ဂျပန်ဓါးကိုရှောင်နိုင်မယ်လို့ထင်ပါသလား ? !!!!

ဓါးကိုသုံးပြီးတိုက်ခိုက်ခဲ့တဲ့ ဂျပန်ဆာမူရိုင်းများ..
အဲ့ဒီအတွက် ဓါးရေးအတတ်တွေကလည်းတိုးတက်လာတာကို နှိုက်နှိုက်ချွတ်ချွတ်နဲ့စုစည်းထားတဲ့အထဲကမှ ဒဏ္ဍာရီဆန်တဲ့ပညာရပ်တစ်ခုရှိပါတယ်။

အဲ့ဒီအထဲက ၁ ခုကတော့ 影抜き(かげぬき)Kagenuki

http://kanoukan.blog78.fc2.com/blog-entry-3569.html

ပြိုင်ဘက်ရဲ့ဓါးကို ဖြတ်ကျော်သွားတဲ့ဓါးဆိုတဲ့ ပညာပါ။
ဂျပန်ဓါးရဲ့အရှည်က အမျိုးမျိုးရှိပေမဲ့၊ ပျမ်းမျှအားဖြင့်‌တော့ ၁.၂ ကီလိုဂရမ်အလေးချိန်ရှိပါတယ်။
တကယ်ကြီး ဂျပန်ဓါးကိုရှောင်နိုင်လိမ့်မယ်လို့ထင်ပါသလား?
လက်တွေ့ပြထားတဲ့ video ကိုကြည့်လိုက်ပါ။

 

video ထဲမှာတော့ ဝါးဓါးပေါ့။ တစ်နည်းအားဖြင့်သစ်သားနဲ့လုပ်ထားတဲ့ဓါးဖြစ်တာကြောင့် ပေါ့ပါးပါတယ်။ ဒါပေမဲ့ ဒီ video မှာကတော့ ၁.၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဂျပန်ဓါးအစစ်ပါပဲ။

အာ..လွယ်တယ်လို့ထင်ပါသလား?
ဒါက ၁.၂ ကီလိုဂရမ်ရှိတဲ့ ဂျပန်ဓါးအစစ်လာ?
ဒီလိုလျင်မြန်တဲ့ ရွေ့လျားမှုက ပုံမှန်လူဆိုလုပ်နိုင်ပါ့မလား…
မဟုတ်မှလွဲရော နတ်ဘုရားများလာ… (ရယ်လျက်)

တစ်လက်စတည်း ဒီတစ်ခုကိုလည်းမိတ်ဆက်ပေးပါမယ်။
抜刀術(ばっとうじゅつ)Battō-jutsu လို့ခေါ်တဲ့ တန်ဖိုးရှိတဲ့ပညာရပ်ပါပဲ။
ရုတ်တရက် ပြိုင်ဘက်ဆီကနေတိုက်ခိုက်ခံလာရတဲ့အခါ၊ ဓါးကိုမြန်မြန်ဆန်ဆန်ဆွဲထုတ်ပြီး အဲ့ဒီရွေ့လျားမှုနဲ့အတူ တစ်ဘက်ကိုဘယ်လိုပြန်ပြီးတိုက်ခိုက်နိုင်မလဲ?
အဲ့ဒါကိုလည်း ဒီဗီဒီယိုမှာပြထားပါတယ်။ ၁.၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဂျပန်ဓါးအစစ်ကိုပဲသုံးထားပါတယ်။

စစ်မြေပြင်မှာတော့ သံချပ်အင်္ကျီကိုဝတ်ဆင်ထားပေမဲ့၊ ဆာမူရိုင်းတွေတိုက်ခိုက်ခံရတာကတော့ စစ်မြေပြင်မှာပဲမဟုတ်ပါဘူး။
မြို့ထဲမှာသွားနေရင်းနဲ့လည်း တိုက်ခိုက်ခံရတဲ့အန္တရာယ်ရှိပါတယ်။

ဆာမူရိုင်းတွေနဲ့ ယနေ့ခေတ်လူတွေကမတူပါဘူး။
ဆာမူရိုင်းတွေလမ်းလျှောက်တဲ့အခါမှာ ညာလက်နဲ့ညာခြေထောက်ကတစ်ချိန်တည်းမှာပဲ ရွေ့လျားပါတယ်။

ယနေ့ခေတ်လူတွေရဲ့လမ်းလျှောက်ပုံက ခြေထောက်နဲ့လက်ကို ဆန့်ကျင်ဘက်လွှဲပြီးလမ်းလျှောက်ကြတယ်။
ဒါကပဲမတူညီတဲ့အချက်ပါ။

မူလကတော့ စိုက်ပျိုးရေးသမားတွေရဲ့လမ်းလျှောက်ပုံတွေအမျိုးမျိုးရှိတယ်လို့ပြောကြပေမဲ့၊ ဆာမူရိုင်းတွေအတွက်ကတော့ ဘယ်အချိန်မှာတိုက်ခိုက်ခံရမလဲမသိတဲ့အတွက် အမြဲဓါးကိုင်ဆောင်ထားရပြီး ဒီနည်းလမ်းကပဲ သူတို့အတွက်လမ်းလျှောက်ရလွယ်တဲ့ပုံစံ ဖြစ်ခဲ့ပုံရပါတယ်။

ခန္ဓာကိုယ်ကိုလှည့်လို့မရတဲ့အတွက် ဘယ်အချိန်ပဲဖြစ်ဖြစ်ချက်ချင်းဆိုသလို ဓါးကိုဆွဲထုတ်နိုင်ပါတယ်။

နောက်ပြီး ဆာမူရိုင်းတွေက အရက်ကိုဘယ်ဘက်လက်နဲ့သောက်တယ် ဆိုတာလည်းသိရပါတယ်။
အေးဆေးစွာနဲ့အရက်သောက်နေချိန်မှာ တိုက်ခိုက်ခံလာရတဲ့အခါ ညာဘက်လက်နဲ့ချက်ချင်းဓါးဆွဲထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

ဆာမူရိုင်းဆိုတာ အရမ်းမိုက်ပြီးအထင်ကြီးစရာကောင်းလောက်တဲ့ သူရဲကောင်းဆိုပေမဲ့၊
သူတို့မှာ လုံးဝအေးအေးဆေးဆေးနေရဖို့အချိန်တောင်မရှိလောက်အောင် ပင်ပန်းတဲ့အလုပ်လည်းဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: