တန်ဖိုးများရဲ့ရှင်းလင်းမှုက စိတ်ပိုင်းဆိုင်ရာတင်းမာမှုကို လျော့ကျစေတယ်။!!!!!
တနင်္ဂနွေနေ့ညဘက်လောက်ဆိုရင် ဒီလိုမျိုးအတွေးတွေဝင်မိလား?
“ ဟာ မနက်ဖြန်အလုပ်ပြန်တက်ရမှာပါလား… စိတ်ညစ်လိုက်တာ”
အဲ့ဒီလိုတွေးပြီးအလုပ်လုပ်နေတာလောက် စိတ်ညစ်ရတာမရှိသလို၊ အဲ့ဒီလိုအခြေအနေမျိုးမှာ သင်မှာရှိပြီးသားကိုယ်ပိုင်စွမ်းရည်တွေတောင်မှ လုံးဝမပေါ်ထွက်လာနိုင်တော့သလိုဖြစ်သွားတယ်မဟုတ်လား..
ကုမ္ပဏီကမကောင်းတာကြောင့်များလား?
ဒါကသေချာပေါက်ဖြစ်နိုင်ပေမဲ့၊ ခဏလေးစောင့်ပါအုံး!!!..
နည်းနည်းလေးခေါင်းကိုပြန်ပြင်ဆင်ပြီး အကြောင်းအရင်းကိုမေးမြန်းကြည့်ရအောင်…
ဒါကိုမလုပ်ဘူးဆိုရင် ကြိုက်တဲ့နေရာအလုပ်ပြောင်းပါစေ ရလဒ်ကတော့အတူတူပဲဖြစ်မှာပါ…
တကယ်ကတော့ ကျွန်တော်လွန်ခဲ့တဲ့ ၁၅ နှစ်မတိုင်မီက အလုပ်မှာစိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းမှု၊စိတ်ဓါတ်ကျမှုရဲ့လက်တစ်ကမ်းအလို အခြေအနေလောက်အထိ စိတ်ဝေဒနာခံစားခဲ့ရပါတယ်။
ဆေးရုံမှာဆေးစစ်ချက်အဖြေအရေ၊ စိတ်ငြိမ်ဆေးပေးရပြီး၊ အလုပ်ကနေခဏလောက်အနားယူပါလို့ ဆရာဝန်ရဲ့ဆေးစစ်တမ်းကို ရရှိခဲ့ပါတယ်။
ယခုကျွန်တော်ကိုသိတဲ့လူတွေတောင် မယုံကြည်နိုင်လောက်တဲ့အထိ ပြန်ကောင်းလာခဲ့ပေမဲ့၊ ဒီပြန်ကောင်းလာခြင်းက ဆေးကြောင့်မဟုတ်ဘဲ၊ မိမိရဲ့ခေါင်း(အတွေး)ကိုပြန်ပြီးပြင်ဆင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။
အရေးအကြီးဆုံးလို့ထင်တဲ့ သင်ရဲ့တန်ဖိုးထားမှုကဘာဖြစ်မလဲ?
ဒါက လူနဲ့လိုက်ပြီးတော့ မတူညီမှုတွေရှိပါတယ်။
ငွေက အရာအားလုံးပဲလို့ပြောတဲ့လူရှိသလို၊ မိသားစုကတန်ဖိုးအကြီးဆုံးပဲ လို့ပြောတဲ့လူတွေလည်းရှိပါတယ်။
မိမိရဲ့ဝါသနာ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ မိမိရဲ့တာဝန်၊ မိမိရဲ့ဂုဏ် စတာတွေလို့ ဖြေကြတဲ့လူတွေလည်းရှိမယ်မဟုတ်လား။
ဒါတွေအားလုံးတစ်ချိန်တည်းမှာအမှန်တကယ်ဖြစ်လာဖို့ကတော့ မဖြစ်နိုင်ပါဘူး။
ဥပမာ ဒီလိုအခြေအနေပါ..
အလုပ်ကိုလုပ်သင့်သလောက်ပဲ လုပ်နေပေမဲ့၊ အားလုံးကချီးကျူးပေးတာကြောင့်ဂုဏ်ရာထူးတွေလည်းရရှိလာသလို၊ ငွေတွေလည်းသုံးမကုန်လောက်တဲ့ထိကို ဝင်လာတယ်။
နောက်ပြီး သူငယ်ချင်းအပေါင်းအသင်း၊ အရမ်းချစ်တဲ့မိသားစုရဲ့ဝန်းရံခြင်းခံရပြီး၊ မိမိရဲ့ဝါသနာကိုတစ်စိုက်မတ်မတ်လုပ်ဆောင်နိုင်ကာ၊ မည်သူတစ်ဦးတစ်ယောက်ဆီမှလည်း ဝေဖန်ခြင်းမခံရတဲ့အခြေအနေ။
အဲ့ဒီအတိုင်းသာဆို ကောင်းမှာပါ။ ဒါပေမဲ့၊ မဖြစ်နိုင်ဘူးလေနော်??
ဒါကြောင့် ကျွန်တော်တို့ဟာ ရွေးချယ်ပြီးအားစိုက်ထုတ်ဖို့လိုအပ်ပါတယ်။
မိမိအတွက် ဘာကအရေးအကြီးဆုံးလဲ?
ကျွန်တော် သေသေချာချာစဥ်းစားမိတာကတော့ ၊ ကျွန်တော်အတွက်အရေးအကြီးဆုံးက ဒီဟာတွေပဲလို့ထင်ခဲ့ပါတယ်။
၁။ မိမိကိုယ်ကိုရိုးသားခြင်း
၂။ ကျေးဇူးတရားကိုမမေ့ခြင်း
၃။ ရှောင်မပြေးခြင်း
အသက်ရှင်ဖို့အတွက် ငွေဆိုတာလည်းအရေးကြီးပေမဲ့၊ ဒီ ၃ ခုကိုလွဲချော်သွားမယ်ဆိုရင်တော့ ၊ မိမိကိုယ်ကိုသစ္စာဖောက်သလိုဖြစ်သွားပြီး၊ စိတ်ပိုင်းဆိုင်ရာပြိုလဲခြင်းတွေဖြစ်လာတာကို သတိထားမိခဲ့ပါတယ်။
အဲ့ဒီရလဒ်အနေနဲ့၊ ကျွန်တော်ဟာအဲ့ဒီအချိန် ကုမ္ပဏီမှာ ဒီ ၃ ခုကိုမစောင့်ထိန်းနိုင်ဘူးလို့တွေးပြီး၊ ဒါတွေကိုစောင့်ထိန်းနိုင်မယ့်ကုမ္ပဏီကိုရှာပြီး အလုပ်ပြောင်းခဲ့ပါတယ်။
တကယ်ပဲ အဲ့ဒီအချိန်ကုမ္ပဏီမှာ ဒီ ၃ ခုကိုမစောင့်ထိန်းနိုင်ခဲ့ဘူးလာဆိုတာကို အခုအနေနဲ့ကတော့ ပြောပြရင်နားမလည်နိုင်ပေမဲ့၊
မိမိရဲ့ခေါင်း(အတွေး)ကိုပြန်ပြင်ဆင်ပြီးခါမှ အလုပ်ပြောင်းဖို့နေရာကိုရှာဖွေခဲ့တာကြောင့် နည်းပေမဲ့လည်း အလုပ်ပြောင်းရွှေ့တဲ့နေရာမှာ ဒီ ၃ ခုကိုစောင့်ထိန်းနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကျွန်တော်ဟာမိမိကိုယ်ကိုရပ်တည်နိုင်လာပြီး၊ နောက်ထပ် ဂျပန်ကနေ ဗီယက်နမ်ကိုထွက်ခွာခဲ့ပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်တယ်၊ နိုင်ငံခြားမှာလုပ်ငန်းကိုအစပြုတယ်။
သို့သော်ထောက်ပံ့ပေးတဲ့ဂျပန်ကုမ္ပဏီကမရှိတဲ့အခြေအနေမှာ တစ်ယောက်တည်းကျော်လွှားရတာ တကယ်တော့ခက်ခဲတဲ့အလုပ်ဖြစ်ခဲ့ပါတယ်။
အသိမိတ်ဆွေတွေကလည်းမရှိ၊ နောက်ပြီးဘာသာစကားကလည်းနားမလည်၊ အလုပ်ရရှိဖို့အတွက်ယုံကြည်မှုကလည်းမရှိပါဘူး။
ဂျပန်လူဆိုးတွေဆီကရော၊ ဗီယက်နမ်လူတွေဆီကပါ အလိမ်ခံခဲ့ရပါသေးတယ်။
ဗီယက်နမ်ကိုရောက်ပြီး ၉ နှစ်လောက်ကြာသွားပေမဲ့၊ အခုထိအလုပ်လုပ်လာခဲ့တဲ့ကုမ္ပဏီတွေရဲ့အလုပ်ထက် ပိုပင်ပန်းတဲ့အမှတ်တရတွေတောင်ရှိပါတယ်။
သို့သော် စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ပြိုလဲမှုမရှိခဲ့သလို….
ပင်ပန်းသော်လည်း အလုပ်ကိုပျော်တယ်လို့ခံစားမိနေပါတယ်။
https://specials-images.forbesimg.com/imageserve/1175649397/960×0.jpg?fit=scale
နောက်ဆုံးအနေနဲ့ ကျွန်တော်ရဲ့တန်ဖိုးထားမှုကနေသတ်မှတ်ထားတဲ့ ကျွန်တော်လိုချင်တဲ့ကျွန်တော်ရဲ့ ပုံစံကိုမိတ်ဆက်ပေးပါမယ်။
အလေ့အကျင့်ဖြစ်လာဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ? လိုအပ်ချက်ကိုစဥ်းစားပြီး အဲ့ဒီလိုအပ်ချက်ထဲ ၁ ခုချင်းစီ ပေါင်းထည့်လိုက်မယ်ဆို ကိုယ်လိုချင်တဲ့ကိုယ်ပုံစံဆီသို့ ရောက်ရှိသွားမှာပါ…
သင်ရော ဒီအချက်တွေကိုလိုက်လုပ်ကြည့်မလာ?
ကျွန်တော်တွေးထားတဲ့ ကျွန်တော်ရဲ့ပုံစံကတော့
၁။ ကျွန်တော်ဟာ ဒုက္ခရောက်နေတဲ့သူကိုကျောမခိုင်းသူတစ်ယောက်
လူတွေနဲ့တွေ့ဆုံတဲ့အချိန်၊ အရင်ဆုံးယုံကြည်တယ်။
ကိုယ်လုပ်နိုင်တဲ့အထိလူတွေကိုကူညီတာက ပုံမှန်လုပ်ရမယ့်အရာဖြစ်တဲ့အတွက် လုပ်နေမယ်။
၂။ ကျွန်တော်ဟာ ကျေးဇူးမမေ့တတ်သူတစ်ယောက်
“ ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကိုမမေ့ဘူး။
ရရှိခဲ့တဲ့ ကျေးဇူးတရားကို အဆထက်မကပြန်ပြီးတုံ့ပြန်တယ်။
၃။ ကိုယ်ခန္ဓာကိုကျန်းမာရေးညီညွတ်စေပြီး အမြဲတမ်းအားစိုက်ထုတ်သူတစ်ယောက်
စားလွန်းခြင်း သောက်လွန်းခြင်းမလုပ်ဘူး။
သတ်မှတ်ထားသလို ကိုယ်လက်လှုပ်ရှားမှုတွေလည်းလုပ်ဆောင်မယ်။
ကိုယ်အလေးချိန်ကိုလည်းထိန်းပြီး၊ ကျန်းမာရေးစီမံဆောင်ရွက်မှုတွေလုပ်ဆောင်မယ်။
၄။ အမှန်တရားကို သတင်းပေးသူတစ်ယောက်
လုပ်ကြံသတင်းတွေမှာ အလိမ်မခံရတဲ့သိခြင်းတရားကိုပိုင်ဆိုင်ထားတယ်။
အာဏာကိုအရှုံးမပေးဘူး
ကမ္ဘာမှာလွှမ်းမိုးနိုင်တဲ့မီဒီယာကို စီမံဆောင်ရွက်နေတယ်။
၅။ အမှားတွေကိုလက်ခံပြီး တောင်းပန်တတ်သူတစ်ယောက်။
ဝေဖန်တာတွေကိုကြားရတဲ့အခါ၊ မိမိကိုယ်ကိုပြန်သုံးသပ်တယ်။
ဒီလိုဝေဖန်ခံရတာက မိမိရဲ့အတွေးကမမှန်ကန်လို့လာ၊ ရှင်းပြတာမလုံလောက်လို့ပါဆိုပြီး နားလည်ပေးမယ်။
ကိုယ့်နေရာမှာကိုယ်နေပြီး ကိုယ့်ထင်မြင်ချက်အတိုင်းပဲဘယ်တော့မှမလုပ်ဘူး။
၆။ ခေါင်းရဲ့သွက်လက်မှုမှာမည်သူ့ကိုမှ မရှုံးတဲ့သူတစ်ယောက်
အလုပ်ရော၊ကိုယ်နဲ့ရော မဆိုင်တဲ့အရာတွေမှာဖြစ်ဖြစ်၊ ဘယ်အရာမဆို အမြဲတမ်းအကြောင်းအရင်းနဲ့ရလဒ်ကိုခန့်မှန်းကြည့်တယ်။
ဦးနှောက်ကလျင်မြန်စွာတွက်ချက်နိုင်ဖို့ အမြဲလိုလိုသွေးတယ်.
နေ့တိုင်းစာအုပ်ဖတ်တယ်၊ ဦးနှောက်ကိုလေ့ကျင့်ပေးတယ်။
၇။ တခြားလူတွေရဲ့စကားကိုလည်းနားထောင်ပေးသူတစ်ယောက်။
တဖက်လူကစကားပြောနိုင်လာအောင် conversition ကိုအစပြုပေးတယ်။
တဖက်လူရဲ့ပြောစကားကိုနားထောင်ပြီးမှ ကိုယ်တိုင်ပြောချင်တာကိုပြောပြတယ်။
တဖက်လူက စကားပြောချင်တယ်ဆိုရင်တော့ လုံးဝလျစ်လျူမရှုဘူး။
၈။ ကျွန်တော်ဟာကမ္ဘာမှာ ဂျပန်ကိုကိုယ်စားပြုနေသူတစ်ယောက်။
အခိုင်အမာပြောဆိုတတ်ပြီး “ နားလည်ရလွယ်ကူတဲ့ဂျပန်လူမျိုး” အဖြစ်နဲ့ဆက်လက်ရပ်တည်သွားမယ်။
ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ မရှက်မကြောက်လုပ်ဆောင်သွားမယ်။
၉။ လူတွေရဲ့မကောင်းကြောင်းကို မပြောတတ်သူတစ်ယောက်။
ငြိမ်ခံတာမဟုတ်ဘဲ၊ ပြောချင်တာကိုရှင်းရှင်းလင်းလင်းပြောမယ်။
နောက်ပြီးအပြုသဘောဆောင်တဲ့ထင်မြင်ချက်ပေးမယ်။
ကာယကံရှင်ကိုယ်တိုင်ပြောပြတဲ့ ပြဿနာတွေကို တစ်ခြားမည်သူမှကိုပြန်မပြောဘူး။
၁၀။ ကျွန်တော်ဟာနေ့တိုင်းဉာဏ်ရည်တိုးတက်မှုအောင်မြင်သူတစ်ယောက်
ကမ္ဘာတစ်ဝှမ်းအခြေအနေတွေကို အမြဲနားစွန့်နေပြီး၊ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ကိစ္စတွေရဲ့အကြောင်းအရင်းနဲ့အနာဂတ်ကို အမြဲတမ်းခန့်မှန်းတွက်ဆတယ်။
ဖြစ်ပျက်နေတဲ့အရာတွေရဲ့နောက်ခံအခြေအနေကိုလည်း ဖန်တီးကြည့်မယ်။
နေ့တိုင်းစာအုပ်ဖတ်ပြီး တွေးတောနိုင်မှုကို လေ့ကျင့်ယူမယ်။
၁၁။ ငွေရေးကြေးရေးအရှုပ်အရှင်းကင်းသူတစ်ယောက်
လူတွေကိုလိမ်ရတဲ့အထိ ပိုက်ဆံယူဖို့မလိုအပ်ဘူး။
မိသားစု၊ မိတ်ဆွေတွေကိုငွေကြေးနဲ့ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး..
၁၂။ ကျွန်တော်ဟာ လူ့ဘဝ(အချိန်)ကို ထိန်းချုပ်တတ်သူတစ်ယောက်။
နေ့တိုင်း ၁ နာရီကြာ မဖြစ်မနေစာဖတ်ချိန်အဖြစ်ထားတယ်။
နေ့တိုင်းအလုပ်မှာ အလုပ်အကြောင်းအရာတွေကိုစုစည်းပြီးမှ အလုပ်လုပ်တယ်။
၁၃။ ကျွန်တော်ဟာ ကမ္ဘာမှာအပျော်ရွှင်ဆုံးလူတစ်ယောက်
ကောင်းတဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကနေ ဝန်းရံခြင်းခံရတာကြောင့်ကျေးဇူးတင်တယ်။
သူတို့တွေအတွက် ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုကိုနောင်တမရဘူး။
၁၄။ ကျွန်တော်သည် လူတွေကိုမမုန်းသူတစ်ယောက်
လူတွေကိုမုန်းတီးနေမယ်ဆို ကိုယ်တိုင်ပဲပင်ပန်းသောကရောက်ရမှာကို သိထားပါတယ်။
အနာဂတ်မှာငြူစူမုန်းတီးခြင်းတွေနဲ့ကိုင်တွယ်ဖြေရှင်းမှာမဟုတ်ပါဘူး။
၁၅။ ကျွန်တော်ဟာအရှုံးမပေးသူတစ်ယောက်၊ ထွက်မပြေးသူတစ်ယောက်
ကြီးမားတဲ့ရည်မှန်းအတွက်သွားနေတဲ့အချိန်မှာ ရေရှည်တည်တံ့နိုင်ဖို့ စိတ်စွမ်းအားဆိုတာလည်းလိုအပ်ပါတယ်။
ထွက်မပြေးဘဲကြိုးစားနေတဲ့ကျွန်တော်ကို ဟားတိုက်နေကြတဲ့လူတွေက၊ သူတို့ကိုယ်တိုင်ကလည်းမတတ်နိုင်တဲ့အတွက်၊ ဟားတိုက်ခံရလည်း ကျွန်တော်စိတ်မဝင်စားဘူး။
ကျွန်တော်ဟာ ဒါတွေကို notebook ရဲ့ပထမဆုံးစာမျက်နှာမှာရေးပြီး၊ နေ့တိုင်းအဲ့ဒါတွေကိုဖတ်ပြီးမှအလုပ်လုပ်ပါတယ်။
ကျွန်တော်အဲ့ဒါတွေကို တစ်ဝက်လောက်? မဟုတ်သေးဘူး ၃ ပုံ ၁ ပုံတောင် လုပ်နိုင်မှာမဟုတ်ပါဘူးလို့ထင်ပေမဲ့၊
မိမိသွားသင့်တဲ့လမ်းကိုမြင်နေရပြီဆိုရင်တော့ လမ်းမမှားတော့ဘူးပေါ့….။
ဒါဆိုသင်လည်း သင်သတ်မှတ်ထားတဲ့ သင့်ရဲ့တန်ဖိုးတွေ၊ နောက်ပြီးသင်မြင်တွေ့ချင်တဲ့ သင့်ရဲ့အနာဂတ်ပုံစံတွေကို ဒီလိုပဲချရေးကြည့်ပါလား?
Kengo Abe