ဂျပန်လက်မှုပညာကိုလေ့ကျင့်ခြင်းက အဓိပ္ပါယ်ရှိပါသလား ?
ဂျပန်ဆူရှီစားဖိုမှူးတွေရဲ့ နည်းပညာဟာ ထူးခြားတယ်ဆိုတာ အရင်တုန်းကလည်း JAPO မှာအကြိမ်ပေါင်းများစွာရေးခဲ့ဖူးလို့ သိတဲ့သူတွေလည်း တော်တော်များများ ရှိမယ်ထင်တယ်နော်။
https://www.hatalike.jp/more/article/197/
ဂျပန်မှာတော့ ဆူရှီစားဖိုမှူးများသာမက အိမ်ဆောက်လုပ်တဲ့သူများနှင့် ခေါက်ဆွဲပြုလုပ်သောသူများမှာလည်း တူညီတဲ့ အဆင့်မြင့်နည်းစနစ်တွေရှိကြပါတယ်။
ဒီနည်းစနစ်တွေကိုစိတ်ဝင်စားပြီး ကမ္ဘာတစ်ဝှမ်းမှ လေ့လာသင်ယူဖို့ ဂျပန်သို့လာရောက်ကြတဲ့ သူတွေတော်တော်များများရှိပြီး လူငယ်အများစုမှာတော့ လေ့လာရတာ နာကျင်ရတယ်ဆိုပြီး ထွက်ခွာသွားကြပါတယ်။
ဆူရှီစားသောက်ဆိုင်မှာ အလုပ်ဝင်ရင် ပထမဆုံးလုပ်ရတာကသန့်ရှင်းရေးပဲ။
ဒါကိုပဲ ၂နှစ် ၃နှစ်လောက် ဆက်ပြီးလုပ်နေရမှာပါ။
အဲဒီနောက် ထမင်းချက်တာ၊ လက်ဖက်ရည်ထည့်ပေးတာ၊ ဆူရှီနဲ့ ဆိုင်တာတွေကို လုပ်လို့မရနိုင်သေးဘူး။
ဆူရှီကို ထိတွေ့ရတာကတော့ ပထမ ဦး ဆုံးအကြိမ် ဆိုင်မှာအလုပ်ဝင်ပြီး နောက် ၅ နှစ်မှ ၁၀ နှစ်အတွင်းလို့ပြောကြပါတယ်။
သေချာပေါက် သင်ဟာ ဆူရှိကျောင်းပြီးပြီးချင်းပဲ ဆူရှီကိုပြုလုပ်ခွင့်ပေးတဲ့ ဆိုင်တွေလည်း ရှိပါတယ်။
ဒါပေမဲ့ ပထမတန်းစား အဆင့်မြင့်စားသောက်ဆိုင်တွေကတော့ အရင်တုန်းကလိုပဲ အခုထိ အောက်ခြေမှ လေ့ကျင့်ရလေ့ရှိပါတယ်။
Ginza မှာအလားတူလုပ်နေတဲ့ဘားတစ်ခုရှိတယ်။
ပိုင်ရှင် Mr. Kishi သည် ၁၉၉၆ ခုနှစ်တွင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဖျော်ယမကာစပ်တဲ့သူအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
စားပွဲခုံသုံးခုသာရှိပြီး သေးငယ်တဲ့ဆိုင်လေး။
အဲဒီမှာ လေ့ကျင့်သင်ကြားနေတဲ့ ဖျော်ယမကာစပ် 5 ယောက် 6ယောက်လောက် ရှိပါတယ်။
ဒီဘားမှာပထမဆုံးလုပ်ရတာကတော့ ဖန်ခွက်ဆေးပါ။
၂ နှစ်ကြာဆေးကြောပြီးလျှင်တော့ ရေခဲကိုထိနိုင်ပါပြီ။
၎င်းသည် ရေခဲကို လှပသောအသွင်အဖြစ် ပြုလုပ်စေခြင်းဖြစ်ပါတယ်။
နေ့တိုင်းဘားတွင်လေ့ကျင့်နိုင်ပါတယ်။ ၅ နှစ်မှ ၆ နှစ်အကြာတွင်တော့ ကော့တေးပြုလုပ်နိုင်ပါတယ်။
သာမန်ဘားတစ်ခုကိုသွားရင်တော့ ထိုနေ့မှစပြီး ကော့တေးလုပ်လို့ရတာကတော့ သဘာဝကျပါတယ်။
ဒါပေမယ့် ဘားချင်းတော့ မတူပါဘူး။
ဂျပန်စတိုင်ရဲ့ လေ့ကျင့်မှုနည်းလမ်းသည် အခြေခံကျသောဆူရှီစားသောက်ဆိုင်နှင့် တူညီနေသောကြောင့်ဖြစ်ပါတယ်။
ဘာကြောင့်များ ဂျပန်မှာ ထိုကဲ့သို့သော သင်တန်းတွေရှိနေပါသလဲ ?
အဓိပ္ပာယ်မရှိဘူးလို့ ထင်တဲ့သူတွေလည်း များစွာရှိတယ်လို့ ကျွန်တော်ထင်ပါတယ်၊ သို့သော်၎င်းသည်အစဉ်အလာကိုထိန်းသိမ်းရန်လိုအပ်ပြီး ဒါ့ကြောင့်လည်း ဂျပန်ရဲ့ အရည်အသွေးကိုထိန်းသိမ်းထားနိုင်တာလို့ပြောလို့ရပါတယ်။
ဘားသို့လာတဲ့သူသည် သောက်ရန်အတွက်သာလာခဲ့သလား ?
ဒီလိုသာဆိုလျှင် အကောင်းဆုံးသော ချိန်ညှိချက်များရှိသောစက်ပေါ်တွင် ကော့တေးလုပ်ပြီးတော့သာ ရောင်းတော့မှာပေါ့။
သို့သော် ဤဘားသို့ လာတဲ့ ဧည့်သည်များရဲ့ ရည်ရွယ်ချက်တွေမှာတော့ အနည်းငယ်ကွဲပြားခြားနားပါတယ်။
ဆိုင်ရဲ့လေထုနဲ့ အပြင်အဆင်ကိုနှစ်သက်လို့၊ဖျော်ယမကာစပ်တဲ့သူနှင့်အတူ ပေါ့ပေါ့ပါးပါးစကားလက်ဆုံပြောရတာနှစ်သက်လို့ . . .
ဆိုင်ရဲ့ စွဲဆောင်မှုကိုတော့ စကားလုံးတွေနဲ့ ရှင်းပြလို့မရပါဘူး။
ဖန်ခွက်ကို အရောင်တင်ရင်း . . .
ရေခဲကို ပုံဖော်ထည့်ရင်း ဖျော်ယမကာစပ်တဲ့စီနီယာနဲ့အတူ စကားစမြည်ပြောမယ်၊ သူပြောတာလေးတွေ နားထောင်မယ်။
ဒီလိုနဲ့ ကိုယ့်ထဲမှာရှိတဲ့ စိတ်အခြေအနေကို သွတ်သွင်းနိုင်ပါတယ်။
ဒီလိုသေးငယ်တဲ့ တိုးတက်မှုလေးကနေမှ တကယ့်စစ်မှန်တဲ့ ပညာရှင် ဖြစ်လာတာကို ဖော်ထုတ်နိုင်ဖို့က အရေးကြီးပါတယ်။
ဒါပေမယ့် တိုးတက်မှုက အရမ်းကို နှေးကွေးတာဖြစ်လို့ လုပ်နေတဲ့သူကိုယ်တိုင်ကတော့ သတိမထားမိပါဘူး။
ကင်မရာထုတ်လုပ်သူတွေလို့ ပြောလိုက်ရင် ဂျပန်ရဲ့ CANON နှင့် NIKON တို့ကတော့ ကမ္ဘာကျော်ပါပဲ။
ဘာလို့လဲဆိုတော့ အလွန်မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ မှန်ဘီလူးများကိုထုတ်လုပ်နိုင်လို့ပါပဲ။
ဒီမှန်ဘီလူးတွေကို polishing လုပ်ပေးတာက စက်မှုပညာနဲ့မဟုတ်ပါဘူး။
လက်မှုပညာနဲ့ပါ။
ထို့အပြင် ဂျပန်ရဲ့ အံ့သြဖွယ်အကောင်းဆုံးသင်္ဘောတည်ဆောက်ရေးနည်းပညာတစ်ခုဖြစ်တဲ့အထဲမှာမှ အရေးအကြီးဆုံးက screw ဝက်အူ ဖြစ်တယ်လို့ဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ဂျပန် screw ဟာ ရေကို အမှိုက်မပါပဲစစ်ထုတ်ပေးတဲ့အတွက် ဆူညံသံမရှိပါဘူး။
ဒ့ါကြောင့် ၎င်းကိုရေငုပ်သင်္ဘောတွင် အသုံးပြုပါက ၎င်းကိုရှာဖွေရန်မဖြစ်နိုင်ပါဘူးတဲ့။
ထို့ကြောင့် ဒီဂျပန် စကူတွေဟာ အချိန်ကြာမြင့်စွာ တင်ပို့မှုကိုကန့်သတ်ထားသည့် အစိတ်အပိုင်းတစ်ခုဖြစ်နေရတာပါ။
ဒီစကူဝက်အူတွေကိုတော့ စက်များဖြင့် ပြုလုပ်၍ မရပါ၊ နောက်ဆုံးလုပ်ငန်းစဉ်မှာ လက်မှုပညာရှင်များရဲ့လက်ဖြင့် ပြုလုပ်ရန်လိုအပ်ပါတယ်။
ဘာကိုပဲဖြစ်ဖြစ် တီထွင်နိုင်တဲ့ အော်တိုမတ်တစ် စက်တွေ အများကြီး တီထွင်နိုင်တဲ့ စက်မှုထွန်းကားတဲ့ ဂျပန်နိုင်ငံဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စက်နဲ့လုပ်မရနိုင်တဲ့ လက်မှုပညာတွေရဲ့ အရေးပါမှုနေရာဟာလည်း အရမ်းကို ကြီးမားပါတယ်။
ဒါ့ကြောင့် ဂျပန်တွေဟာ ဘာကြောင့် လက်မှုပညာကို တန်ဖိုးထားလည်းဆိုတာ နားလည်နိုင်မယ်ထင်ပါတယ်။သင်ယူလေ့လာခြင်းထက် သင်ယူလေ့ကျင့်ပါ။
ဒါကတော့ ဂျပန်ရဲ့ လက်သုံးစကားပါ။
ဂျပန်မှာဒီလို ရိုးရာလက်မှုပညာကို ဘယ်လိုပြုစုသလဲဆိုတဲ့ နည်းစနစ်တွေ သင်ရော ဘယ်လိုထင်သလဲ ?
Kengo Abe