ကုမ္ပဏီကြီးတွေမှာသာ အလုပ်လုပ်ချင်တာက အမှားကြီးတစ်ခုပါ..?!!!!!

တက္ကသိုလ်ကျောင်းသားတွေဟာ ဘွဲ့ရပြီးတဲ့အခါ ကုမ္ပဏီအလုပ်ဝင်ပြီး အလုပ်လုပ်ကြကာ အခြားလူတွေထက်ဝင်ငွေပိုရှာကြပါတယ်။

ဒါကိုမျှော်လင့်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေအများအပြားရှိမယ်လို့ထင်ပါတယ်။

သို့သော် သူတို့တွေအလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေက ဘယ်ဟာလဲဆိုတာကို သိကြပါသလား?

ဂျပန် တက္ကသိုလ်ကျောင်းသားရဲ့ အလုပ်အကိုင်ရှာဖွေမှု ranking အရ ဒါကတော့ Top 10 စာရင်းပဲဖြစ်ပါတယ်။

 


https://job.career-tasu.jp/2021/guide/study/ranking/1_1.html

 

1,東京海上日動火災保険(保険業)Insurance industry

2.損害保険ジャパン(保険業)Insurance industry

3.伊藤忠商事(商社)trading company

4.三井住友海上火災保険(保険業)Insurance industry

5.日本航空JAL(航空業) Aviation industry

6.全日本空輸ANA(航空業) Aviation industry

7.ソニー(家電、ゲーム、映画) Home appliances, games, movies

8.三菱商事(商社)trading company

9.サントリー(酒造)Sake brewing

10,トヨタ自動車(自動車製造)Car manufacturing

 

ဒီကုမ္ပဏီတွေမှာ အလုပ်ဝင်ခွင့်ရရင် နောက်ပိုင်းအောင်မြင်မှုပန်းတိုင်ဆီ တိုက်ရိုက်သွားနိုင်မယ်လို့ စဥ်းစားတဲ့လူတွေ၊ ……
အတွေးကတော့ ချိုမြိန်တယ်နော်……

လက်ရှိအချိန်လည်း ကိုရိုနာရဲ့သက်ရောက်မှုကြောင့် ဒီ ranking ရဲ့ အဆင့် ၅ နဲ့ ၆ နေရာမှာရှိတဲ့ JAL နဲ့ ANA ဟာအတော်လေးခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့ရပြီး၊ နောက်ပိုင်းဘယ်လိုဖြစ်သွားမလဲဆိုတာ မခန့်မှန်းနိုင်သလောက်ရှိပါတယ်။

ကုမ္ပဏီချင်းပေါင်းစည်းမယ်လို့ပြောသံတွေထွက်လာပေမဲ့၊ ပေါင်းစည်းမယ်ဆို ကုမ္ပဏီပြိုလဲစရာမရှိတော့သလို၊ ပိုလျှံတဲ့ဝန်ထမ်းတွေထွက်လာတာကြောင့် အချို့ အလုပ်ထွက်ဖို့တွန်းအားပေးခြင်းခံလာရပါတယ်။

ကုမ္ပဏီကြီးတွေကနေ အလုပ်ထွက်ရပြီး စိတ်သောကရောက်နေရတဲ့ လူတစ်ယောက်အကြောင်းကိုပြောပြပေးပါမယ်…..

လွန်ခဲ့တဲ့ ၂ နှစ်မတိုင်ခင်ကနေ အလုပ်လက်မဲ့အခြေအနေနဲ့ကြုံတွေခဲ့တဲ့ A ဆိုတဲ့ပုဂ္ဂိုလ်ဟာ အသက် ၄၉ နှစ်ရှိပါပြီ။

 

https://nikkan-spa.jp/1662517?cx_clicks_art_mdl=3_title

သူဟာအိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့သော်လည်း၊ စိတ်ကျရောဂါကြောင့် အလုပ်ထွက်ခဲ့ပါတယ်။
အလုပ်ထွက်ပြီးနောက် ၁ နှစ်ခွဲမှာ ဆေးကုသမှုခံယူပြီး အဲ့ဒီနောက် ထပ်မံအလုပ်အကိုင်ရှာဖွေခဲ့ပါတယ်။

သို့သော် အလုပ်အကိုင်ကောင်းကောင်းရှာမတွေ့ခဲ့ပါဘူး။

မကောင်းတဲ့အခြေအနေနဲ့အတူ အားလုံးဟာ Black company တွေချည်းသာတွေ့ပါတယ်။
သူတစ်ယောက်တည်းမဟုတ်၊ လူအများစုဟာလည်း ဒီလိုကုမ္ပဏီမှာ ကြာကြာမလုပ်နိုင်ဘဲ၊ အလုပ်တွေပြောင်းကြရင်း အသက် ၄၀ ကျော်လာတဲ့အခါမှာတော့ Black company မှာတောင် သူ့အတွက်နေရာမရှိသလောက်ဖြစ်လာခဲ့ပါတယ်။

