ကူညီပေးချင်တဲ့စိတ်ကြောင့်ပဲ မိအေး ၂ ခါနာရတဲ့ Don Quijote ဆိုင် !!!!!

စားသောက်ကုန်တွေကနေစပြီး စာရေးကိရိယာ၊ အရုပ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေအထိ ဘာပဲဖြစ်ဖြစ်ရနိုင်တဲ့ဆိုင်၊ Don Quijote
ပစ္စည်းတွေကိုအတူတူရောင်းချတာပဲမဟုတ် ဈေးကလည်းသက်သာတာကြောင့် နာမည်ကြီးတဲ့အတွက် တော်တော်များများလည်းသိကြမယ်လို့ထင်ပါတယ်။

https://gunosy.com/articles/eWG9g?s=s

ဒါဟာအခုတော့ mask နဲ့ပြဿနာတက်နေပြီထင်ပါရဲ့…….

Don Quijote နဲ့ mask ရဲ့ပြဿနာဟာ ၃ လပိုင်းကနေစလာခဲ့ပါတယ်။
အဲ့ဒီအချိန်, အလျင်အမြန်ပျံ့နှံ့လာတဲ့ မျိုးစိတ်သစ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘယ်ကိုပဲသွားသွား mask ဝယ်မရတဲ့အခြေအနေဖြစ်ပေါ်လာစပေါ့….

ဂျပန်တင်မကဘဲ တစ်ကမ္ဘာလုံးလည်း ဒီလိုအခြေအနေနဲ့ရင်ဆိုင်ရတဲ့အတွက် ရောင်းချနေတဲ့ mask ကို ၁ လကျော်ထိ မြင်တောင်မမြင်ရတဲ့လူတွေ တော်တော်များများဖြစ်ခဲ့ပါတယ်။

လူတစ်စုက အစုလိုက်အပြုံလိုက်ဝယ်ချသွားပြီး၊ အင်တာနက်မှာ အမြတ်များများနဲ့အကြီးအကျယ်ပြန်တင်ရောင်းကြတာတွေလည်း အများကြီးတွေ့ရသလို ..
mask နဲ့ လက်သန့်ဆေးရေ၊ ပိုးသတ်ဆေးတို့ကို ပြန်လည်းရောင်းချသူတွေကို ဖမ်းဆီးနိုင်ဖို့ ဉပဒေတွေလည်းထုတ်ထားပြီး၊ တကယ်လည်းဖမ်းဆီးရမိသူတွေထွက်လာတဲ့အထိ ဂယက်ထမှုကြီးဖြစ်ခဲ့ပါတယ်။

အဲ့ဒီအထဲကမှ Don Quijote ဟာလည်းအစွမ်းကုန် mask ကိုအာမခံပါတယ်။
မူလရောင်းဈေးနဲ့ပဲ ရောင်းချခဲ့ပါတယ်။
နောက်ပြီး ပြန်လည်ရောင်းချမှုကိုတားမြစ်ထားတာကြောင့်၊ ဒီအတွက်လည်း ဈေးနှုန်းသတ်မှတ်မှုတွေပြုလုပ်တာကြောင့် နာမည်ကြီးအကြောင်းအရာလိုဖြစ်လာပါတယ်။

 

https://twitter.com/koba_rin_0801/status/1236168330160963584

၇ ချပ်ပါတဲ့ mask ၁ ထုတ် 298 ယန်း။ မူလရောင်းဈေးနှုန်းအတိုင်းပါ။
သို့သော် ၂ ပါကင်နဲ့အထက်ဝယ်ရင် ၉,၉၉၉ ယန်း
ဘယ်သူမှမဝယ်နိုင်တဲ့ဈေးနှုန်းကိုကပ်ထားပြီး၊ တစ်ဦးကို ၁ ပါကင်ထက်ပိုမဝယ်အောင် ထိန်းချုပ်လိုက်တာထက် မည်သူမဆိုဝယ်ယူရရှိနိုင်ဖို့ အခွင့်အရေးပေးလိုက်တာပဲဖြစ်ပါတယ်။

အမြတ်ကိုသာစဥ်းစားမယ်ဆိုရင် ပုံမှန်ဈေးနဲ့ရောင်းချဖို့မလိုအပ်သလို၊ ဘယ်လောက်ပဲဝယ်ဝယ် ရောင်းအားကပြောင်းလဲသွားမှာမဟုတ်တာကြောင့် အထူးတလည်စည်းမျဥ်းတွေမလိုအပ်ပါဘူး။
သို့သော် Don Quijote မှာ လူမှုရေးကူညီတတ်တဲ့ စိတ်အားထက်သန်မှုရှိတာကြောင့်ပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ mask တွေကိုလိုက်ဝယ်စုပြီး၊ အမြတ်ပြန်ရဖို့ဆက်ပြီးရောင်းချလာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘယ်နေရာမှာဖြစ်ဖြစ် mask တွေကိုဝယ်လာနိုင်ပြီး၊ Don Quijote မှာလည်း mask တွေဈေးကျသွားပါတယ်။

နောက်ပြီးဆိုင်ထဲမှာ ဒီလိုလေးရေးထားတာကိုတွေ့ခဲ့ပါတယ်.

ဖောက်သည်တွေအတွက် mask တွေကိုအများကြီးတင်ပေးထားပါတယ်။
ဒီလောက်တောင်လား ! လို့ပြောရတဲ့အထိ mask တွေအများကြီးရှိပါတယ်။
တောင်းဆိုပါတယ်။
၁ ပါကင်ဆိုလည်း ဈေးတော်တဲ့အတွက် mask ကိုဝယ်ကြပါ။
အတူတူ mask အပုံကြီးကိုမဖြိုချပေးချင်ဘူးလား? ကူညီပေးပါ….

 

၁ လပိုင်းဝန်းကျင်လောက်ကနေ mask တိုးမြှင့်ထုတ်လုပ်မှုကို ကုမ္ပဏီအသီးသီးက စတင်စီစဥ်လာခဲ့ပြီး၊
အခြားသောလုပ်ငန်းတွေကနေလည်း ဈေးကွက်အတွင်းဝင်ရောက်လာနိုင်ခဲ့ပါတယ်။
ဒါကြောင့် နောက်ဆုံးမှာ mask ဟာဈေးထိုးကျသွားမှာကို သိထားပါတယ်။
Don Quijote လည်းသိထားမှာသေချာပါတယ်။
ဘယ်တော့အဆက်ပြတ်သွားမလဲမသိတဲ့အတွက် ဖောက်သည်တွေအတွက် တတ်နိုင်သ‌လောက်ဝယ်ထားမယ်ဆိုတဲ့ရလဒ်က နောက်ဆုံးမှာဒီလိုအကျပ်အတည်းကို ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။

ဂိုထောင်ထဲမှာ mask တွေချည်းပဲမဟုတ်လား…
ဒီဈေးနဲ့ဆိုလည်း အရှုံးပေါ် ပြီး စွန့်ပစ်ဈေးနှုန်းသာသာပဲ ရှိပါတော့တယ်။

mask ကိုစီးပွားဖြစ်လုပ်စားကြသူတွေအများကြီးရှိတဲ့အထဲက စေတနာထားပြီးကြိုးစားပေးခဲ့တဲ့ Don Quijote ကတော့ မရောင်းရတော့တဲ့ mask ပြဿနာထဲမှာဒုက္ခရောက်နေပါပြီး….
ဒါကို အားလုံးကကူညီပေးသင့်တယ်လို့ ထင်ပါတယ်။

ဂျပန်မှာလက်ရှိနေထိုင်နေတဲ့လူများ၊ ဂျပန်မှာနေထိုင်တဲ့မိတ်ဆွေအပေါင်းအသင်းရှိသူများ…
သေချာပေါက် ဒီသတင်းလေးကိုဖြန့်ဝေပြီး Don Quijote ကိုကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: