၁ယောက်တည်းနဲ့ လူ ၁၀၀၀၀ ကိုရင်ဆိုင်ခဲ့တဲ့ ဂျပန်စစ်သား !!!
အမေရိကန်စစ်သားတွေဆီကနေတောင် ဟီးရိုးအဖြစ်မှတ်ယူခြင်းခံရတဲ့ အမျိုးသား
ဒီအမျိုးသားဟာ Shibuya အမှတ်အသားတစ်ခုဖြစ်တဲ့ 大盛堂書店(だいせいどうしょてん)Taiseidō shoten စာအုပ်ဆိုင်ကိုဖွင့်ခဲ့တယ်လို့ပြောပါတယ်။
https://www.facebook.com/shumane.shibuya/
မြို့လယ်ခေါင်မှာရှိတဲ့ ဒီစာအုပ်ဆိုင်ကို အများစုမြင်ဖူးကြမယ်မဟုတ်လား?
船坂宏。(ふなさか ひろし)Funasaka Hiroshi ဆိုတဲ့ပုဂ္ဂိုလ်
ဒီပုဂ္ဂိုလ်ဟာ အမေရိကန်နိုင်ငံကနေ အံ့သြလောက်ရတဲ့အထိ စစ်ပွဲထဲမှာလှုပ်ရှားပြီး၊
နောက်ဆုံးမှာ ဒီစာအုပ်ဆိုင်ကိုဖွင့်ခဲ့ပါတယ်။
အပေါင်းအဖော် ၁၂၀၀ နဲ့အတူ အမေရိကန်တပ်သား အယောက် ၂၂၀၀၀ ကို စီးပြီးတိုက်တဲ့တိုက်ပွဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ မဟုတ်သေးဘူး၊ လုံးဝမဖြစ်နိုင်တဲ့အခြေအနေမှာတောင် အရှုံးမပေးဘဲ တိုက်ခိုက်ခဲ့တဲ့အမျိုးသားဖြစ်ပါတယ်။
သူ့ရဲ့ရာဇဝင်ကတော့ ၁၉၄၄ ခုနှစ် ၃လပိုင်းမှာ အစပြုခဲ့ပါတယ်.
စစ်ရှုံးတဲ့အခြေအနေဘက်ကိုလှမ်းစပြုနေတဲ့ ဂျပန်…
船坂 Funasaka ဟာ အသက် ၂၃ နှစ်မှာ Palau ကျွန်းစုရှိ Angaur ကျွန်းကို တပ်ကြပ်ကြီးအနေနဲ့ ရောက်ရှိခဲ့ပါတယ်။
https://www.tour.ne.jp/w_review/ROR/sightseeing/spot/1323623/
အမေရိကန်တပ်ဟာ ဒီကျွန်းကိုသိမ်းပိုက်ပြီး ဂျပန်ပြည်မကြီးကိုတိုက်ခိုက်ဖို့ လေယာဥ်ကွင်းတစ်ခုကိုတောင်ဆောက်လုပ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်လာခဲ့ပါတယ်။
အဲ့ဒီအချိန် ဂျပန်တပ်မှာ စစ်သားအယောက် ၁၂၀၀ သာရှိပါတယ်။
တစ်ဖက်ကအမေရိကန်စစ်သားကတော့ အယောက် ၂၂၀၀၀ ပါ။
ဒါတောင် အထူးစစ်ဆင်ရေးသုံးလေ့ကျင့်မှုတွေပြုလုပ်ထားတဲ့ အထူးတပ်ဖွဲ့ကြီးပါ။
အဲ့ဒီလိုသူတို့တွေဟာ လေယာဥ်တင်သင်္ဘော၊ စစ်သင်္ဘောတို့အပါအဝင် ၃၅ စီးနဲ့အင်အားကြီးမားတဲ့တပ်ဖွဲ့ကြီးအဖြစ်လာရောက်တိုက်ခိုက်ကြပါတယ်။
အားလုံးလည်း ဂျပန်ရဲ့ရှုံးနိမ့်မှုကြီးကိုတွေးရင်း အပေါင်းဖော်တစ်ယောက်ပြီးတစ်ယောက် လက်ပစ်ဗုံးတွေနဲ့ပြန်တိုက်ခိုက်ခဲ့ကြပါတယ်။
https://twitter.com/89kamijuku?lang=da