 

ရှေ့ရေးကိုတွေးပူရင်း အိပ်ဆေးတွေအများအပြားသုံးစွဲလာခဲ့တယ်။

 

နောက်ပြီး ကုမ္ပဏီအတွင်း အသက် ၂၀ နီးပါးငယ်ရွယ်သူ permanent ဝန်ထမ်းတွေရဲ့ တီးတိုးပြောသံတွေကိုလည်း ကြားလာရပါတယ်။

“ အဲ့ဒီအသက်နဲ့ ယာယီဝန်ထမ်းတဲ့၊ လူကဖြင့်သေတော့မယ်မဟုတ်လား?”
“ ဖြစ်သလိုပဲနေခဲ့လို့ အခုတော့ ဘာမှမတတ်နိုင်တော့ဘူးလေ”

 

ဆိုတဲ့ ဟားတိုက်သံတွေ…..
အဲ့ဒါနဲ့ပဲ အိမ်မှာခွေပြီးအိပ်နေတဲ့ရက်တွေများလာကာ၊ စိတ်ကျရောဂါကိုခံစားလာရပါတယ်။
လက်ရှိမှာတော့ ၂ နှစ်အကြာထိ အလုပ်လက်မဲ့အခြေအနေမှာရှိနေပါတယ်။

အဲ့ဒီလိုသူဟာ အရေးတကြီးတန်ဖိုးထားပြီး လုပ်နေတာကတော့ ဒီစာရွက်စာတမ်းပါပဲ….

 

 

အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးမှာ အလုပ်လုပ်ချိန်က ရာထူးတိုးခြင်းနှုတ်ထွက်စာပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ ဒါကဘာအဓိပ္ပါယ်မှမရှိတော့တဲ့ Documents ပါပဲ…….

ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့တဲ့သူတွေ အလုပ်ထွက်ပြီးနောက် အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေကို ကျွန်တော် အယောက်ပေါင်းမနည်း မြင်တွေ့ဖူးသလို၊…..
အဲ့ဒါရဲ့ ၁၀ ဆလောက်၊ အဆင်မပြေဖြစ်သွားပြီး သူ့လိုမျိုးစိတ်ပျက်ရတဲ့အခြေအနေကြုံရသူတွေကိုလည်း မြင်လာရပါတယ်။

ကုမ္ပဏီကြီးဆိုတာက Work system ကို အသေအချာလုပ်ထားတဲ့အတွက်၊ အလုပ်သမားခွဲဝေမှုဌာနကလည်း ရှင်းပါတယ်။
သို့သော် အလယ်အလတ်ကုမ္ပဏီတွေကတော့ အဲ့ဒီလို Work system မရှိသလို၊ မိမိကိုယ်တိုင်ဘာမဆို ကိုယ်ထူကိုယ်ထလုပ်နိုင်ရပါတယ်။

ပြောရရင် IT ကုမ္ပဏီရဲ့ Sales staff ဟာလည်း အခြေအနေနဲ့လိုက်ပြီး Development site ရဲ့အလုပ်ကိုအနည်းငယ်မကူညီနိုင်ဘူးဆို အရည်အချင်းရှိသူတစ်ယောက် မဖြစ်လာနိုင်ပါဘူး။
အဲ့ဒီတော့ ကုမ္ပဏီကြီးတွေကနေ လာတဲ့သူတွေတော့ ဒီအချက်မှာ ဒုက္ခရောက်ကြပါတယ်။

 

ယခင် ကျွန်တော်က Shibuya ရှိ IT ကုမ္ပဏီ မှာအလုပ်လုပ်ခဲ့တဲ့အချိန်
အဲ့ဒီအချိန် အလုပ်အကိုင်အခွင့်အလမ်း Ranking မှာ ၁ ပြေးနေတာကတော့ NTT ကုမ္ပဏီပဲဖြစ်ပါတယ်။

မူလ ဂျပန်အစိုးရတည်ထောင်ခဲ့တဲ့ တယ်လီဖုန်းရုံးကနေ ဖွံ့ဖြိုးလာပြီး လက်ကိုင်ဖုန်း၊ System development အစရှိတဲ့နယ်ပယ်တွေမှာ လှုပ်ရှားပြီးကြီးထွားလာကာ၊ ပုဂ္ဂလိကပိုင်ဖြစ်သွားတဲ့ ထူးချွန်တဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။

ဒီနေရာရဲ့ခေါင်းဆောင်ကြီးဖြစ်သူက ကျွန်တော်တို့ရဲ့ ကုမ္ပဏီမှာအလုပ်ပြောင်းဖို့မျှော်လင့်ပြီး interview ကိုလာခဲ့ပါတယ်။
လူ ၃ သိန်းလောက်ရှိတဲ့ကုမ္ပဏီကိုအလုပ်ထွက်ကာ၊ လူ ၆၀ လောက်သာရှိတဲ့ ကျွန်တော်တို့ ကုမ္ပဏီသို့လာခဲ့ပါတယ်။

တစ်ခုခုလုပ်ချင်လို့များလား? လို့ တွေးမိခဲ့တယ်။ ဒါပေမဲ့ မျက်နှာကိုကြည့်လိုက်တဲ့အချိန် နေမကောင်းဘူးဆိုတာကို သိလိုက်ရပါတယ်။

ဘာလုပ်နိုင်လဲ? တတ်ကျွမ်းတာရှိသလား? လို့မေးလိုက်တဲ့ မေးခွန်းအပေါ် သူက……

“ ကုမ္ပဏီတွင်း adjustment ပါ”

လို့ဖြေခဲ့ပါတယ်။
ကျွန်တော်တို့ရုံးမှာတော့ လူ ၆၀ သာရှိပြီး၊ သူဌေးနဲ့ကျွန်တော်နဲ့ အတူတူညှိနှိုင်းဆုံးဖြတ်တာကြောင့် သီးသန့် adjustment မလိုပါဘူး။

အခြားတတ်ကျွမ်းတာရှိပါသလား?
လို့မေးလိုက်တဲ့အခါမှာတော့ နှုတ်ဆိတ်သွားခဲ့ပါတယ်!!!!!

အလုပ်ဝင်ပြီးနောက် အခုမှစတွေ့မယ်လူတွေကြားမှာ ကုမ္ပဏီတွင်း ညှိုနှိုင်းဆောင်ရွက်သူအနေနဲ့ အလုပ်လုပ်ဖို့ ဆိုတာကတော့ တော်တော်လေးအဆင်မပြေနိုင်ဘူးလို့ ထင်ပါတယ်…..

သို့သော် အလုပ်အကိုင်ခွဲခြားမှု သေသေချာချာလေးလုပ်ထားတဲ့ ဆိုးကျိုးကို ခံစားလိုက်ရတာဟာ ဒီပုဂ္ဂိုလ်ပဲမဟုတ်လား…?
ပြောချင်တာကတော့ adjustment ကလွှဲပြီး ကျန်တာမလုပ်တတ်ဘူး။ တစ်ခုဆိုတစ်ခုသာလျှင် တတ်ကျွမ်းပြီး ကျန်နယ်ပယ်တွေမှာ အသုံးချမရသူ……….

ယုံကြည်မှုရှိရှိနဲ့အလုပ်မလုပ်နိုင်ဘဲ၊ နည်းပညာပိုင်းဆိုင်ရာလူတွေကြားမှာ Adjustment အဖြစ်သာလုပ်လာခဲ့တဲ့ ဒီပုဂ္ဂိုလ်………

 

ကျွန်တော်တို့ သူ့ကိုအလုပ်မခန့်ခဲ့ပါဘူး….

 

အခြားနေရာမှာလည်းအလုပ်အကိုင်ကောင်းကောင်းရှာတွေ့ဖို့ခဲယဥ်းလိမ့်မယ်လို့လည်း ထင်ပါတယ်။
ဒါက အားလုံး အားကျပြီးအလုပ်ဝင်ချင်နေကြတဲ့ NTT ကုမ္ပဏီမှာအလုပ်လုပ်ခဲ့သူရဲ့ ဥပမာပဲဖြစ်ပါတယ်။

ကုမ္ပဏီကြီးတွေက မကောင်းဘူးလို့ဆိုလိုခြင်းမဟုတ်ပါဘူး။ သို့သော် ကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်ဖို့ပဲရည်ရွယ်နေတာက အမှားကြီးတစ်ခုပဲလို့ပြောပါရစေ။ ……
နောက်ပိုင်းအဲ့ဒီအမှားကို ပြန်မပြင်နိုင်တော့ဘဲ အခုဥပမာပေးသွားတဲ့ ပုဂ္ဂိုလ်ကဲ့သို့ အဆုံးသတ်သွားရလိမ့်မယ်လို့ ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: