စိတ်ငြိမ်းချမ်းမှု ဧရိယာထဲမှထွက်ပါ !!!!!!!

နှစ်သစ်ရောက်တဲ့ အခါတိုင်း နှစ်စဉ်ရည်မှန်းချက်ပန်းတိုင်ထားသူများစွာရှိမယ်လို ကျွန်တော်ထင်ပါတယ်။
သို့ပေမယ့် ဒီရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်တဲ့သူတွေက တော့ လူအနည်းငယ်သာရှိမယ်လို့ထင်ပါတယ်။

စိတ်အားထက်သန်မှုရှိနေတာတောင်မှ ဘာလို့ မအောင်မြင်နိုင်တာလဲ?
ဒီအကြောင်းရင်းက ဘာကြောင့်လဲဆိုတော့ လုံခြုံစိတ်ချရတဲ့နေရာမှ ထွက်ခွာခြင်းမပြုလိုတဲ့ စိတ်ရှိနေလို့ဖြစ်ပါတယ်။

ကျွန်ုပ်တို့တွေရဲ့ ရည်မှန်းချက်များအောင်မြင်ရန် ကျွန်ုပ်တို့ရဲ့နေထိုင်မှုကို ပြောင်းလဲပစ်ရန်လိုပါတယ်။
ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းကတော့ သဘာဝပဲဖြစ်ပါတယ်။
ဒါကိုငါကြောက်တယ်၊ သာယာတဲ့ အေးဆေးတည်ငြိမ်တဲ့နေရာကို ပြန်သွားတော့မယ်ဆိုပြီးပဲ တွေးနေလို့ပါ။

လုံခြုံစိတ်ချရတဲ့နေရာကို ပြန်ရောက်စေသည့်အကြောင်းရင်းသုံးခုကို ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးကြည့်ပါမယ်။

၁။ ပတ်ဝန်းကျင်ထင်မြင်ချက်များ နှင့် အမြင်ကျွန်ုပ်တို့ရဲ့ တန်ဖိုးနဲ့ ထင်မြင်ချက်တွေဟာ ကျွန်ုပ်တို့ရဲ့ အသိမိတ်တွေများ၊ မိသားစုများ၊ ရွယ်တူသူငယ်ချင်းများနှင့် ကျွန်ုပ်တို့လေးစားရတဲ့သူများက အတော်လေးလွှမ်းမိုးမှုရှိပါတယ်။

သူတို့ရဲ့ တန်ဖိုးနဲ့ ထင်မြင်ချက်တွေအကြောင်းကိုတော့ အများကြီးမစဉ်းစားဘဲ လက်ခံမိလေ့ရှိပါတယ်။
ဒီလိုမျိုးသင့်ကို လွှမ်းမိုးထားတဲ့ သူတွေထဲမှာမှ ဘယ်နှ‌စ်လောက်ယောက်က သူတို့ရဲ့ရည်မှန်းချက်တွေဆီကို သေသေချာချာ ဦးတည် ရွေ့လျားနေကြသလဲ?

“ ဒီလိုမျိုးရည်မှန်းချက်မျိုးကကောင်းပေမယ့် မဖြစ်နိုင်လိုက်ဘူးမလား ? ”
“ မင်းအခုလုပ်ချင်တာလား? မင်းငယ်ပါသေးတယ်နော် ? ”

ဒီလိုစကားလုံးတွေထဲမှာ ရှုံးနိမ့်သွားလို့မဖြစ်ပါဘူးနော်။လုပ်မယ်လို့ ဆုံးဖြတ်ထားရင် လုပ်ပါ။
ဆုံးဖြတ်ပြီးမှ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေ၊ မျက်လုံးတွေကြောင့် အလွန်အမင်း စိတ်ပူနေတာတွေ ပူပန်နေတာတွေ မဖြစ်အောင် သတိပြုပါ။

 

https://storage.googleapis.com/stateless-www-knowkpop-com/2020/01/7710f010-10-ways-to-overcome-fear-and-break-out-of-your-comfort-zone-1024×682-1-768×512.jpg

 

 

၂။ ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ နံရံအတိတ်ကကျရှုံးမှုတွေ၊ တာဝန်တွေက အတားအဆီးဖြစ်လာစေပြီး ပန်းတိုင်ကို ရောက်ဖို့ အဟန့်အတားတွေလည်း ဖြစ်စေတတ်ပါတယ်။

အခုချိန်ထိရလာတဲ့ အတွေ့အကြုံတွေကြောင့် ကိုယ့်ကိုယ်ကို မကောင်းဘူးလို့ တွေးမိပြီး မဖြစ်နိုင်တာကို မလုပ်တော့ဘူးဆိုပြီး ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီလို ကိုယ်တိုင်ပြုလုပ်လိုက်တဲ့ ကန့်သတ်ချက်က သင်ဖန်တီးလိုက်တဲ့ မှားယွင်းမှုတစ်ခုမဖြစ်နိုင်ဘူးလား?

အားစိုက်မထုတ်ဘဲ ပွင့်တဲ့ ပန်းဆိုတာ မရှိသလောက်ပါပဲ။
ပရော်ဖက်ရှင်နယ်အားကစားသမားများတောင်မှ အစတည်းက တော်တဲ့ သူတွေမဟုတ်ကြပါဘူး။
သူတို့တွေရဲ့ အစွမ်းကုန်ကြိုးစားအားထုတ်မှုများကြောင့် သူတို့ရဲ့ထူးကဲကောင်းမွန်မှုတွေကို ပိုင်ဆိုင်နိုင်တာပါ။

အဘယ်သူမျှ ပါရမီရှင်အနေနဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ မွေးဖွားလာတာမဟုတ်ပါဘူး။
ကိုယ်က အစွမ်းကုန် အတတ်နိုင်ဆုံးမကြိုးစားကြည့်ဘဲနဲ့ ကျွန်တော်ဟာပါရမီရှင်တစ်ယောက် ဟုတ်လား မဟုတ်လားဆိုတာကို မဆုံးဖြတ်နိုင်ပါဘူး။

ဒါ့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရဲ့ ရှိသမျှအင်အားတွေနဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

 

၃။ ပြောင်းလဲမှုကိုကြောက်ရွံ့ခြင်း

ယခု ကိုယ်ရောက်ရှိနေတဲ့ နေရာက တည်ငြိမ်ပြီးလုံခြုံတဲ့ နေရာဖြစ်တယ်။

လူသားတွေဟာ လုံခြုံတဲ့နေရာကို အလိုလိုရှာဖွေကြပါတယ်။

စီးကရက်သည် သင်၏ကျန်းမာရေးအတွက်မကောင်းကြောင်း လူတိုင်းသိသော်လည်း သင်ဆေးလိပ်သောက်သူကို သင်မေးတဲ့အခါ၊
“ သင်အဆုတ်ကင်ဆာဖြစ်တာမဖြစ်တာက ကံပဲ၊ ငါကတော့ ကံကောင်းတဲ့သူဖြစ်လို့ အဆင်ပြေပါတယ်”
“ ဆေးလိပ်မသောက်ဘဲ အဆုတ်ကင်ဆာဖြစ်တဲ့သူလည်းရှိတာပဲလေ?”
သူ စိတ်ရောမှန်ရဲ့လား ?

ကံဆိုတာလည်း ရှိတယ်ဆိုတာ ဟုတ်ပေမယ့် ဆေးလိပ်မသောက်တဲ့သူတွေအတွက်တော့ အဆုတ်ကင်ဆာမဖြစ်စေတဲ့ ကံကောင်းခြင်း အခွင့်အလမ်းကို များပြားစေပါတယ်။

ဒါကတော့ လူတိုင်းသိပါတယ်။ သူကိုယ်တိုင်လည်း သိမှာသေချာပါတယ်။
သင် ဘယ်လောက်ပဲစာကြိုးစားလေ့လာပါစေ သင်ဖြစ်တဲ့ ရှေ့နေဖြစ်မလာတာ ရှိကောင်းရှိနိုင်ပါတယ်။သို့သော် သင်စာမလေ့လာပါက ရှေ့နေဖြစ်ရန် ဖြစ်နိုင်ခြေမှာသုညပါ။

လေ့လာပြီးနောက်၊ သင့်ရဲ့ ကြိုးစားမှုပေါ် မူတည်ပြီး အောင်မြင်ရန် သင်ရဲ့ အခွင့်အလမ်းကိုတိုးနိုင်ပါတယ်။
လူတွေဟာ အားနည်းပြီးစိတ်ငြိမ်သက်မှုရလိုကြပါတယ်။
လေ့လာခြင်းထက် လူတိုင်းက အရက်သောက်ပြီး ထိုင်ငြီးနေတာပို လွယ်ကူပါတယ်။ဂိမ်းဆော့လိုက် ပိတ်ရက်ဆို တစ်နေကုန်အိပ်လိုက်နဲ့ ပဲလုပ်နေမိတယ်။

ဒါပေမဲ့ ကိုယ်တိုင်လည်း နားလည်နေ သိနေရဲ့သားနဲ့ ဒါတွေကို မပြောင်းလဲနိုင်ဘူးဖြစ်နေမယ်၊ လက်ရှိအခြေအနေကို တိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ . . .
သင့်ရဲ့ပန်းတိုင်ကိုလည်းရောက်မှာမဟုတ်ပါဘူး။

အောင်မြင်ချင်တယ် တိုးတက်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ တည်ငြိမ်နေတဲ့ နေရာကနေ တစ်လှမ်းချင်းကြိုးစားပြီး သတ္တိရှိရှိနဲ့ ထွက်နိုင်ဖို့ ကြိုးစားကြည့်ပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: