အရှုံးပေါ်နေတဲ့ စားသောက်ဆိုင်၊ အမြတ်မရတာတောင် ဘာကြောင့်လုပ်နေရသလဲ ?!!!

အရမ်းဈေးသက်သာတဲ့ဆိုင်တွေက ဂျပန်မှာအများကြီးရှိပါတယ်။
အရွယ်အစား ဧရာမကြီးတွေကိုရနိုင်တဲ့ဆိုင်တွေလည်း ဂျပန်မှာမကြာခဏဆိုသလိုတွေ့နိုင်ပါတယ်။

သို့သော် အဲ့ဒီဟင်းပွဲကြီးတွေကို ဈေးသက်သက်သာသာနဲ့စားနိုင်တယ်ဆိုတာကတော့ မရှိပါဘူး။
ဟုတ်တယ်မဟုတ်လား။ ဒီလိုသာလုပ်နေမယ်ဆိုရင် စီးပွားဘယ်ဖြစ်တော့မလဲနော်……

http://r.gnavi.co.jp/g-interview/entry/nekota/4022

ဒီဆိုင်ဟာ Kamitabashi ဘူတာအနီးမှာရှိတဲ့ဆိုင်တန်းတွေထဲကတစ်ခုဖြစ်ပါတယ်။
ဒီနေရာကလက်ရှိ နာမည်ကြီးနေတဲ့ Kamon လို့ခေါ်တဲ့ အရက်ပါရနိုင်တဲ့စားသောက်ဆိုင်လေးဖြစ်ပါတယ်။

နောက်ပြီး ဆိုင်ရှင်ဖြစ်တဲ့ဒီပုဂ္ဂိုလ်ကတော့ Mansūru ဆိုသူဖြစ်ပြီး၊ အီရန်နိုင်ငံကနေ ဂျပန်ကိုလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မီးနူးတွေကတော့ အားလုံး ယန်း 400 စီပဲဖြစ်ပါတယ်။

ကဲ.မှာခဲ့တာကတော့ Tofu Salad ပါ။

အများကြီးပဲနော်… ဈေးသက်သာတယ်ဆိုတာထက် စားလို့တောင်မကုန်နိုင်ဘူးမဟုတ်လား။

အခြားမီးနူးတွေလည်းကြည့်ရအောင်…
Fried chicken…

မိခင်တိုင်းပြည်အီရန်နိုင်ငံရဲ့ဟင်းလျာဟာ….ဒီဆိုင်မှာတော့ “ Iran popular roll” ဆိုတဲ့နာမည်နဲ့ရနိုင်ပါတယ်။

bacon eggs ကရော မိသားစုလိုက်ကြီးစားမှကုန်မှာနော်….

Curry fried rice ထည့်ထားတဲ့ omuraisu ကိုကြည့်ပါအုံး အများကြီးပဲ..

အဲ့ဒီထမင်းကြော်မှာ ထမင်းက ပန်းကန်လုံး ၄၊ ၅ လုံးစာလောက်ရှိပါတယ်။

 

 

စားလို့မကုန်ဘူးဆိုလည်း အိမ်ပြန်ယူသွားလို့ရပါတယ်။

ဒီဆိုင် ငွေကောပြန်လည်ပတ်နိုင်ပါ့မလား?
အရှုံးပေါ်မှာပဲမဟုတ်လား? လို့မေးကြည့်လိုက်တဲ့အခါ ….

ရှုံးပါတယ်။ .. လို့ပြုံးပြုံးကြီးနဲ့ပြောလာတဲ့ Mansūru…

1988 ခုနှစ်မှာဂျပန်ကိုလာပြီး ဂျပန်ဘာသာစကားကိုလေ့လာခဲ့ပါတယ်။
ဂျပန်လူမျိုးအမျိုးသမီးနဲ့လက်ထပ်ပြီးဂျပန်မှာပဲနေထိုင်ဖို့ ဆုံးဖြတ်ကာ၊ ကျောင်းသားတွေလုပ်တဲ့ အချိန်ပိုင်းအလုပ်အတွေ့အကြုံလည်းသူမှာရှိပြီး၊ လွန်ခဲ့တဲ့ ၂၅ နှစ်မတိုင်ခင်မှာ ဒီစားသောက်ဆိုင်ကိုဖွင့်ခဲ့ပါတယ်။

အစကတော့ ပုံမှန်အရွယ်အစားဟင်းလျာနဲ့ ပုံမှန်ဈေးသတ်မှတ်ပြီးရောင်းချခဲ့ပုံရပါတယ်။
ဒီလိုမီနူးဖြစ်လာတဲ့အကြောင်းကတော့ “ ကလေးအတွက်အသားကိုစားစေချင်တယ်” ဆိုတဲ့စိတ်ကနေ အစပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်မတိုင်ခင်‌လောက်က ဆိုင်ကိုအသက်ငယ်ငယ်ဇနီးမောင်နှံ ၂ ယောက်ရောက်လာခဲ့ပါတယ်။
အမျိုးသမီးရဲ့ဗိုက်ထဲမှာ ကလေးလေးရှိပါတယ်။
အဲ့ဒီကိုယ်ဝန်နဲ့အမျိုးသမီးက မီနူးထဲမှာ Dice steak ကိုရွေးလိုက်တဲ့အခါ အမျိုးသားဖြစ်သူက..
၈၀၀ ယန်းတောင်လား….ဈေးကြီးတယ်လေ..လို့ပြောပြီးဈေးသက်သာတဲ့ ခေါက်ဆွဲကြော်ကိုပဲစားပြီး ပြန်သွားကြပါတယ်။

အဲ့ဒီလင်မယားပြောလိုက်တဲ့စကားက ‌Mansūru ရဲ့ခေါင်းထဲကနေမထွက်တော့ပါဘူး။

Dice steak သာပိုပြီးဈေးသက်သာမယ်ဆိုရင် သူတို့တွေစားဖြစ်သွားမှာ..
ဗိုက်ထဲမှာရှိတဲ့ကလေးလေးလည်း အာဟာရဖြစ်သွားမှာပဲ….

အဲ့ဒီလိုတွေးပြီးဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီအမျိုးသမီးစားခဲ့တဲ့ခေါက်ဆွဲကြော်က ၃၈၀ ယန်းပါ။
ဒါဆို အားလုံးကို ၃၈၀ ယန်းပဲလုပ်ပစ်လိုက်မယ်!

အဲ့ဒီကနေစပြီး ၁ ရက် ၂ ရက်ကြာတဲ့အခါမှာတော့ အဲ့ဒီလင်မယား ၂ ယောက် ဆိုင်ကိုပြန်ရောက်လာခဲ့ပါတယ်။
ဟယ် အကုန်လုံး ၃၈၀ ယန်းဖြစ်သွားပြီး!
ဒါဆို ကြိုက်တာစားလို့ရပြီးပေါ့ လို့ ၂ ယောက်သားပြောနေတာကိုကြားပြီး Dice steak မှာလိုက်တဲ့ လင်မယား ၂ ယောက်ကိုကြည့်ကာ ‌Mansūru အပျော်ကြီးပျော်နေပါတယ်။

ပထမအကြိမ်တုန်းကမစားလိုက်ရတဲ့အရွယ်ပမာဏထက်ကို ဒီတစ်ခါမှာတော့ ၂ ဆပြင်ဆင်ပေးခဲ့ပါတယ်။
အဲ့ဒီဟင်းပွဲကြီးကိုကြည့်ပြီး ဇနီးမောင်နှံ ၂ ယောက်လန့်သွားခဲ့ပါတယ်။

Mansūru က
ကျွန်တော်တို့ဟာ ပိုက်ဆံရှာကြသူတွေဖြစ်တာကြောင့် ဈေးနှုန်းကိုလျော့ပြီးအရေအတွက်ကိုပဲ များအောင်လုပ်လိုက်တာပါ။

လို့ရယ်ပြီးဖြေကြားခဲ့ပါတယ်။
သေချာတာကတော့ သူလိမ်နေတာပါ။
သို့သော် ဒီသတင်းဟာပြန့်နှံ့သွားပြီး အားလုံးဟာလည်းဒီလို ဟင်းပွဲကြီးရမယ်လို့မျှော်လင့်ပြီးဆိုင်ကိုလာကြပါတယ်။
သူတို့မျှော်လင့်ထားတာကိုစိတ်မပျက်သွားစေဖို့ တစ်ဖြည်းဖြည်းဒီလို ဟင်းပွဲကြီးတွေဖြစ်လာတာပဲဖြစ်ပါတယ်။

ဘယ်လိုပဲကြည့်ကြည့် ဒါဟာအရှုံးပေါ်မှာပါပဲ..
Mansūru ဟာ ဒီဆိုင်ကစားသောက်ဆိုင်ပဲမဟုတ် အရက်ပါရနိုင်တာကြောင့် အရက်သောက်သွားပါအုံးလို့ပြောပါတယ်။
အရက်လည်းဈေးအရမ်းမကြီးပေမဲ့၊ ဟင်းလျာတွေနဲ့မတူဘဲ အနည်းငယ်တော့ အမြတ်ရပါတယ်။
သို့သော် အရက်မသောက်ဘဲ ရေနဲ့ဟင်းပွဲတွေပဲမှာတဲ့လူတွေကိုလည်း သူဘာမှမပြောပါဘူး။

ဆိုင်ထဲမှာလည်း ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့နာရီရှိပါတယ်။

 

နာရီလက်တံတွေတော့မပါ ပါဘူး။
သို့သော် အများကြီးရှိနေပါတယ်။

၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းမှာလှုပ်ခက်သွားတဲ့ငလျင်ပြီးတဲ့နောက်၊ အဲ့ဒီဝမ်းနည်းစရာအမှတ်တရကိုမမေ့ဖို့အတွက် ငလျင်လှုပ်ခက်ပြီးရပ်သွားတဲ့အချိန် ၂ နာရီ ၄၆ မိနစ် ကိုဆိုင်ထဲမှာထား ထားပါတယ်။
သို့သော် ငလျင်ကြောင့် ကလေးကိုဆုံးရှုံးလိုက်ရတဲ့ဖခင်တစ်ယောက် ဆိုင်ကိုလာပြီး နာရီကိုကြည့်လိုက်တဲ့အခါ မျက်ရည်တွေကျလာခဲ့ပါတယ်။
အဲ့ဒါကိုကြည့်ပြီး ရှိသမျှနာရီတွေရဲ့လက်တံတွေကို ဖြုတ်ခဲ့တာပဲဖြစ်ပါတယ်တဲ့….
လူတွေရဲ့နာကျင်မှုကိုလည်း ဂရုစိုက်တတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။

ခက်ခဲတဲ့အခြေအနေဖြစ်တာတောင် ဝန်ထမ်းတွေအားလုံး ပြုံးပြုံးလေးပါပဲ။

ဘယ်ဘက်ကအမျိုးသမီးက သူရဲ့ဇနီးဖြစ်ပါတယ်။ သို့သော် Mansūru ရဲ့သိပ်ပြီးအမြတ်မရှိလှတဲ့ စီးပွားရေးမှာ သူမဘာမှမပြောပါဘူး။

ချစ်တဲ့အတွက်လည်း မတတ်နိုင်ဘူးလေနော်….

Mansūru ၊ ဆိုင်မှာအရှုံးပေါ်တဲ့အခါ တစ်နေ့လုံးဆောက်လုပ်ရေးမှာအချိန်ပိုင်းအလုပ်လုပ်ပါတယ်။
အဲ့ဒီလောက်အထိ အားလုံးပျော်ရွှင်စေဖို့ ဒီဆိုင်ကိုဆက်ပြီးဖွင့်နေရခြင်းပဲဖြစ်ပါတယ်။
ဒီလောက် ကြင်နာတတ်တဲ့လူ ဂျပန်မှာရှိပါတယ်။

Mansūru ဟာ တန်ဖိုးရှိတဲ့အချက်အလက်တွေကို တိုးတိုးလေးပြောပြခဲ့ပါတယ်။
၁ ယောက်ကို ယန်း ၃၀၀၀ ကျမယ့်ဟင်းပွဲတွေရှိတယ်ဗျ !!!
တော်ပါပြီလို့ပြောလာတဲ့အထိ ဟင်းပွဲတွေချပေမယ်လေ,, မကောင်းဘူးလာ…

တော်တော်တော် Mansūru ရယ်၊ အရှုံးတွေပဲဆက်တိုက်ပေါ်သွားမှာမို့ ဒီမှာတင်ရပ်ပါတော့ …(ရယ်လျက်)

 

花門(かもん) 

東京都板橋区上板橋3-6-7 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: