အထိုးအနှက်ခံသမား !!!!
ဘယ်အရာမဆို အချိန်နှင့်အတူ အပြောင်းအလဲများစွာ ရှိပြီး ရောင်းချမှု လုပ်ငန်းတွေဟာလည်း အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလျက်ရှိပါတယ်။
ဂျပန်နိုင်ငံ အလယ်ပိုင်းမှာတော့ အချို့သော သူတွေက စတိုးဆိုင်လိုနေရာမျိုးမရှိဘဲ ရိုးရှင်းတဲ့ အဆောက်အအုံများရှိတဲ့ နေရာတွေမှာ လမ်းလျှောက် အရောင်းကိုယ်စားလှယ်များအဖြစ် တက်ကြွစွာ ပါဝင်လုပ်ကိုင်နေတဲ့ သူတွေလည်း ရှိပါတယ်။
ရုပ်ပြောင်ပန်းချီဆွဲပြီး ငွေရတဲ့သူ၊ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ရောင်းချတဲ့သူ တွေ အမျိုးမျိုးပေါ့ . . .
ခေတ်တွေပြောင်းလဲသွားပြီး အခုခေတ်မှာတော့ ဒီလိုလူမျိုးလည်းရှိပါတယ်။
“အထိုးအနှက်ခံသမား”
အထိုးခံပြီး ပိုက်ဆံရမယ်။
စိတ်ဖိစီးမှုတွေများစွာရှိတဲ့ အခုခေတ်လူသားတွေရဲ့ဘဝ. . .
စုဆောင်းထားရတဲ့ ဒီစိတ်ဖိစီးမှုတွေကို ဖြေလျော့နိုင်ဖို့အတွက် ဦးတည်ရာတစ်ခုအနေဖြင့် တခြားသူကို ရိုက်နှက်ပြီး စိတ်ကိုပြန်လည် လန်းဆန်းစေလိုတဲ့သူတွေလည်း ရှိပါတယ်။ ဒေါသအရမ်းထွက်လာရင် အနားမှာရှိတဲ့ ပစ္စည်းတွေကိုပေါက်ခွဲလိုက်မှ စိတ်ပေါ့သွားတယ်တို့ ဘာတို့လိုမျိုးပေါ့။
အဲလိုမျိုးကြောင့် ဒီလို စီးပွားရေးကို လုပ်လာကြတဲ့ သူတို့တစ်တွေ. . .
သူတို့ထဲကအများစုဟာ ယခင်ကပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတွေ နှင့် Kick လက်ဝှေ့သမားများဖြစ်ကြပါတယ်။
လက်အိတ်ကြီးတွေဝတ်ထားပေမဲ့ ထိလိုက်ရင်တော့ တော်တော်ကိုနာမှာနော်။ဒါကြောင့် သူတို့ကတော့ ရိုက်နှက်မခံရအောင်ရှောင်ကြမှာပါ။
“ထိုးလို့ရတယ် သာဆိုရင် ထိုးသာထိုးကြည့် !”
“ သင်နိုင်ရင်တော့ hit!”
ဒီလိုသာပြောရုံနေပေမယ့် သူတို့တွေကတော့ ရှောင်မယ်၊ ရှားမယ်၊ သင့်ရဲ့ လက်သီးစာ မမိအောင်ရှောင်ရှားမှာပါ။
晴留屋明(はれるや あきら)Mr. Akira Hareruya ကတော့ ဂျပန်နိုင်ငံမှာ ဒီအလုပ်ကို ပထမဆုံး စတင်လုပ်ကိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
Shinjuku မှာ တစ်မိနစ်လျှင် ယန်း ၁၀၀၀ ဖြင့်စတင်ခဲ့တဲ့ ဒီအလုပ်။
လူတွေစုဝေးနေတဲ့ Shinjuku အလယ်မှာ၊ ” လာကြ ငါ့ကိုလာထိုးကြ!” ဆိုပြီး အသံအကျယ်ကြီးနဲ့ အော်ခေါ်ပါတယ်။
လူတိုင်းဂရုစိုက်နေချိန်မှာ ရန်ဖြစ်ဖို့ကို စိတ်ပါတဲ့သူတွေက သူ့ကိုစိန်ခေါ်ပါပြီ။အဲဒီစိန်ခေါ်မယ့်သူတွေကို ၁၀၀၀ ယန်းငွေ တောင်းခံမယ်၊ အတည်ကြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်မယ်။ဘယ်လောက်ပဲထိုးနှက်ပါစေ သူကတော့ ပြန်မတိုက်ရပါဘူး။
သို့သော် သူသည်ကျွမ်းကျင်တဲ့အတွေ့အကြုံရှိတဲ့ လက်ဝှေ့သမားဖြစ်လို့ သာမန်လူကတော့ တော်တော်နဲ့ သူကို ထိအောင်ထိုးနိုင်ဖို့ဆိုတာမလွယ်ပါဘူး။
အကယ်၍ သင်က ၁မိနစ်ကြာ အလေးအနက်ထားပြီး တိုက်ခိုက်နေတဲ့ အချိန် ကြာလာရင်တော့ မောလာပြီး သင်မထိုးနိုင်တော့ပါဘူး။
အဲဒီမှာအဆုံးသတ်ပါတယ်။
၁ မိနစ်အတွင်းမှာယန်း ၁၀၀၀ ရတဲ့ အလုပ်ပေါ့။
ဒါပေမယ့် ပါဝင်ကြတဲ့သူတွေကတော့ အပျော်တမ်းလာရောက်ပါဝင်တဲ့သူတွေပဲ မဟုတ်ပါဘူး။လက်ဝှေ့ ပညာရှင်အဖြစ် ရည်မှန်းထားတဲ့သူများလည်း ပါဝင်ပါတယ်။ပြိုင်ဘက်၏ထိုးနှက်လိုက်တဲ့ လက်သီးစာက မျက်နှာနှင့်ကိုယ်ထဲသို့နက်ရှိုင်းစွာထိုးဖောက်နိုင်တဲ့အခါ. . .
ထိုကဲ့သို့သောအချိန်များတွင် သင့်ပတ်၀န်းကျင်ရှိ ပရိသတ်များ၏ အော်သံများကို ကြားနိုင်ပါတယ်။
“ ချ ! ! ထိုး ! ! ဆက်လုပ် ! ! ”
မျက်နှာကိုထိုးဖို့ လုပ်ရင်တောင် လက်နဲ့လုံးဝဖုံးကွယ်မထားဘူး။ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်အကြည့်ချင်ဆုံးက သူအထိုးခံလိုက်ရမလားဆိုတာကြောင့်လေ။
ယခင်ဆုရှင်လက်ဝှေ့သမားတွေလည်း လာရောက်ပါဝင်တဲ့အခါ ရှုံးနိမ့်မှုတွေရှိခဲ့ဖူးပြီး ယာကူဇာလည်းလာကြဖူးလို့ နံရိုးကျိုးပဲ့ခဲ့ရတာလည်းရှိပါတယ်။ဘယ်လိုစပြီး ဒီအလုပ်လုပ်ဖို့စိတ်ကူးမိသလဲဆိုတော့ . . .
စီးပွားရေးအခက်အခဲများကြောင့် သူ့ရဲ့ ကုမ္ပဏီကိုပိတ်ထားပုံရပါတယ်။အကြွေးကသန်း ၁၅၀ယန်းတောင်ရှိလို့ သူကဒီအရာအားလုံးအတွက်တာဝန်ရှိတဲ့သူဖြစ်ပြီးတော့ ဒေဝါလီခံခြင်းအတွက် ပြဿနာကြောင့် ငွေနည်းနည်းလောက်ရှာနိုင်မယ့်နည်းလမ်းကို စဉ်းစားရင်းနဲ့ ဒီလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာပါတယ်။
ပထမနေ့မှာ သူဟာ တစ်ညတည်းမှာ လူ ၃၆ ယောက်နဲ့ ကစားခဲ့ပါတယ်။သူရရှိခဲ့တာကတော့ ၃၆၀၀၀ ယန်းရှိပါ။မိသားစုတစ်စုလုံးက အဲဒါကိုဆန့်ကျင်တယ်၊ ဒါပေမယ့်ဝင်ငွေရဖို့ တခြားနည်းမရှိလို့ သူဟာ ဒီအလုပ်ကိုမရပ်နိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာ သူသည်လူ ၈၀၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
သို့သော် အကြွေးပြန်ဆပ်ရန် မလုံလောက်သေးပါဘူး။
ယနေ့ညလည်း သူ Shinjuku မြို့မှာ ရှိနေမှာပါ။
“ ကဲ၊ တစ်ယောက်ယောက် ငါ့ကို လက်သီးနဲ့ထိုးဖို့ လာပါဦး ! ”
Kengo Abe