အမေရိကန်တပ်ဆီကနေ မမျှော်လင့်တဲ့တန်ပြန်တိုက်ခိုက်ခြင်းခံရပြီး၊ ပစ်ခက်မှုကိုခဏရပ်ထားလိုက်ရပါတယ်။
အဲ့ဒီနောက်မှာ ဂျပန်တပ်ဟာ အနည်းငယ်လောက်သာကျန်တော့တဲ့ စစ်သားတွေအားလုံးကို ကျွန်းရဲ့
အနောက်မြောက်ဘက်ရှိဥမင်မှာစုရုံးစေပြီး ပြောင်ကျားစစ်ဆင်ရေးကိုအသုံးပြုလိုက်ပါတယ်။
ကျွန်းရဲ့ပုံစံပြောင်းလဲသွားလောက်အောင် ပြင်းထန်တဲ့အမေရိကန်ရေတပ်ရဲ့ပစ်ခတ်မှုကြားမှာ 船坂 Funasaka တစ်ယောက်တည်း အယောက် ၂၀၀ နဲ့အထက်ရှိတဲ့ အမေရိကန်စစ်သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။
သို့သော် ၃ ရက်ကြာပြီးတဲ့နောက်မှာတော့၊ အမေရိကန်တပ်ရဲ့ရက်စက်တဲ့ထိုးစစ်ကြောင့်၊ ရန်သူတပ်ထဲကိုရောက်ရှိသွားတဲ့ 船坂 တစ်ယောက် ဘယ်ဘက်ပေါင်မှာဗုံးမှန်သွားပြီး သေလောက်တဲ့နာကျင်မှုနဲ့ လက်မြှောက်လိုက်ရပါတယ်.
သူရှိတဲ့နေရာက ရန်သူတပ်တွင်းလည်းဖြစ်နေတာကြောင့် အပေါင်းအဖော်တွေက သူ့ဆီရောက်ဖို့ဆိုအတော်လေးအချိန်ယူရပါမယ်။
သူ့ကိုကုသပေးဖို့ရောက်လာတဲ့ စစ်ဆရာဝန်ကဒဏ်ရာကိုကြည့်ပြီး “ ငါမကိုင်တွယ်နိုင်ဘူး” လို့ပြောပြီး ကိုယ်တိုင်ဘာဆက်လုပ်မလဲဆုံးဖြတ်ဖို့ လက်ပစ်ဗုံးတစ်လုံးထားခဲ့ပြီး ပြန်သွားပါတယ်။
စစ်တပ်ဆရာဝန်တောင် လက်လျှော့ရလောက်တဲ့အထိ ပြင်းထန်တဲ့ဝေဒနာကိုခံရသော်လည်း 船坂 ဟာ အရှုံးမပေးခဲ့ပါဘူး။
ဒဏ်ရာရထားတဲ့ခြေထောက်ကိုစည်းထားဖို့ ပတ်တီးမရှိတာကြောင့် ဂျပန်အလံကို ခြေထောက်မှာတင်းကြပ်စွာစည်းပြီး၊ ညသန်းခေါင်ယံတိတ်ဆိတ်နေတဲ့ အပေါင်းအဖော်တွေရှိရာ ဥမင်ဆီကို ပြန်ရောက်ရှိသွားခဲ့ပါတယ်။
သူရဲ့စွဲလန်းမှုက အလွန်နာကျင်စရာကောင်းပြီး၊ နောက်တစ်နေ့ ဒဏ်ရာရထားတဲ့ခြေထောက် တရွတ်တိုက်ဆွဲရင် လမ်းလျှောက်နိုင်လာတဲ့အထိ ဟန်ချက်ပြန်ထိန်းလိုက်နိုင်တယ်လို့ ပြောပါတယ်။
ဘယ်လောက်ပဲစိတ်ပျက်စရာကောင်းတဲ့အခြေနေဖြစ်ပါစေ ဆက်ပြီးတိုက်ခိုက်ကာ..
ရိုင်ဖယ်ကျည်ဆန်မရှိတော့ရင် သေနတ်နဲ့တိုက်မယ်၊
သေနတ်ကျည်ဆန်မရှိတော့ရင် ရန်သူဆီကလက်နက်လုပြီးတိုက်မယ်။
ဘယ်ဘက်ခြေထောက်နဲ့ လက် ၂ ဖက်လုံးဒဏ်ရာရထားပေမဲ့၊ Bayonet နဲ့လူတစ်ယောက်ကိုသတ်မယ်၊ ဓါးကိုနောက်တစ်ယောက်ဆီပစ်ပေးမယ် အစရှိသဖြင့်…
သေချာတာကတော့ နတ်ဆိုးတို့ရဲ့အစွမ်းသတ္တိတွေနဲ့ ဆက်ပြီးတိုက်ခိုက်နေပုံရပါတယ်.
အဲ့ဒီတိုက်ခိုက်တဲ့ပုံစံကို မြင်တွေ့တဲ့အပေါင်းအပါတွေထံကလည်း နတ်ဆိုးလို့ပုံဖော်ရလောက်အောင် တိုက်ခိုက်နေတယ်လို့ပြောပါတယ်.
သို့သော် ထောက်ပံ့ပေးမှုလည်းမရှိ အစာလည်းမရှိ လုံလောက်တဲ့ဆေးကုသမှုလည်းမခံရတော့ အနာဟာပုပ်ပွလာပြီး လောက်တွေအများကြီးလိုက်လာပါတယ်။
အနာကို လျစ်လျူရှုမထားနိုင်တော့တဲ့အဆုံး ယန်းမှုန့်ကိုမီးရှို့ပြီးကိုယ်တိုင်ကိုင်ကာ လောက်တွေကိုဖယ်ရှားခဲ့ပါတယ်။
အနာလိုက်စားမှုကလည်းရပ်တန့်သွားခဲ့ပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ ပြောက်ကျားစစ်ဆင်ရေးမှာ တစ်ဖြည်းဖြည်းနဲ့ ဂျပန်စစ်သားတွေကိုလိုက်လာပါတယ်။
ဥမင်ထဲမှာ ကိုယ့်ကိုကိုယ်စီရင်ဖို့ လက်ပစ်ဗုံးကိုတောင်းဆိုတဲ့ ပြင်းထန်ဒဏ်ရာရထားတဲ့စစ်သားရဲ့ငိုကြွေးသံကလည်း အသက်ရှက်လျှက်နဲ့ငရဲခံနေရတဲ့ အခြေအနေလို့တောင်ပြောနိုင်ပါတယ်။
船坂 ဟာရန်သူဆီကနေ ဝမ်းဗိုက်ကို ဓါးမြောင်နဲ့အထိုးခံလိုက်ရပြီး၊ လမ်းတောင်မလျှောက်နိုင်တော့ပါဘူး။
နောက်ပြီး အာဟာရပြတ်လပ်မှုနဲ့သွေးအားနည်းသွားခြင်းကြောင့် မျက်လုံး ၂ လုံးစလုံးမမြင်ရတော့ပါဘူး။
ဆက်ပြီးမတိုက်နိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီး၊ ကိုယ်ကိုကိုယ်စီရင်ဖို့ဆုံးဖြတ်ကာ သေတမ်းစာရေးလိုက်ပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးရတဲ့အတွက်
မိဘအပေါ်တာဝန်မကျေခဲ့လို့ စိတ်မကောင်းပါဘူး။
ဝိညာဥ်ဘဝနဲ့ Yasukuni နတ်ကွန်းကိုသွားပြီး
မိဘရဲ့ကျေးဇူးကိုဆပ်ပါတော့မယ်။
တိုင်းပြည်ကအန္တရာယ်ရှိတဲ့အချိန် ဂျပန်သို့ရန်သူတွေ မချည်းကပ်လာပါစေနဲ့
ဆက်ပြီးတိုက်ခိုက်ခဲ့သော်လည်း ခန္ဓာကိုယ်မှာဒဏ်ရာတွေအပြည့်ပါပဲ
ရန်သူအရှေ့မှာ ကျဆုံးသွားတာကခံပြင်းစရာကောင်းသော်လည်း
ရာပေါင်းချီတဲ့ရန်သူတွေကို ချေမှုန်းနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်ကျေနပ်ပါတယ်။
အသစ်တစ်ဖန်မွေးဖွားပြီး တိုင်းပြည်ရဲ့အကျပ်အတည်းကိုကယ်တင်ဖို့ နောက်တစ်ကြိမ်တိုက်ခိုက်ခွင့်ရဖို့ဆုတောင်းပါတယ်။
ကိုယ်ကိုကိုယ် စီရင်ပါတော့မယ်။
အမှတ်ရစရာတွေမကျန်ခဲ့တော့ပါဘူး။
(အဲ့ဒီအချိန် အမိနိုင်ငံကိုစောင့်ရှောက်ပြီး တိုက်ပွဲထဲမှကျဆုံးသွားတဲ့စစ်သားတွေရဲ့ဝိညာဥ်တွေကို တိုကျိုရဲ့Yasukuni နတ်ကွန်းမှာ သိမ်းထားတယ်လို့ပြောကြတာကြောင့်၊ ဒီလိုရေးရခြင်းဖြစ်ပါလိမ့်မယ်။ )
စာရေးပြီးတာနဲ့တစ်ပြိုင်တည်း အဆုံးစီရင်လိုက်ပါတယ်။
ဖြစ်ချင်တော့ လက်ပစ်ဗုံးကမပေါက်ကွဲခဲ့တာကြောင့် မသေဆုံးခဲ့ပါဘူး။
船坂 Funasaka တစ်ယောက် မသေဆုံးတဲ့အရာအပေါ် မျှော်လင့်ချက်တွေပြန်တက်လာကာ၊ လုပ်နိုင်တဲ့အရာကိုဆက်ပြီးလုပ်သွားမယ်လို့ဆိုပြီး အမေရိကန်ကြည်းတပ်စစ်ဌာနချုပ်သို့ ဝင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
လူပေါင်း ၁ သောင်းရှိတဲ့ စစ်ဌာနချုပ်ဖြစ်ပါတယ်။
船坂 Funasaka ဟာ စစ်သားတွေက တဲတစ်ခုအတွင်းစုဝေးလာမယ့်အချိန်ကိုစောင့်နေခဲ့ပါတယ်။
အယောက် ၁ သောင်းနဲ့ ၁ ယောက် တိုက်ပွဲပါ။
ရှုံးမယ့်အခြေအနေကိုတော့ကရုမစိုက်ဘဲ လက်ပစ်ဗုံး ၆ လုံးကိုကိုယ်မှာကပ်ထားပြီး, pistol တစ်လက်တည်းပဲယူသွားကာ ၃ ရက်အကြာ မအိပ်ဘဲမြေမှာဝပ်ပြီးတွားသွားရင်၊ ၄ ရက်မြောက်နေ့မှာတော့ 20m အဝေးမှာရှိတဲ့ မျှော်မှန်းထားတဲ့ တဲဆီသို့ရောက်သွားပါတယ်။
船坂 Funasaka ရရှိခဲ့တဲ့ ဒဏ်ရာပေါင်းဟာ စစ်ပွဲစတဲ့အချိန်ကနေ ရေတွက်ကြည့်ရင် ၂၄ နေရာရှိပါတယ်။
အသက်ရှင်နေသေးတာက အရမ်းကိုထူးဆန်းတဲ့အခြေအနေပါ။
အမေရိကန်စစ်တပ်ကားတွေ တစ်စီးပြီးတစ်စီးဆိုသလို တပ်ချုပ်ဆီသို့ဝင်လာတာကိုကြည့်ပြီး ညာဘက်လက်မှာ safety pin ကိုဖြုတ်ထားတဲ့ လက်ပစ်ဗုံးကိုဆုပ်ထားကာ၊ ဘယ်ဘက်လက်မှာသေနတ်ကိုင်ထားပြီး အားကုန်ထကာချုံပုပ်ထဲကထွက်ခဲ့ပါတော့တယ်။
လုံးဝကိုဇွန်ဘီးလိုပုံစံကြီးကိုမြင်လိုက်ရတဲ့ အမေရိကန်စစ်သားတွေ အလွန်ကြောက်လန့်သွားခဲ့ပေမဲ့၊ အရာရှိရဲ့ရိုက်တာကိုခံလိုက်ရပြီး လဲကျသွားပါတယ်။
အမေရိကန်စစ်သားတွေဆီကနေ စစ်အတွင်းသေသူလို့ သတ်မှတ်ခြင်းခံရပါတယ်။
ရန်သူဖြစ်တဲ့ အမေရိကန်သို့ကူးသွားခဲ့တဲ့ 船坂 ရဲ့အံ့အားသင့်စရာတိုက်ခိုက်မှုမှာ အမေရိကန်စစ်သားတွေလည်း မလေးစားဘဲမနေနိုင်တော့ပြီ..
ဒါကြောင့်သူ့ကို လူသေတွေထားတဲ့နေရာကိုပဲသယ်သွားခဲ့ပါတယ်။
အမေရိကန်ဘက်ကစစ်ဆရာဝန်ဟာ 船坂 ရဲ့လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်ပစ်ဗုံးနဲ့သေနတ်ကို တစ်ခုချင်းစီလက်ကိုလျော့ပေးရင်း ယူလိုက်ကာ “ ဂျပန်ရဲ့ဆာမူရိုင်းတွေမှာသာရှိတဲ့ သတ္တိမျိုးနဲ့သေတဲ့လူပဲ” လို့ ပြောခဲ့ပါတယ်။
သို့သော် ဇာတ်လမ်းကဒီမှာတင်မပြီးဘဲ…
၃ ရက်အကြာမှာ 船坂 Funasaka တစ်ယောက် နလန်ထူနိုင်ခဲ့ပြန်ပါလေရော….
ရန်သူအမေရိကန်တပ်လည်း 船坂 Funasaka ကိုအရမ်းလေးစားသွားပြီး ဆေးကုသမှုတွေကိုပြုလုပ်ပေးပါတယ်။
ဒါပေမဲ့ လမ်းလျှောက်နိုင်လာတဲ့အထိ ပြန်ကောင်းလာတဲ့အခါမှာတော့ ၊ 船坂 ဟာ စစ်သင်္ဘောရဲ့ bow ကိုခိုးကာထွက်ပြေးသွားပါတယ်။
ကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေရဲ့အလောင်းကနေ ပစ္စတိုကျည်ဆန်တွေကိုထုတ်ကာ၊ ယမ်းမှုန့်တွေကိုစုဆောင်းပြီး၊ ဒါကိုအသုံးပြုကာအမေရိကန်ကြည်းတပ်ကခဲယမ်းတွေကိုဖောက်ခွဲလိုက်ပါတယ်။
နောက်ပြီးအဲ့ဒီအတိုင်း သူ၏အခြေစိုက်စခန်းကိုပြန်သွားပေမဲ့၊ အမေရိကန်တပ်ရဲ့နောက်တစ်ကြိမ်ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး စစ်သုံ့ပန်းဖြစ်သွားပါတယ်.
အဲ့ဒီနောက်မှာတော့ စခန်းတစ်ခုပြီးတစ်ခုကိုရောက်ရှိကာ၊ နောက်ဆုံးမှာတော့ 1946 ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ ဂျပန်သိုပြန်ရောက်ရှိလာခဲ့ပါတယ်။
မိသားစုကတော့ သူဟာစစ်သည်တစ်ဦးဖြစ်ကြောင်းသတင်းရရှိခဲ့ပေမဲ့၊ မိဘအိမ်ကိုပြန်ရောက်တဲ့အခါ ဘုရားစင်မှာ သူ့ရဲ့နာမည်ကျောက်ပြားကိုတွေ့လိုက်ရပါတယ်။ (သေပြီလို့ထင်နေကြတာကိုး…)
အဲ့ဒီနောက် 船坂 Funasaka ဟာ ရက်စက်တဲ့စစ်ပွဲအတွင်း အတွေ့အကြုံတွေကနေ မျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ အမေရိကန်ရဲ့ကောင်တဲ့အချက်တွေအားလုံးကိုသင်ယူမယ်ဆို
ဂျပန်ရဲ့စက်မှုလုပ်ငန်း၊ ယဥ်ကျေးမှု၊ ပညာရေးမှာတိုးတက်မှုရှိလိမ့်မယ်လို့ စဥ်းစားမိပြီး၊
မီးလောင်မြေဖြစ်ခဲ့တဲ့ Tokyo-Shibuya ရဲ့ ဘူတာရှေ့ အကွက်လေးမှာ စာအုပ်ဆိုင်အသေးလေးဖွင့်ခဲ့ပါတယ်။
ဒါဟာ Shibuya ရဲ့ သင်္ကေတတစ်ခုအဖြစ် 大盛堂書店 Daiseido စာအုပ်ဆိုင်က တိုးတက်လာပါတယ်။
船坂 Funasaka ဟာစာအုပ်ဆိုင်ကိုစီမံရင်း ကိုယ်ပိုင်စာအုပ်ကိုထုတ်ဝေသွားခဲ့ပါတယ်။
အဲ့ဒီစာအုပ်ရဲ့အကျိုးအမြတ်က တစ်ကမ္ဘာလုံးရှိလူတွေအတွက်အသုံးဝင်ဖို့မျှော်လင့်ပြီး..
ပိုက်ဆံတွေအားလုံးကိုလည်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းကိုလှူဒါန်းသွားခဲ့တယ်လို့ပြောပါတယ်။
သူဟာ ကြံ့ခိုင်သူတစ်ယောက်အဖြစ်သာမက ကမ္ဘာအတွက်ကြင်နာတတ်သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
船坂 Funasaka လိုလူမျိုးက တကယ့်သူရဲကောင်းပါပဲ…….
Kengo Abe