လူ ၁၃ ယောက်ကို တစ်ပြိုင်နက်တည်းသတ်ခဲ့တဲ့ အံ့ဖွယ် နင်ဂျာ Yukichika Kanakubo !!!!

ဂျပန်နိုင်ငံအတွင်းမှာသာမက နိုင်ငံခြားမှာပါ နင်ဂျာကို အရမ်းကြိုက်တဲ့ သူတွေရှိပါတယ်။
အမေရိကမှာဆိုရင် နင်ဂျာကို အရမ်းကြိုက်ကြတဲ့သူတွေရှိကြပြီး ဂျပန်တွေအားလုံးက နင်ဂျာလိုမျိုး လှုပ်ရှားနိုင်တယ်ဆိုပြီး ပြောတဲ့ ကြောင်တောင်တောင်နိုင်တဲ့သူတွေတောင်ရှိပြီး မြို့တစ်မြို့မှာဆိုရင် နင်ဂျာပေါ်လာပြီဆိုတာနဲ့ အပြင်မထွက်ရဆိုတဲ့ သတိပေးချက်အသံတွေ‌ပေးတဲ့ မြို့တွေပင်ရှိတယ်လို့ဆိုပဲ တဲ့ . . .

အခုကတော့ ဂျပန်မှာလည်း မရှိတော့ပါဘူး၊ စူပါမင်းလိုမျိုး သူတွေလည်း မရှိခဲ့ပေမယ့် . . .

https://intojapanwaraku.com/culture/104364/

ဒီနေ့ မိတ်ဆက်ပေးမယ့် နင်ဂျာကတော့ 金窪行親(かなくぼ ゆきちか)Kanakubo Yukichika လို့ခေါ်ပြီး

鎌倉 Kamakura ကာလ (၁၁၉၂ ခုနှစ်~ ) မှာပေါ်လာတဲ့ နင်ဂျာပဲဖြစ်ပါတယ်။

………………………………..

ဂျပန်ယဉ်ကျေးမှုဆိုတာ တစ်ဦးတစ်ယောက်တည်းထက် အိမ်ထောင်စုရဲ့ မျိုးဆက်တည်ရှိမှုကို ဦးစားပေးတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။
သင်္ချိုင်းဆိုလည်း ကိုယ်ပိုင်သီးသန့်သင်္ချိုင်းမဟုတ်ပါ၊ အိမ်ထောင်စုသင်္ချိုင်းအနေနဲ့ ဖြစ်ပါတယ်။
ဘိုးစဥ်ဘောင်ဆက်သင်္ချိုင်းတစ်ခုတည်းမှာပဲ ထားတာက အခြေခံစဥ်မျဥ်းပဲဖြစ်ပါတယ်။

အဲဒီအတွက် ဆာမူရိုင်းအနေနဲ့ကြည့်မယ်ဆိုလည်း အိမ်သခင်ကြီးအသုံးပြုတဲ့ ဆာမူရိုင်းဟာ သခင်ကြီးတစ်ဦးတည်းကိုသာအစေခံရတာမဟုတ်ဘဲ

အဲ့ဒီအိမ်ရဲ့တစ်မိသားစုလုံးကိုအစေခံရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

အိမ်ထောင်ဦးစီးသခင်ကြီးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာရသော်လည်း အိမ်ရဲ့အကျိုးစီးပွားထိခိုက်စေမယ့်အရာဆိုရင်တော့ သတိပေးခံရခြင်းတွေလည်း ရှိပုံရပါတယ်။

အဲ့ဒီလိုဆာမူရိုင်းကို တစ်နည်းအားဖြင့် 御家人(ごけにん)အဆင့်နိမ့်ငွေဝယ်ကျွန် လို့လည်းခေါ်ပါတယ်။

 

—————————-

အခုမိတ်ဆက်ပေးမယ့် Kanakubo ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ “ အတွင်းလူ” ဆိုတဲ့ တည်ရှိမှုပဲ ဖြစ်ပါတယ်။
သခင်ကြီးတစ်ဦးတည်းနှင့်သာဆိုင်တယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး၊ သူဟာအဲ့ဒီအချိန် 鎌倉 Kamakura နိုင်ငံရေးအချိန် ဒုတိယမြောက်ခေတ်ရဲ့ ထိပ်တန်း 北条義時(ほうじょう よしとき)Hojo Yoshitoki ဆိုတဲ့ပုဂ္ဂိုလ်ဆီမှာအစေခံခဲ့ပါတယ်။

သူရဲ့ မွေးရပ်မြေနဲ့ အသက်ကို တိတိကျကျမသိရပါဘူး။

Saitama စီရင်စုမှာ 金久保 Kanakubo (သူနာမည်နဲ့ အသံထွက်တူပေမယ့် ခန်းဂျီးမတူ) လို့ခေါ်တဲ့ နယ်မြေရှိပြီး
金窪神社 Kanakubo (ဒါကတော့ သူနာမည်နဲ့ ခန်းဂျီးတူ) ဆိုတဲ့ နတ်ကွန်းရှိတာကြောင့်
သူဟာ အဲဒီအနီးအနားအရပ်မှ လာတာဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိသော်လည်း
သူ့ရဲ့ဇာတိအမှန်ကို ဘယ်သူမှ မသိပါဘူး။

Kanakubo ဟာ သမိုင်းမှာအမှတ်အသားတစ်ခုချန်ခဲ့တာကတော့ ၁၂၀၃ ခုနှစ် ကပဲဖြစ်ပါတယ်။
鎌倉 နိုင်ငံရေးအချိန်ပထမဆုံးခေတ်ရဲ့ ထိပ်တန်းဖြစ်တဲ့ 源頼朝(みなもとの よりとも)Minamotono yoritomo ကကွယ်လွန်သွားပြီး အင်အားချင်းပြိုင် တိုက်ခိုက်မှုတွေဖြစ်ပွားလာပါတယ်။

အဲ့ဒီအချိန် Kanakubo ဟာ ရန်သူဘက်ကထိပ်တန်း ဆယ့်သုံးယောက်ကို တစ်ပြိုင်တည်းသတ်ဖြတ်ခဲ့တယ်လို့ ပြောကြပါတယ်။

Shizuoka စီရင်စုရှိ 修善寺(しゅぜんじ)ဘုန်းကြီးကျောင်း မှာ အဲဒီ ၁၃ ယောက်ကို နတ်အဖြစ်တည်ထားတဲ့ သင်္ချိုင်းရှိပါတယ်။


အဲဒီအချိန်ကနေ ၁၀ နှစ်ခန့်အကြာလောက် သူ့ရဲ့လှုပ်ရှားမှုတွေကို မတွေ့ရတော့ပါဘူး။
နောက်တစ်ကြိမ် ပြန်ပေါ်လာတာကတော့ ၁၂၁၃ ခုနှစ်မှာပါ။

鎌倉 နိုင်ငံရေးကို ဘုန်းကြီးတပါးက ပုန်ကန်မှုကြံစည်တယ် ဆိုတဲ့ပြစ်မှုနဲ့ ဖမ်းဆီးနှိပ်စက်ခံရဖို့ဖြစ်လာပါတယ်။

ဒီနှိပ်စက်မှုကိုတာဝန်ယူရတာကတော့ Kanakubo ပါပဲ…။

နှိပ်စက်ညှင်းပန်းမှုအောင်မြင်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ပတ်သက်ဆက်နွယ်နေတဲ့ လူ ၂၀၀ ခန့်ဟာ တစ်ပြိုင်တည်း အဖမ်းခံလိုက်ရပါတယ်။
ဒါကို မကျေနပ်တဲ့ 和田 Wada မျိုးနွယ်စုက ပြည်တွင်းစစ်အနေနဲ့ပုန်ကန်ခဲ့သော်လည်း ရှုံးသွားပါတယ်။

Kanakubo က ဒီစစ်ပွဲကနေ ဒဏ်ရာရသူနဲ့သေဆုံးသူများကို ခန္ဓာကိုယ်စစ်ဆေးမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းလည်းရှိခဲ့ပါတယ်။

ဒီစစ်ပွဲ၏အောင်မြင်မှုများကိုဂုဏ်ပြုခံခဲ့ရပြီး Kanakubo ဟာ ယခုခေတ်စကားအရ ရဲနဲ့စစ်တပ် ပေါင်းစပ်ထားတဲ့အဖွဲ့အစည်းရဲ့နံပါတ် ၂ အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

နင်ဂျာတစ်ယောက်ဖြစ်ပေမဲ့ လူရှေ့ကိုထွက်လာခဲ့တယ်။

 

Kanakubo ဟာ ဒီလိုရာထူးအထိ ရောက်လာခဲ့ပေမယ့်၊
အဲဒီနောက်ပိုင်း ရုတ်တရက် သမိုင်းကနေပျောက်ကွယ်သွားပြန်ပါတယ်။
ထို့အပြင် သားစဉ်မြေးဆက် ဘာမှတ်တမ်းမှလည်းမရှိပါဘူး။

အရင် ပြောခဲ့သလိုပဲ ဂျပန်ဟာ အိမ်ထောင်စုမျိုးရိုးစဉ်ဆက် အလေးထားတဲ့ ယဉ်ကျေးမှုကို လက်ကိုင်ထားတဲ့အတွက် မိဘရဲ့ အလုပ်အကိုင်ကိုအမွေဆက်ခံရခြင်းမှာ သာသမီးတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။

ဒါလို ရာထူးကြီးကို အခြားသူဆီ ပေးလိုက်စရာအကြောင်းမရှိပါဘူး။
သို့သော်၊ အဲဒီနောက်ပိုင်း Kanakubo ကိုယ်တိုင်ရော သူ့ရဲ့ ကလေးရော သမိုင်းမှာဘယ်လိုမှ မှတ်တမ်းထင်ကျန်ခဲ့တာမျိုးတောင် မရှိပါဘူး။

နင်ဂျာ ဟာ နင်ဂျာ တစ်ယောက်အနေနဲ့ နောက်ကွယ်မှာ ပုန်းနေပြီး အစိုးရရဲ့လုပ်ငန်းကို ကူညီခဲ့လေသလား ?
ဒါမှမဟုတ် တစ်စုံတစ်ဦး ရဲ့ လုပ်ကြံခံခဲ့ရလို့လား ?

နောက်ဆုံးမှာတော့ နင်ဂျာ ပီပီ နက်နဲတဲ့အရာတစ်ခုအဖြစ်ပဲ ပျောက်ကွယ်သွားပါတော့တယ်။

အခုတောင်မှ သားစဉ်မြေးဆက်အမွေဆက်ခံပြီး မိဘရဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့ နင်ဂျာတွေများ ရှိနေဦးမလား . . . .

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: