လမ်းပေါ်ကနေ ကမ္ဘာသို့တက်ခဲ့သူ Yuya Hasegawa (shoeshiner) !!!

အမျိုးသားတွေအများစုဟာ leather shoes တွေကိုကြိုက်ကြပါတယ်။
leather shoes တွေဟာ စတိုင်ကျတယ်လို့ပြောရင် သင်ငြင်းလိမ့်မှာမဟုတ်ပါဘူး?
သူရဲ့ကျစ်လစ်ပြီးပြောင်လက်နေမှုဟာ ဇိမ်ခံပစ္စည်းအမျိုးအစားထဲမှာပါဝင်ပါတယ်။

စိမ်ခံပစ္စည်းထဲကတစ်ခုဆိုသလို ဈေးကလည်းထိုက်ထိုက်တန်တန်ကိုပေးရပါတယ်။
ဘာကြောင့်သင်ဟာ leather shoes ကိုစီးသင့်သလဲလို့ပြောရင် leather ဟာသဘာဝအတိုင်းဖြစ်ပြီး လေဝင်လေထွက်ရှိတယ်။ ဒါကြောင့် ခြေထောက်ရဲ့အနံ့အသက်ဆိုးတွေကနေ ကာကွယ်ပေးပါတယ်။

ဖိနပ်ဆိုတာဟာ ဘဝရဲ့ခြေလှမ်းတော်တော်များများမှာအတူရှိပေးတဲ့အရာဖြစ်ပြီး၊
ခြေလှမ်းအသစ်တွေအတွက်လည်း အမှတ်တရရှိတဲ့ဖိနပ်နဲ့အတူလျှောက်လှမ်းကြပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ဆိုရရင် အမျိုးသားအများစုဟာ leather shoes ကိုတန်ဖိုးထားကြပြီး အောင်မြင်မှုတစ်ခုအတွက် ဂုဏ်ပြုခြင်းခံရတဲ့ leather shoes ကို အရေးကြီးတဲ့အလုပ်အင်တာဗျူးတို့၊ လက်ထပ်ထိမ်းမြားတဲ့နေ့တို့မှာ စီးကြပါတယ်။


https://www.tokyu-hands.co.jp/hintmagazine/assets_c/1802shoecare_12.jpg

အဲ့ဒီလိုတန်ဖိုးထားသလိုပဲ leather ဟာ အပွန်းအပဲ့မခံပါဘူး။ အခြစ်ရာအစင်းရာထင်သွားခြင်း၊ ဖုန်တက်ခြင်း စသည်တို့ဆို အရမ်းသိသာပါတယ်။

ဒါကြောင့်အမြတ်တနိုးထားရတဲ့ leather shoes တွေကို နေ့တိုင်းဆိုသလိုအချိန်ပေးပြီးတိုက်ကြတဲ့အလုပ်ဟာ လွန်ခဲ့တဲ့WW2 မတိုင်ခင်တည်းကရှိခဲ့ပါတယ်။

ဒီနေ့ပြောပြပေးမယ့်ပုဂ္ဂိုလ်ကတော့ World Shoes Shine Championship Winner
2018 ကိုရရှိသွားတဲ့ ဂျပန်လူမျိုး Yuya Hasegawa ပဲဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ Yuya Hasegawa ဟာ professional shoeshiner တစ်ယောက်ဖြစ်ပါတယ်။

သူဟာမိသားစုထဲမှာ သားကြီးတစ်ယောက်ဖြစ်သလို မိခင်ကိုကူညီချင်ပြီး မိခင်အပေါ်မှီခိုရတဲ့ သားတစ်ယောက်မဖြစ်ချင်ခဲ့တာပါ။
သူ့ကိုတော့ ၁၉၈၄ ခုနှစ် Chiba ခရိုင်မှာမွေးဖွားခဲ့ပါတယ်။

သူအသက် ၂၀ မှာအကြံတစ်ခုရခဲ့ပါတယ်။ သူတို့ခရိုင်ရဲ့လမ်းပေါ်တစ်နေရာမှာ ဖိနပ်တိုက်မယ်ဆိုပြီးတော့….

ဒီလိုနဲ့အသက် ၂၀ ကနေစပြီးဖိနပ်တိုက်သမားလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အလုပ်တစ်ခုရခဲ့ပေမဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့်ထွက်လိုက်ရပြီး အိမ်ပြောင်းရွေ့တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။

သို့သော် ဒီအလုပ်ဟာလည်းနေ့စားဖြစ်ပြီး ပုံမှန်ဝင်ငွေမရှိတဲ့အတွက် အဲ့ဒီအချိန် ချောကလက်ပေါင်မုန့်ချောင်းကိုတောင် ဝယ်သင့်မဝယ်သင့်ကိုမှစဥ်းစားခဲ့ရတဲ့ ဆင်းရဲတဲ့အချိန်ကိုဖြတ်သန်းခဲ့ရပါတယ်။

 


https://www.tokyu-hands.co.jp/hintmagazine/assets_c/1802shoecare_06.jpg

ဒါနဲ့သူဟာဖိနပ်တွေတိုက်ရင်းနဲ့ တစ်နေ့သူ့ဆီကို customer တစ်ယောက်ရောက်လာခဲ့တယ်။
သူဖိနပ်တိုက်တဲ့ပုံစံကိုကြည့်ပြီး “ တော်တော်ညံ့တာပဲ professional တွေတိုက်တာတောင် မင်းမမြင်ဖူးဘူးလား” ဆိုပြီး သူ့ကိုဆိုးဝါးတဲ့စကားတွေနဲ့ဖိအားပေးလိုက်ပါတယ်။ သူကတော့ နောင်အခါမှာ Hasegawa ရဲ့ဆရာတစ်ယောက်ဖြစ်လာမယ့် Sekijima Katsumi ဆိုသူပဲဖြစ်ပါတယ်။

အဲ့ဒီစကားက Hasegawa ရဲ့ပြိုင်ဆိုင်လိုစိတ်ကို မီးမွှေးပေးလိုက်သလိုဖြစ်ပြီး၊ တိုကျိုသို့တက်ကာ professional တွေ ဖိနပ်ဘယ်လိုတိုက်သလဲဆိုတာ လေ့လာမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။
သူသိလိုက်ရတာကတော့ wax နဲ့အတူ ရေကိုသုံးပြီးတိုက်ကြတာပဲဖြစ်ပါတယ်။

ဒီလိုနည်းလမ်းအသစ်တွေရရှိပြီး မခံချင်စိတ်ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် တစ်ရက်တည်းကိုပဲ customer အယောက် ၄၀ လောက်သူ့ဆီရောက်လာပါတယ်။

တကယ်တော့ ဒုတိယကမ္ဘာစစ်မှာ လူတော်တော်များများဟာအလုပ်ပြုတ်သွားပြီး ဖိနပ်တိုက်သမားအဖြစ်လုပ်ကိုင်ကြတဲ့လူတွေ များလာပါတယ်။
ဒီအလုပ်အကိုင်ဟာ လက်ရှိအချိန်ထိကျန်ရှိပါသေးတယ်။

Hasegawa ကိုလည်း မကြာခဏဆိုသလိုမေးကြတယ်။
ထမင်းနပ်မှန်အောင်စားရမယ့်အချိန်ပိုင်းအလုပ်မလုပ်ချင်ဘူးလား၊ ကြိုးစားမယ်ဆို ရှေ့နေတို့၊ စာရင်းကိုင်တို့ပါဖြစ်နိုင်တယ်လို့ ပြောလာကြတယ်။
တစ်နည်းအားဖြင့်ဆိုသော် ဖိနပ်တိုက်သမားဆိုတာ ဆင်းရဲတဲ့လူတွေသာလျှင်လုပ်တဲ့ အလုပ်လို့လူအများရဲ့စိတ်ထဲမှာစွဲနေတာကြောင့်ဖြစ်ပါတယ်။

ဒီလိုနဲ့ လအနည်းငယ်ကြာတဲ့အခါ ယခင်ကသူ့ကို ညံ့တယ်လို့ပြောတဲ့ဖောက်သည်ဟာပြန်ရောက်ရှိလာပါတယ်။

ဒီတစ်ခါတော့ သူရဲ့လုပ်ပုံကိုင်ပုံကိုသဘောကျသွားပြီး သူ့ရဲ့အလုပ်ဆီကိုခေါ်သွားခဲ့တယ်။
အဲ့ဒီအချိန်မှာပထမဆုံးအနေနဲ့သူသိလိုက်ရတာကတော့ shoeshiner တွေမှာ လူတွေကိုပျော်ရွှင်စေတဲ့ စွမ်းအားနဲ့ လူတွေရဲ့ဘဝကိုတောက်ပစေနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာပဲဖြစ်ပါတယ်။
ဒါနဲ့ပဲသူ့ဟာ အလုပ်ထဲမှာပိုပိုပြီးစိတ်ဝင်စားလာပါတော့တယ်။

ဒီအလုပ်ကမစားလောက်ဘူး ဆိုတဲ့အတွေးကြောင့် လူတိုင်းကိုသက်သေပြဖို့ကြိုးစားရင်း 2018 ခုနှစ် (အသက် ၃၃ နှစ်)မှာပဲ World shoes shine Championship winner ကိုရရှိသွားပါတယ်။

လက်ရှိမှာတော့ Tokyo Aoyama မှာဆိုင်ဖွင့်ထားပြီး၊ သူ့ရဲ့ဆိုင်အပြင်အဆင်ကလည်း classic ဆန်တဲ့ old fashion ပုံစံမြင်တွေ့ရမှာပါ။

https://hands.net/hintmagazine/mag/assets_c/2018/01/1802shoecare_top-thumb-700xauto-14116.jpg

သူအမြဲတမ်းကိုင်ဆောင်ထားတဲ့ဆောင်ပုဒ်ကတော့
“ shoeshiner တစ်ယောက်ဖြစ်ရတာက ဖိနပ်တွေကိုပဲပြောင်အောင်တိုက်နေတာမဟုတ်ဘဲ ဖိနပ်ပိုင်ရှင်ရဲ့ဘဝကိုပါ လင်းလက်သွားအောင်ကူညီပေးနေတာပဲဖြစ်တယ်။ ”

သူ့ဆီရောက်လာတဲ့ ပွန်းပဲ့အရောင်မှိန်းနေတဲ့ leather shoes တွေကို
စေတနာအပြည့်နဲ့တိုက်ပေးပြီးနောက် မမှတ်မိလောက်အောင်ပြောင်းလဲသွားမှုကိုမြင်လိုက်ရတဲ့အခါ customer တွေအရမ်းပျော်ရွှင်သွားရပါတယ်။ ဒါကိုသူကပီတိဖြစ်တာပါ။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုသွားတဲ့ ခြေလှမ်းတိုင်းမှာ ဖိနပ်တွေကကျွန်တော်တို့ရဲ့အဖော်ပါပဲ။

 

https://pbs.twimg.com/media/C_uxE8MXsAIfud1.jpg

မဆုတ်မနစ်နဲ့ကြိုးစားတတ်သူ Yuya Hasegawa တစ်ယောက် နောက်ဆုံးမှာတော့ shoeshiner ရဲ့အလုပ်ဟာ လူတွေရဲ့ဘဝကိုဘယ်လောက်အထိတောက်ပစေနိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ…….

 

HsuMon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: