ကိုရိုနာကြောင့် လူအစား စက်ရုပ် cheer team ကိုဖွဲ့စည်းလိုက်တဲ့ ဂျပန် !!!!

ဂျပန်မှာ ရေပန်းအစားဆုံးအားကစားကိုပြောပါဆိုရင် baseball ပဲဖြစ်ပါတယ်။
အဲ့ဒီ Professional baseball ဟာ ကိုရိုနာဗိုင်းရပ်စ်သက်ရောက်မှုကြောင့် ကြည့်ရှုသူဧည့်သည်တွေမပါဘဲ ပြိုင်ပွဲကိုကျင်းပလိုက်ပါတယ်။

 

https://mainichi.jp/articles/20200612/k00/00m/050/002000c

အားကစားရုံနဲ့လိုက်ပြီး ကွာခြားမှုတွေရှိသော်လည်း လူပေါင်း 40,000 ကနေ 60,000 လောက်ဆံ့တဲ့ အားကစားရုံကြီးတွေဆို ပြိုင်ပွဲတွေရှိခဲ့စဥ်က ဒီလို….လူတွေနဲ့အပြည့်အကျပ်ပါပဲ….

 


https://ouchiyama.exblog.jp/10398137/

ဒီလိုအခြေအနေမှာတော့ လုံးဝကိုအသက်မဝင်တော့သလို၊ ကစားသမားတွေလည်း အားတက်သရောမရှိကြတော့ပါဘူး။
ပွဲကြည့်ဧည့်သည်တွေအစား ဒီလိုလူပုံစံ ဘုတ်အပြားကိုဝယ်ပြီးတန်းစီထားပေမယ်ဆိုလည်း၊
စိတ်ထဲမှာ ဟာတာတာကြီးဖြစ်နေသလိုပဲနော်……
ဒါကြောင့် ဒီအရာနဲ့လည်း မထိရောက်ပြန်ပါဘူး။

 


https://twitter.com/hmikitani/status/1248736452084518912?lang=es

ဒီလိုဘုတ်အပြားတွေသုံးတာ ကိုရီးယားမှာရော ထိုင်ဝမ်မှာပါ အတူတူပါပဲ။
သို့သော် အခုကနေစပြီး ပြောင်းလဲလာတဲ့ ဂျပန်ရဲ့ရေစီးကြောင်းအတိုင်းဖြစ်လာပါပြီ။

“ Robot cheer team “ ကို တီထွင်ရအောင်…..


https://news.livedoor.com/article/detail/18542335/

Baseball team တစ်ခုကိုပိုင်ဆိုင်ထားတဲ့ softbank ဆိုတဲ့ကုမ္ပဏီ…
သူ့ရဲ့ကုမ္ပဏီမှာပဲရောင်းနေတဲ့ စက်ရုပ်၊ လူပုံစံ Pepper နဲ့ ခွေးပုံစံ စက်ရုပ် spot ကိုအသုံးချပြီး cheer team ကို ဖွဲ့စည်းလိုက်ပါတယ်။

 

 

ကဲ ..ဘယ်လိုလဲ?… မိုက်လည်းမိုက်သလို စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်လို့ မထင်မိဘူးလား?
အားပေးသီချင်းကိုဆိုနေတာ ပရိသတ်တွေပဲမဟုတ်လား?
ဒီလိုသီချင်းဟာ အားလုံးသံစုံဆိုမှာကောင်းတာဖြစ်ပြီး၊ ဘာပဲပြောပြော ဆွဲဆောင်မှုတော့သိပ်မရှိသလိုပဲနော်……

မူလအားပေးတဲ့ပုံစံကတော့ ဒီဟာပါ။
Honeys လို့ခေါ်တဲ့မိန်းကလေးအဖွဲ့က ကထားတာဖြစ်ပါတယ်။

 

 

Robot cheer team ကို တော်တော်လေးကျွမ်းကျင်စွာနဲ့ လိုက်လုပ်ထားပေမဲ့ လုံးဝတော့မတူဘူးပေါ့…

စကားမစပ် ဒီ စက်ရုပ်တပ်ဖွဲ့ကြီးက အရမ်းကိုဈေးကြီးပါတယ်။
ပိုပြီးဈေးကြီးတာက အဝါရောင်ခွေးပုံသဏ္ဍာန် စက်ရုပ်ပဲဖြစ်ပါတယ်။
ဒီဟာက Boston Dynamics ဆိုသူကတီထွင်ထားတဲ့ မလဲကျနိုင်တဲ့စက်ရုပ်ဖြစ်ပြီး
နာမည်ကြီးသလိုပဲ သူ ၁ ကောင်တည်းကို ယန်းသောင်း 800 ပေးရပါတယ်။
အဲ့ဒါကို အကောင် ၂၀ တောင် တန်းစီထားတာပါ…..

အရင် အားပေးတဲ့မိန်းကလေးအဖွဲ့နဲ့စာရင် ဘယ်လိုမှလိုက်မမှီနိုင်တဲ့ဈေးကြီးပေးရတဲ့ Cheer team ဖြစ်သော်လည်း ဘယ်နှကြိမ်ပဲကြည့်ကြည့် စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

နောက်ပြီး အားကစားရုံတွေမှာ eyeball လေးတွေဖြစ်တဲ့ ချစ်စရာမိန်းမငယ်လေးတွေရောင်းချတဲ့ ဘီယာဟာလည်း နာမည်ကြီးပါတယ်။

 

http://urikobeergirl.jp/blog-entry-191.html

 

နည်းနည်းတော့ ဈေးကြီးပါတယ်။

မိန်းမငယ်လေးတွေဟာ ဘီယာအလေးကြီးတွေကို ကျောပိုးအိတ်ထဲလွယ်ထားရသော်လည်း မျက်နှာပြုံးပြုံးလေးတွေနဲ့လာရောင်းတဲ့အခါ မဝယ်ဘဲနဲ့မနေနိုင်တော့ပါဘူး…..

ရောင်းရတဲ့အခါ သူတို့ရဲ့လစာကလည်းတိုးတာကြောင့် အမြဲတမ်းမျက်နှာကိုပြုံးထားကြပါတယ်။
ကိုယ့်ကိုသက်သက်မဲ့ကြီး လာပြုံးပြတာမဟုတ်ဘဲ၊ ဘီယာရောင်းရဖို့သာ ပြုံးပြနေတာကိုသိပေမဲ့လည်း ဝယ်လိုက်မိပါတယ်လေ…….ဟီ!!!!!!

သောက်ပြီးသွားရင်လည်း နောက်ထပ်အပြုံးပြခံချင်သေးတာကြောင့် ထပ်ဝယ်မိပါလေရော….
ဒီလိုနဲ့ပဲသံသရာလည်ကြတယ်ဆိုပါတော့….
(ကဲ….. ယောက်ျားလေးဆိုတာကလည်း အမြောက်ခံရရင်သိပ်ကြိုက်တာဗျ …ဟဟဟ)

baseball ပွဲမှာ ပိုပြီးစိတ်တက်ကြွလာဖို့ ကဏ္ဏတစ်ခုကနေဘီယာရောင်းတဲ့ ဒီမိန်းမငယ်လေးတွေလည်း လက်ရှိ ကိုရိုနာအချိန်ကာလ baseball ပြိုင်ပွဲမှာလုံးဝမရှိတော့ပါဘူး

ကိုရိုနာပြီးနောက် နေထိုင်မှုဘဝကဘယ်လိုဖြစ်လာမလဲ? ဆိုပြီး တီဗွီဖန်သားပြင်ပေါ်မှာလည်း မကြာခဏပြောနေကြတာကိုတွေ့ရပါတယ်။
ဒီလိုပဲ baseball ပြိုင်ပွဲဟာလည်းကြီးကြီးမားမားကို ပြောင်းလဲသွားမလားလို့ မပြောနိုင်ပါဘူး။

အခုနောက်ပိုင်း ဂျပန် Professional baseball ကစားပွဲမှာ ကြည့်ရှုသူပရိသတ်တွေကိုနည်းနည်းစီ ပြန်ထည့်မယ်လို့ပြောနေပေမဲ့ ၁၀ ပုံ ၁ ပုံလောက်ကနေ စမယ်လို့တော့ ထင်ပါတယ်။

ယခင် အားကစားရုံကတော့ ဒီလိုအသက်ဝင်စည်ကားခဲ့ပါတယ်။

 

 

ဒီလိုနေ့မျိုးကိုပြန်ရောက်လာပါ့မလား?
ဒါမှမဟုတ် စက်ရုပ်Cheer team ကိုပဲအကြည့်များပြီး၊ မျက်စိတွေယဥ်သွားကာ သမာရိုးကျလိုတောင်ဖြစ်သွားမှာလား?
ဧည့်သည်တွေလည်း ပြန်မဝင်ဘူးဆိုရင် ဝင်ငွေရောရှိပါ့မလား?

နောက်ပိုင်း အားလုံးနဲ့အတူတူ baseball နဲ့ Football ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လိုပြန်ပြီးဆော့နိုင်မလဲဆိုတာကို အလေးအနက်စဥ်းစားဖို့လိုအပ်လာတာပဲနော်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: