ကိုယ့်ထက်စွမ်းရည်နိမ့်ကျသူက ဘာလို့ အကဲဖြတ်ခံရတာလဲ ?!!!!

တစ်ချိန်တည်းမှာ ကုမ္ပဏီတစ်ခုတည်းမှာပဲ ၀င်ခဲ့သူတွေ၊ အသက်နည်းနည်းကြီးပြီး၊ အသက်နည်းနည်းငယ်တဲ့သူတွေပါတဲ့ ခင်ဗျားရဲ့လုပ်ငန်းခွင်က ပြိုင်ဘက်တွေပေါ့။

မည်သူက အလုပ်ကိုပိုလုပ်နိုင်တယ်ဆိုတာကို ယှဉ်ပြိုင်ပြီး အကဲဖြတ်မှုတွေ ရလေ့ရှိပါတယ်။

အကယ်၍ ကြိုးပမ်းမှုတွေရဲ့ ရလဒ်မှာ အခြားသူများက ပိုမိုမြင့်မားသော အဆင့်သတ်မှတ်ချက်များကိုရရှိပါက သင်စိတ်ပျက်မိမှာမလား . . .သူက ကျွန်တော့်ထက် စွမ်းရည်နိမ့်ကျတဲ့ဟာကို ဘာကြောင့် ပိုတန်ဖိုးထားခံရတာလဲ ?

ဒါပေမယ့် ယင်းသည် မှန်ပါသလော ?

ဟုတ်ပါတယ်၊ အကဲဖြတ်တဲ့ သူက မသင့်တော်ဘူး မှားနေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

သို့ပေမယ့် သင့်ကိုယ်သင်အကဲဖြတ်ခြင်းကလည်း သင့်လျော်ပါသလော ?

လူသားတွေဟာ မိမိတို့ကိုယ်ကို မှန်ကန်စွာအကဲဖြတ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။အကောင်းဆုံးကြိုးစားနေတဲ့ ကိုယ့်ကိုယ်ကို ကောင်းကောင်း သိသောကြောင့် မြင့်မားတဲ့ အဆင့်သတ်မှတ်ချက်ပေးစေလိုတဲ့ ခံစားချက်ရှိတာကို နားလည်ပါတယ်။

အခြားသူက ဘယ်လောက် ကြိုးစားနေလည်းဆိုတာကို မသိသော်လည်း ရှုံးမည်ဟုထင်မိလျှင်တော့ စိတ်ပျက်မိမှာပဲပေါ့နော်။

သို့သော်. . . ဒီလိုလေးစဉ်းစားကြည့်ရင် ရော ဘယ်လိုလဲ ?

 

“Lucky because it’s rated lower than your ability”

သင့်ရဲ့ စွမ်းရည်ထက် နိမ့်ကျတဲ့ အဆင့်သတ်မှတ်ခံရတာ ကံကောင်းတယ်။

 

ဘာကို ဆိုလိုချင်သလဲဆိုတာ သဘောပေါက်လားမသိဘူး ?

အဆင့်သတ်မှတ်ချက်က နိမ့်နေတယ်လို့ဆိုလိုတာက ကုမ္ပဏီမှာရှိတဲ့ သင့်ရာထူးနှင့် လစာကိုထိခိုက်စေလိမ့်မယ်ဆိုပေမယ့် တစ်နည်းအားဖြင့် သင်ဟာ ကံကောင်းနေတုန်းပဲ လို့ တွေးလို့ရပါတယ်။နိမ့်ကျသောအဆင့်သတ်မှတ်ချက်ဆိုတာက ကုမ္ပဏီအနေဖြင့် သင့်ကို မြင့်မားသော မျှော်လင့်ချက်များ မရှိပါ ဟုဆိုလိုတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၊မအောင်မြင်ရင်တောင်မှ သင်တစ်ခုခုအမှားလုပ်မိရင်တောင်မှ အဲဒါက ” မတတ်နိုင်ဘူးလေ ” ဆိုပြီး ဖြည့်တွေးပေးလို့ရတယ်ဆိုတာမျိုးတွေရှိပြီး၊ သင့်ကို မျှော်လင့်ထားတာထက်ပိုပြီး လုပ်နိူင်တဲ့အခါမျိုးမှာဆိုရင်လည်း ပိုမိုမြင့်မားတဲ့ ကောင်းခြင်းတွေနဲ့ အကဲဖြတ်ခြင်းခံရမှာပါ။

 

https://encrypted-tbn0.gstatic.com/images?q=tbn%3AANd9GcSvNQGUb_lP4iATvXY-RgKMDul04-bd2tT8mA&usqp=CAU

 

သူ့မှာ စွမ်းရည်မရှိဘူးဆိုရင်တောင်မှ အောင်မြင်မှုရဖို့ ဖိအားပေးခံရပြီး အောင်မြင်မှုရရင်တောင်မှ ပေါ့ပေါ့တန်တန် သဘောထားပါလိမ့်မယ်။

 

တကယ်လို့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်သည် မျှတမှုရှိပါက အလုပ်လုပ်တဲ့အခါ လုပ်ဆောင်ရန် ပိုမိုလွယ်ကူမယ်မလား ?

မှန်ကန်တဲ့အကဲဖြတ်မှုရရှိရန် အချိန်ရှိခြင်းသည် သင့်ရဲ့ စွမ်းရည်ကိုတိုးတက်စေရန် အချိန်ရှိသည်ဟူသောသဘောဖြင့် ကြည့်ရင်တော့ အလွန်ကောင်းပါတယ်။အခြားတစ်ဖက်မှာ မှားပြီး တန်ဖိုးကြီးမားစွာ အကဲဖြတ်ခံရခြင်းအတွက်လည်း အဆင်မပြေမှုတွေများစွာရှိနေမှာ အသေအချာပါပဲ။

 

ဟုတ်တယ်၊ နိမ့်ကျတဲ့အကဲဖြတ်ခံရတာကံကောင်းပါတယ်နော်။

တန်ဖိုးထားမခံရလို့ ဆိုပြီး ဆက်မကြိုးစားရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူးနော်။ ဒီလိုဆိုရင် တန်ဖိုးဖြတ်တဲ့သူရဲ့ အမှားမဟုတ်ပါပဲ သင့်ရဲ့ အမှားဖြစ်သွားပါပြီ။

 

အကယ်၍ သင်သည် စောစီးစွာ ထိုက်တန်တယ်လို့ ကြီးမားတဲ့ တန်ဖိုးဖြတ်ခံရရင် လှုံ့ဆော်ခံရလျှင်ကောင်းသောအရာတစ်စုံတစ်ခုမျှထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။အဓိကက ကျရှုံးခြင်းကိုကြောက်ခြင်းမရှိဘဲ ဆက်ပြီး အလုပ်လုပ်နေဖို့ဖြစ်ပါတယ်။

အခွင့်အရေးကို ဘယ်တော့မှမဖြုန်းတီးပါနဲ့။

ဒါဆိုရင်တော့ နိမ့်ကျတဲ့အကဲဖြတ်ခံရတာ ကံကောင်းတယ်ဆိုတာ နားလည်သွားပြီထင်ပါတယ်နော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: