပ်ခါတလဲလဲလုပ်နေမိလား?
ဒီလို မကောင်းမှုသေးသေးလေးတွေလုပ်နေတဲ့လူတွေကို တကယ်ကပတ်ဝန်းကျင်မှာ မကြာခဏတွေ့ရပါတယ်။
ကာယကံရှင်တော့ သူကိုယ်တိုင်သိမှာမဟုတ်ပါဘူး……

ပတ်ဝန်းကျင်ကသတိမထားမိအောင် တိတ်တဆိတ်လုပ်မယ်ဆိုရင် အလုပ်ကိုလည်းကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး….
ဟုတ်ပါတယ် လေးလေးနက်နက် အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး…..

ဒါဆို သင်ဟာ 300usd တန်ပစ္စည်းကို အိမ်ပြန်ယူလာပြီး ပျော်နေတယ်ဆိုပါစို့….
သင်ရလိုက်တဲ့အမြတ်က 300usd ပေါ့… ပစ္စည်းကိုမခိုးတဲ့လူကတော့ ရှုံးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

သို့သော် အလုပ်ကိုပဲတည်ကြည်စွာနဲ့အာရုံစိုက်တဲ့လူက လုပ်ငန်းရဲ့အရည်အသွေးတွေတိုးတက်လာပြီး၊ customer ဆီကရရှိတဲ့တန်ဖိုးတွေလည်း မြင့်တက်လာပါတယ်။
ကုမ္ပဏီအနေနဲ့လည်း customer ကို စိတ်ကျေနပ်မှုအပြည်ပေးနိုင်တဲ့ အလုပ်သမားကို ကုမ္ပဏီကနေမထွက်စေချင်ဘူး။
လခလည်းတိုးပေးမှာသေချာပါတယ်။
အားလပ်ရက်တွေမှာ 500usd、1000usd အထိ မြင့်တက်လာမှာ လုံးဝအံ့သြစရာမဟုတ်ပါ…
လတိုင်း ငွေပမာဏဟာ ဒီလိုကွဲပြားလာမယ်လေ ?…..

 

တစ်ဖက်မှာလည်း သေးငယ်တဲ့အစွန်းအမြတ်ကိုပဲရှာဖွေနေတဲ့လူက ကုပ်ချောင်းကုပ်ချောင်းနဲ့ပဲလုပ်နေတာကြောင့် အလုပ်မှာ skill မတက်လာပါဘူး။
လခလည်းမတိုးဘဲ နောက်ဆုံးမှာ အလုပ်ပြုတ်သွားမလားမသိနိုင်ပါဘူး။
အရည်အချင်းမရှိတဲ့အခြေအနေနဲ့ အခြားကုမ္ပဏီကိုပြောင်းသွားလည်း ပိုပြီးနားရမှာတောင်မဟုတ်ပါဘူး။
ခြုံပြီးကြည့်လိုက်ရင် ဘယ်သူက ပိုပြီးမြတ်သလဲ?

 

ဂျပန်ရဲ့စကားပုံမှာ 急がば回れ Isogabamaware ဆိုတဲ့စကားလုံးရှိပါတယ်။

အလျင်လိုနေတဲ့အချိန် ပြာယာမခပ်ဘဲ မှန်ကန်တဲ့လမ်းကိုလျှောက်ပါဆိုတဲ့အဓိပ္ပွါယ်ပဲဖြစ်ပါတယ်။
မျက်စိရှေ့မှာရှိတဲ့ အစွန်းအမြတ်တွေကိုသာကြည့်ပြီး၊ ရူးမိုက်တဲ့လုပ်ရပ်တွေကြောင့် တစ်ဖက်ရဲ့ယုံကြည်မှုတွေဆုံးရှုံးကာ
ဘဝမဆုံးသွားရစေနဲ့နော်……..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: