7 လပိုင်း၊ 11 ရက်နေ့ 7 ELEVEN မှာ 711 ယန်းဖိုးဈေးဝယ်ကြတာ Trend တစ်ခုလား ?!!!!!

အမေရိက ကနေစပြီးဖြစ်လာတဲ့ 7 ELEVEn !!!!
Logo ကိုကြည့်လိုက်ရင် နာမည်ရဲ့နောက်ဆုံး “ n” တစ်လုံးကပဲ အသေးလေးဖြစ်နေတာက မှားရေးထားတာလည်းမဟုတ်၊ အတုလုပ်ထားတာလည်းမဟုတ်၊ မူရင်းပုံစံပဲဖြစ်ပါတယ်။

၁၉၄၆ ခုနှစ် စီးပွား‌ရေးအချိန်ကာလရဲ့ မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ လို့ပြောချင်တာကို ဆိုင်ရဲ့နာမည်အဖြစ်သတ်မှတ်လိုက်ပြီး ကမ္ဘာတစ်ဝှမ်းမှာလည်း လူသိများလာခဲ့ပါတယ်။
မသိလိုက်ခင်မှာပဲ 24 နာရီပတ်လုံးရောင်းချတဲ့အချိန်ကာလကိုရောက်သွားပြီး မူရင်းနာမည်နဲ့မတူတော့ပေမဲ့၊ အရမ်းကိုအဆင်ပြေတဲ့ဆိုင်တွေဖြစ်လာပါတယ်။

၇ လပိုင်း၊ ၁၁ ရက်နေ့ဆိုတာကလည်းရှိတဲ့အတွက် ဘယ်သူတွေကဘယ်လိုပဲကြည့်ကြည့် ဆဲဗင်းအီလဲဗင်း ဆိုတာ “ နေ့ရက်” ကိုပဲကိုယ်စားပြုတယ်လို့ ထင်တတ်ကြပါတယ်။
အဲ့ဒီနေ့မှာ ၇၁၁ ယန်းဖိုးဝယ်ယူလိုက်တဲ့အခါ ဒီအရေအတွက်ဂဏန်းနဲ့တူတာနဲ့ပဲ ကျေနပ်နေကြပြီး၊ Instagram မှာပုံတွေတင်ကြလည်း trend တစ်ခုလိုဖြစ်လာပါတယ်။
ဒါပေမဲ့ တကယ်က ဒဏ္ဍာရီရှိနေတာကြောင့်ပါ …

 

https://rocketnews24.com/2020/07/11/1392180/

၇ လပိုင်း၊ ၁၁ ရက်နေ့  ၇၁၁ ယန်းဖိုး ဆဲဗင်းအီလဲဗင်းမှာ ဝယ်လိုက်မယ်ဆို တစ်စုံတစ်ခုဖြစ်သွားမယ်!!!

ကျောင်းမှာသရဲခြောက်သလိုမျိုး စိတ်ခြောက်ခြားဖွယ်ဒဏ္ဍာရီဆန်တဲ့ ခံစားမှုကြီး‌နဲ့အတူ၊ ၁ နှစ်မှာ ၁ ကြိမ်သာရတဲ့ အခွင့်အရေးပဲ!!!!

 

ဆဲဗင်းအီလဲဗင်း ဘက်ကလည်းတစ်ခုခုကို ဝါဒဖြန့်နေတာသေချာပါတယ်။

ဒီမှာတော့ လက်တွေ့စမ်းသပ်ခဲ့သူတစ်ယောက်……

 

စားသုံးမှုအခွန်လည်းရှိတာကြောင့် အဲ့ဒါကိုပါထည့်တွက်ပေမဲ့ ၇၁၁ ယန်းကွက်တိပါ။

ကျေးဇူးအများကြီးတင်ပါတယ်!!!!!

 

ဟင်!!! ဘာမှလည်းမဟုတ်ဘူး!!!!

လှည့်စားခံလိုက်ရပြီ…..!!!!

 

ဒါပေမဲ့၊ ဆဲဗင်းအီလဲဗင်းရဲ့ တရားဝင် Twitter မှာတော့ ဒီလိုပြောခဲ့တယ်။

တစ်စုံတစ်ခုဖြစ်မယ့် မြို့ပြဒဏ္ဍာရီ campaign !!!!
အရင်ကတည်းက ဆဲဗင်းအီလဲဗင်းကထွင်ခဲ့တဲ့ campaign မဟုတ်ဘဲ၊
စိတ်ခြောက်ခြားစရာ ဒဏ္ဍာရီသဘောမျိုး ဖန်တီးပြီးမှ မူရင်းဆဲဗင်းအီလဲဗင်းကို ဒီဒဏ္ဍာရီမှာ မြောလိုက်တဲ့ campaign ပဲဖြစ်နေပါတော့တယ်။
တကယ်က သူ promotion ဆင်းနေတာကြီးပါ!!!!

ဒီ campaign အပေါ်ခံစားရတဲ့ feeling က တစ်မျိုးတော့မိုက်ပါတယ်။
ကြော်ငြာပို့စ်က horror ဇာတ်ကားလိုပဲ…
သူတို့တွေ ရုတ်တရက်ကြီး စိတ်ကူးရခဲ့လို့လာတော့မသိ၊…အသိပေးကြောငြာတာနဲ့လုံးဝကိုမတူဘူးလို့ ခံစားရပါတယ်။

လာမယ့်နှစ်ကျရင်တော့ သေချာပေါက်ကို promotion ကြီးကြီးမားမားလေးလုပ်စေချင်မိတယ်…
Twitter မှာပဲကြော်ငြာမယ်ဆို Twitter မသုံးတဲ့လူတွေအတွက်တော့ မသိရဘူးလေနော်…….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: