ပတ်ဝန်းကျင်ကိုပါ ဓါးစာခံလုပ်တဲ့ Murder–suicide !!!!

၂၀၂၀ ခုနှစ် ၅ လပိုင်း၊ Fukuoka စီရင်စုမှာ ပြင်းထန်တဲ့ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
၁ နာရီကို ၁၀၀ ကီလိုမီတာထက်ကျော်တဲ့အရှိန်နဲ့ပြေးလာတဲ့ကားနဲ့ နောက်ထပ်ကားတစ်စီးတို့ဟာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ……
ယာဥ်မောင်းသူ ၂ ဖက်စလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

 

https://news.yahoo.co.jp/articles/be6bc7fdcc5d82380ecbd9d5c6e7d5955d8e8bfb

၁ နာရီကို ၁၀၀ ကီလိုမီတာထက်ကျော်တဲ့အရှိန်နဲ့ လမ်းပြောင်းပြန်ကြီးမောင်းနှင်လာမယ်လို့ ရှောင်ပြေးလို့လည်း မလွတ်နိုင်တော့ပါဘူး။ အကြောင်းရင်းကိုရှာကြည့်လိုက်တဲ့အခါ ထူးဆန်းတာကိုတွေ့ခဲ့ရပါတယ်။

ဒီလိုပုံမုန်မဟုတ်တဲ့အရှိန်နဲ့ထွက်လာတဲ့ကားရဲ့ handle မှာ မီးဖို‌ချောင်သုံးဓါးကိုတပ်ဆင်ထားခဲ့တယ်။
ဒါဘာကိုဆိုလိုချင်တာလဲ ရဲဌာနရဲ့အချိန်ယူကာစုံစမ်းစစ်ဆေးမှုအပြီးမှာတော့ ကြည့်ရတာ suicide ကိုသေချာဖို့အတွက် လုပ်ထားတာပဲဆိုတာကို နားလည်လိုက်ရပါတယ်။

ယာဉ်တိုက်မှု ထို့အပြင်ဒီအရှိန်နဲ့ပြေးမယ်ဆို ပွဲချင်းပြီးသေကြတာများပေမဲ့ ၁၀၀ ရာခိုင်းနှုန်းပွဲချင်းပြီးကြတာမဟုတ်ပါဘူး။
ဒါကိုသေချာဖို့အတွက် handle မှာ ဓါးကိုတပ်ဆင်ထားပြီး ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထပ်ပြီးဓါးထိုးခံရမှုနဲ့ အမှန်အကန်ကို သေမှာပဲမဟုတ်လား…

ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့ suicide မှာ သားကောင်းဖြစ်ခဲ့ရတဲ့ တစ်ဖက်လူအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ပြောရုံကလွဲပြီးမရှိတော့ပါဘူး…

ဒါပေမဲ့ ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့ suicide က ဒါပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး!!!!!

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ၇၁ နှစ်အရွယ်အမျိုးသားဟာ suicide လုပ်ဖို့ဆုံးဖြတ်ပြီး ကျည်ဆန်ရထားထဲမှာ သူ့ကိုယ်သူမီးရှို့ခဲ့ပါတယ်။
ကာယကံရှင်ကသေသွားတဲ့အတွက် အသေးစိပ်ကိုမသိရသော်လည်း၊ လူအမြောက်အများလိုက်ပါစီးနှင်းလာတဲ့ အမြန်ရထားထဲမှာ မီးလောင်သွားရင် ဒုက္ခအကြီးကြီးရောက်နိုင်ချေရှိတယ်ဆိုတာကို လူတိုင်းသိထားရပါတယ်။

ပတ်ဝန်းကျင်ပါဓါးစာခံဖြစ်မယ်ဆိုတာကိုမစဥ်းစားတော့ဘဲ အားလုံးကိုပါမီးရှို့ပစ်မယ်ဆိုတဲ့ အဲ့ဒီအမျိုးသားရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းခံစားရပါတယ်။

 

၂၀၁၉ ခုနှစ်၊ Kanagawa စီရင်စု Kawasaki မြို့မှာ မူလတန်း ကျောင်းကားစောင့်နေသူတွေကို ဘာမပြောဘာမဆိုနဲ့တိုက်ခိုက်ပြီး ၁၈ ယောက်ကို ဓါးနဲ့ထိုးခဲ့ပါတယ်။
၂ ယောက် သေဆုံးသွားပါတယ်။
နောက်ဆုံးမှာ ပြစ်မှုကျူးလွန်သူကိုယ်တိုင် သတ်သေခဲ့တဲ့အတွက် အကြောင်းအရင်းကိုမသိခဲ့ရပါဘူး…

အဲ့ဒီနေရာကနေလွတ်မြောက်သွားတဲ့ ကလေးတွေလည်း စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့သက်ရောက်မှုရသွားမှာပဲလို့ ယူဆနိုင်ပါတယ်။

ဒီလို ပတ်ဝန်းကျင်ကိုပါ ဓါးစာခံလုပ်တဲ့ သတ်သေခြင်းမျိုးကိုတော့ Murder–suicide (拡大自殺) လို့ခေါ်ပါတယ်။
လူ့အဖွဲ့အစည်းက မိမိကိုယ်ကိုသတ်သေတာကို ဆိုးရွားတယ်လို့ယူဆတာကြောင့်၊ လူ့ဘောင်လောကအတွက် သုံးသပ်မှုတစ်ခုအနေနဲ့ ဘာမှမဆိုင်တဲ့လူတွေကို ဓါးစာခံလုပ်ပြီး ကိုယ်ကိုကိုယ်အဆုံးစီရင်တဲ့ လူမဆန်စိတ်ပျက်ဖို့ကောင်းသူတွေ………

ဒါကတော့ ဂျပန်ရဲ့စီးပွားရေးကျဆင်းမှုဟာ နှစ်ရှည်လများဆက်တိုက်ဖြစ်သွားတဲ့အချိန်မှာပဲ ပေါ်လာတဲ့ ရာဇဝတ်မှုအသစ်တစ်မျိုးဖြစ်ပါတယ်။

suicide ဆိုတာကလည်း ပြဿနာကြီးတစ်ခုပါ
သို့သော် ပတ်ဝန်းကျင်ကိုပါ သားကောင်လုပ်လိုက်တာကတော့ လုံးဝခွင့်လွှတ်နိုင်စရာမရှိပါဘူး…..

သေချာပေါက် ဒီကိစ္စတွေရပ်သွားစေချင်သလို၊ အားလုံးလည်း ဒီလိုပုံစံနဲ့ဓါးစာခံမဖြစ်သွားရဖို့ သတိရှိကြပါနော်….
ကိုရိုနာသက်ရောက်မှုကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးကပ်ဆိုက်နေချိန်၊ ဒီလိုမှုခင်းတွေ များလာအုံးမလားလို့ စိုးရိမ်စိတ်တွေနဲ့တွေးနေမိပါတယ်။

အားလုံးဘေးကင်းကြပါစေ……..

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: