“Go To campaign” ကိုဆန့်ကျင်လက်မှတ်ထိုးကြသူ လူ ၁ သိန်းနဲ့အထက်ရှိလာ….!!!

ယခုလ ၂၂ ရက်နေ့ကနေစပြီးအကောင်အထည်ဖော်မယ့် “Go To campaign” အစီအစဥ်နဲ့ပတ်သက်ပြီး၊ အင်တာနက်ရဲ့ လက်မှတ်ထိုးတဲ့ site ပေါ်မှာ အခိုင်အမာကိုဆန့်ကျင်ကြတဲ့လူတွေရဲ့ လက်မှတ်က ၁ သိန်းနဲ့အထက်ကိုရောက်ရှိလာပါတယ်။

လက်မှတ်ထိုးဖို့စီစဥ်ခဲ့သူက NHK ရဲ့ Interview မှာ “ စီးပွားရေး လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်တဲ့သဘောတော့မဟုတ်ပေမဲ့၊ ကူးစက်မှုပျံ့နှံ့နေတဲ့ လက်ရှိအချိန်က လုပ်ဖို့မသင့်တော်ဘူးလို့” ပြောခဲ့ပါတယ်။

 


https://www3.nhk.or.jp/news/html/20200716/k10012518831000.html?utm_int=news-life_contents_list-items_001

 

အဲ့ဒီလှုပ်ရှားမှုက အင်တာနက်ရဲ့ 「Change.org」 လို့ခေါ်တဲ့ site မှာ လက်မှတ်ထိုးရတာဖြစ်ပြီး ၊ မြို့တွင်း ၁ ရက် ကူးစက်သူ ၂၀၀ ကိုကျော်လာတဲ့အပေါ်၊

“ ဒီအချိန်မှာ “Go To campaign” ရဲ့အကောင်အထည်ဖော်မှုကို ရပ်တန့်ဖို့ရယ်၊ အဲ့ဒီဘတ်ဂျက်ငွေကို ဆေးကုသမှုပေးတဲ့နေရာတွေနဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးတဲ့ဒေသတွေကိုပဲ ထောက်ပံ့ကယ်ဆယ်ရေးတွေလုပ်ပါ”

.. ဆိုပြီးတောင်းဆိုထားပါတယ်။

 

ဒီပုဂ္ဂိုလ်ရဲ့ပြောပြချက်အရ
ဒီလ ၁၁ ရက်နေ့ site ပေါ်မှာ personally ပဲ တင်လိုက်တဲ့အခါ ၁ ရက်ကို ၁ သောင်းစီ စုဝေးလာပြီး၊ ၁၅ ရက်နေ့ကနေ မြန်မြန်ဆန်ဆန်ပဲ လူဦးရေမြင့်တက်လာကာ ၁၆ ရက်နေ့ နေ့ခင်း ၂ နာရီအချိန်ဝန်းကျင်လောက်မှာတော့ လက်မှတ်ထိုးသူ လူ ၁ သိန်းအထက် ကျော်သွားပါတယ်။

လက်မှတ်ထိုးဖို့စီစဥ်ခဲ့သူက NHK ရဲ့ Interview မှာ

“ စီးပွားရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်တာမဟုတ်ပေမဲ့၊ အချိန်ကာလနဲ့လိုက်လျောညီထွေမှုပြဿနာရှိပါတယ်။ အကယ်၍ ခရီးထွက်ပြီး အဲ့ဒီဒေသမှာ ကူးစက်မှုပြန့်နှံ့သွားပြီဆို၊ လည်ပတ်လျှောက်သွားဖို့နေနေသာသာ ကြီးမာတဲ့ပေါက်ကွဲမှုလိုဖြစ်ပြီး၊ အဆုံးမှာ မနိုင်မနင်းတွေဖြစ်ကုန်မယ်လို့ထင်ပါတယ်။

နည်းတယ်ဆိုပေမဲ့ ကူးစက်မှုပြန့်နှံ့နေတဲ့လက်ရှိအချိန်က လုပ်ဖို့မသင့်တော်ဘူး..
ခရီသွားလုပ်ငန်းနဲ့စပ်ဆက်တဲ့ ကုမ္ပဏီရဲ့ တိုက်ရိုက်အကျိုးခံစားခွင့်တွေကိုလည်း စဥ်းစားဖို့မသင့်တော်သေးဘူးမဟုတ်လား”

 

ဆိုပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစွာနဲ့ ပြောသွားခဲ့ပါတယ်။

 

ကဲ..JAPO ရဲ့စာဖတ်ပုရိသတ်တို့ရေ…!!!!
“Go To campaign” ဆိုတာကတော့ ဂျပန်အစိုးရနဲ့ ခရီးသွားကုမ္ပဏီတို့ ပူးပေါင်းပြီးပြုလုပ်တဲ့ Travel campaign ပဲဖြစ်ပါတယ်။ …

ကိုရိုနာရဲ့ သက်ရောက်မှုကြောင့် ခရီးသွားဒေသတွေမှာ လည်ပတ်သူမရှိတော့ဘဲ၊ ခရီသွားလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေဟာလည်း စီးပွား‌ရေးအကြပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ခရီးသွားလုပ်ငန်းပြန်လည်ပတ်နိုင်စေဖို့အတွက် ခရီးသွားကုမ္ပဏီဟာအစိုးရနဲ့ပူးပေါင်းပြီး ၂ ဦးအကျိုးတူအနေနဲ့ ဒီ campaign ကိုလုပ်လိုက်ရခြင်းပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ခရီးသွားသူတွေကြောင့် ကိုရိုနာပြန့်နှံ့မှုကိုအားပေးနေသလိုဖြစ်ပေမဲ့၊ Hotels, restaurants နဲ့ tourism တွေကတော့ လည်ပတ်ခရီးသွားမယ့်သူတွေကို စောင့်မျှော်နေကြပါတယ်။
(စီးပွားရေးကြောင့် ကျန်းမာရေးအတွက်တောင် မကြည့်နိုင်တော့ပါဘူး..!!!!!)

ဒီ campaign နဲ့ပတ်သက်ပြီး အများပြည်သူရဲ့ဆန္ဒကတော့ အပေါ်မှာပြောသွားခဲ့သလိုပဲ….
လက်ရှိအချိန်ကမသင့်တော်သေးတဲ့အတွက် သဘောမတူတဲ့လက်မှတ်တွေထိုးနေကြပါပြီ  !!!…..

ဒါနဲ့ပတ်သက်ပြီး စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ?….

ဂျပန်ပြည်ကြီး ကိုရိုနာအမြန်ဆုံးကင်းဝေးပါစေ…….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: