အလုပ်မှာမပျော်ရွှင်ဘူးဆိုရင် အရှုံးပဲ!!!!

ရုတ်တရတ်ဆိုပေမဲ့၊ တစ်ခု‌‌လောက်မေးချင်တယ်။ စာဖတ်သူတို့အားလုံး အလုပ်လုပ်ရတာပျော်ရဲ့လား?
ဒီမေးခွန်းမှာ လူတစ်ဝက်ကျော်လောက်က No လို့ဖြေကြမယ်မဟုတ်လား?
အလုပ်ဆိုတာ တကယ်တော့ ငြီးငွေ့ဖို့ကောင်းတဲ့အရာလား?

သင်ဟာ ၁ ပတ်ကို ၅ ရက်၊ ၁ ရက်ကို ၈ နာရီနှုန်းနဲ့အလုပ်လုပ်နေတယ်။
ဒီထပ်ပိုလုပ်တဲ့လူတွေလည်း ရှိကောင်းရှိနိုင်လိမ့်မယ်။

၁ရက်မှာ ၂၄ နာရီထဲက ၈ နာရီလုပ်ရတယ်။ အလုပ်အသွားအပြန်အချိန်နဲ့နေ့လည်စာနားချိန်တို့ပါထည့်ပေါင်းရင် week day ဆိုတာ အိပ်တဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်ရဲ့ထက်ဝက်ကျော်လောက်က အလုပ်ထဲမှာပဲကုန်ဆုံးရတယ်။
ဒါကို ငြီးငွေ့ဖို့ကောင်းတယ်လို့ ပြောလိုက်ရင်တော့ သင်ဟာသနားစရာကောင်းသူတစ်ယောက်၊ မပျော်ရွှင်ရသူတစ်ယောက် ဖြစ်နေတာသေချာနေပါပြီ။

နေ့တစ်နေ့မှာအရေးအကြီးဆုံးအပိုင်း တစ်နည်းအားဖြင့်လူ့ဘဝသက်တမ်းရဲ့တစ်ဝက်လောက်ကိုရင်းနှီးထားရတဲ့အလုပ်ဟာ ငြီးငွေ့ဖွယ်ကောင်းတယ်၊ ကိုယ့်အတွက်ပျင်းဖို့ကောင်းတယ်ဆိုရင်တော့ ဒါဟာအလွန်ဝမ်းနည်းစရာပါ။

အခုကနေစပြီး အကြိမ်အနည်းငယ်(အယ် . မကြာခဏ?)ဆိုသလို မိမိရဲ့အလုပ်ကိုပျော်ရွှင်စွာနဲ့လုပ်သွားနိုင်မယ့် နည်းလမ်းတွေကိုနည်းနည်းစီပြောပြပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။

 

https://images.app.goo.gl/PPsDE7DpyQdCBfXr6

အရင်ဆုံးကတော့ အလုပ်ဆိုတာကစားနေတာမဟုတ်ဘူး ဆိုတာကိုတော့နားလည်ထားစေချင်ပါတယ်။
ကစားဖို့အတွက်ပဲဆိုရင်တော့ ပျော်ဖို့ကောင်းရင် ok အဆင်ပြေတယ်။
ကစားဖို့ပျင်းသွားပြီဆိုရင် ဆက်မကစားဘဲရပ်လိုက်လည်း ရပါတယ်.

သို့သော် အလုပ်ဆိုသည်မှာ အဲ့ဒီလိုသွားလုပ်လို့တော့မရဘူး။
ဒါဘာကြောင့်လဲလို့ပြောရရင် ပိုက်ဆံရတာကြောင့်ပါ။
ပိုက်ဆံရတဲ့အတွက် တာဝန်ယူမှုဆိုတာလည်း ရှိလာပါတယ်။
ဒါကတော့ ဂိမ်းတစ်ခုကစားတာနဲ့ မတူညီအချက်ပါပဲ။

ဒါဆို ကုမ္ပဏီနဲ့ပတ်သက်တဲ့ မကြာခဏဖြစ်တတ်တဲ့ complaint တွေကိုကြည့်ကြရအောင် …

 

၁။ အထက်လူကြီးကနုံအတဲ့အတွက်ပင်ပန်းရတယ်။

အထက်လူကြီးကနုံအလို့ တော်သေးတာပေါ့နော်..
တစ်နည်းအားဖြင့် သင်ဟာအဲ့ဒီအထက်လူကြီးရဲ့အပေါ်မှာ ရပ်တည်နိုင်တယ်လို့ပြောချင်တာမဟုတ်လား?
အဲ? ကိုယ်နည်းနဲ့ကိုယ်လုပ်နိုင်ရင်တောင် ကုမ္ပဏီကလက်မခံပေးဘူး?
ဒါဆို သင်ဟာအထက်လူကြီးထက်ပိုလုပ်နိုင်တာကို သက်သေပြခဲ့ပြီးပြီလား?
အလုပ်ဆိုတာ ပိုက်ဆံလည်းပါဝင်ပတ်သတ်နေတဲ့အရာတစ်ခုပါ။
ဒါကြောင့် စိတ်ချရတဲ့လူကလွဲပြီး အလုပ်မအပ်ပါဘူး။
သင်ဟာ အထက်လူကြီးထက်တော်တယ်လို့ထင်ရင် ဒါကိုအားလုံးသိအောင်သက်သေပြပါ။
ကြိမ်ဖန်များစွာသက်သေပြနေလည်း အသိအမှတ်မပြုဘူးဆိုရင်တော့ အလုပ်ပြောင်းဖို့စဥ်းစားကြည့်လိုက်ပါတော့…
ကုမ္ပဏီဘက်က မှန်မှန်ကန်ကန်နဲ့အမြဲတမ်းဆုံးဖြတ်နေတယ်လို့တော့ မရှိတာကြောင့်ပါ။
လုပ်သင့်တာကို မလုပ်ဘဲထွက်ပြေးနေတာက အဓိပ္ပါယ်မရှိတာကြောင့်၊ သေသေချာချာလေး မိမိရဲ့လုပ်နိုင်စွမ်းကို သက်သေပြဖို့က အရင်ဆုံးလုပ်ဆောင်ရမယ့်အရာပဲဖြစ်ပါတယ်။

 

၂။ ကုမ္ပဏီနဲ့ကိုက်ညီမှုမရှိဘူး

ပုံမှန်ဖြစ်နေကြကိစ္စပါ။ ကုမ္ပဏီက သင်ပိုင်တဲ့အရာမဟုတ်တာကြောင့်ပါ။
ဘောလုံးကန်နေရင်းနဲ့ “ ဘာကြောင့်လွတ်လပ်စွာနဲ့လက်ကိုသုံးခွင့်မရှိတာလဲ?” လို့မေးတာနဲ့အတူတူပါပဲ။
အားကစားလုပ်ရင်တော့ သတ်မှတ်ထားတဲ့စည်းကမ်းထဲမှာပျော်ရဲ့သားနဲ့၊ ဘာကြောင့် ကုမ္ပဏီစည်းကမ်းကျတော့ မလိုက်နာချင်ရတော့တာလဲ?
အဲ့ဒီလိုလွတ်လပ်စွာနဲ့လုပ်ချင်မယ်ဆို ကိုယ်ပိုင်အားကစားထောင်တာနဲ့တူသလို၊ ကိုယ်ပိုင်စည်းကမ်းထုတ်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်မယ်ဆိုရင်တော့ စိတ်ကြိုက်လွတ်လပ်နိုင်ပါတယ်။
သို့သော် ဘယ်သူမှလာမပူးပေါင်းဘူးဆိုရင်လည်း အားကစားရော၊ကုမ္ပဏီပါ တည်ရှိနိုင်မှာမဟုတ်ပါဘူး။

 

၃။ လခနည်းခြင်း။ ကျွန်တော်ကတော့ပိုပြီးရနိုင်သင့်တယ်။

တကယ်ပဲ အဲ့ဒီလိုလာ?
ကုမ္ပဏီဆိုတာ ကောင်းတဲ့ဝန်ထမ်းတွေကိုလိုချင်ပြီး၊ တတ်နိုင်သလောက် လခနည်းနည်းနဲ့ငှားချင်ကြတာပါ။
အဲ့ဒီလိုစိတ်ရှိတာကို ကျွန်တော်လျှောက်ပြီးပြောနေတာတော့မဟုတ်ပါဘူး။
သို့သော် ထူးချွန်တဲ့ဝန်ထမ်းကအလုပ်ထွက်သွားပြီဆိုရင်တော့ လစာတိုး‌ပေးကြတယ်။
အဲ့ဒီဝန်ထမ်းကိုအလုပ်မထွက်စေချင်လို့ပေါ့..
ဒါဆို သင့်ရဲ့လစာမတိုးဘူးဆိုတာက သင်လုပ်နေတဲ့အလုပ်ကအဲ့ဒီလောက်အထိပေးဖို့မတန်လို့လား။ ဒါမှမဟုတ် ကုမ္ပဏီကိုကမပေးတာလာ။ ဘာကြောင့်ဖြစ်မလဲ?
သင့်ရဲ့တန်ဖိုးက တကယ်ပဲမြင့်မယ်ဆိုရင်၊ အလုပ်ပြောင်းပြီး လစာဘယ်လောက်ပဲဖြစ်ဖြစ်တိုးနိုင်ပါတယ်။
ဒါပေမဲ့ တကယ်အရည်အချင်းမရှိဘဲနဲ့ complaint ပဲတက်နေမယ်ဆိုရင်တော့ ဘယ်နေရာပဲပြောင်းပြောင်း ဒီပုံစံအတိုင်းပဲဖြစ်နေပါလိမ့်မယ်။

 

၄။ လက်ရှိကုမ္ပဏီရဲ့ အနာဂတ်ရည်မှန်းချက်ကိုမခံစားရဘူး။

ဘာကြောင့် သူများအကြောင်းပဲပြောနေရသလဲ?
ကုမ္ပဏီရဲ့အနာဂတ်ကိုပုံဖော်နေတာက သူဌေးတစ်ဦးတည်းရဲ့တာဝန်ပဲမဟုတ်ပါ။
ဒါကအဲ့ဒီမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံးသိရမယ့်အရာဖြစ်တယ်။
သင့်ကုမ္ပဏီရဲ့ အနာဂတ်ရည်မှန်းချက်မခံစားရဘူးဆိုတာက သင့်မှာလည်းတာဝန်ရှိပါတယ်။
အနာဂတ်ရည်မှန်းချက်မရှိတာကိုနားလည်ပေးနိုင်ပေမဲ့၊ ဘာမှမလုပ်ဘူး၊ ဘာမှမစဥ်းစားဘူးဆိုတာကတော့ သတိမထားမိတဲ့လူတွေထက် အပြစ်ပိုကြီးသွားပါပြီ

 

၅။ အလုပ်ကပင်ပန်းတယ်။

ဘာကြောင့် တစ်ခြားအရာတွေနဲ့ယှဥ်ပြီး ပင်ပန်းတယ်လို့ပြောရတာလဲ?
သူငယ်ချင်းရဲ့အလုပ်လား?
တစ်ခြားသူရဲ့အလုပ်ကပျော်ဖို့ကောင်းတယ်လို့မြင်ရတာကြောင့်ပါ။
တောက်လျှောက်ထိုင်ခုံမှာထိုင်ရတဲ့ ရုံးဝန်ထမ်းတွေကိုကြည့်ပြီး ဆောက်လုပ်ရေးပိုင်းကလူတွေအတွက်ကတော့ အဲယားကွန်းအောက်မှာအေးဆေးနေရတာ အားကျလိုက်တာလို့ထင်ကြပြီး၊ ပြောင်းပြန်အနေနဲ့ ရုံးဝန်ထမ်းတွေဘက်ကနေကြည့်ရင်တော့ ရာသီဉတုသာယာတဲ့နေ့မျိုးမှာ အပြင်မှာလုပ်နေတဲ့သူတွေအတွက်တော့ အရမ်းသာယာမှာပဲလို့တွေးကြပြန်ပါတယ်။
အလုပ်တွေကိုလိုက်မနှိုင်းယှဥ်ဘဲ၊ မိမိရဲ့အလုပ်မှာပဲအားရုံစိုက်ထားပါ။

အလုပ်ဆိုတာ အိပ်မက်ကိုအကောင်အထည်ဖော်ပေးတဲ့အရာလို့ ကျွန်တော်ကတော့ ထင်ပါတယ်.
ပင်ပန်းတယ်ဆိုတာချည်းပဲပြောမနေဘဲ၊ ရှေ့ရေးကိုမစဥ်းစားသွားချင်ဘူးလား?

ဒီတစ်ခေါက်ကနေစပြီး ၁ ခုချင်းစီ၊ အလုပ်မှာပျော်ရွှင်လာစေမယ့်အချက်လေးတွေကို မိတ်ဆက်ပေးသွားမယ်လို့ စဥ်းစားထားတယ်။
အလုပ်မှာပျော်ရွှင်လာပြီးဆိုရင်တော့ တစ်ခြားသူတွေထပ်ပိုပြီး အလုပ်ဖြစ်မြောက်လာမယ်။
နောက်ပြီး ဝင်ငွေကောင်းစေဖို့အတွက်လည်းအများကြီးသက်ရောက်မှုရှိပါတယ်။
ဒါဟာ သင့်ရဲ့ personal life ကိုလည်းပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့ အများကြီးအထောက်အကူဖြစ်တယ်မဟုတ်လား?

အလုပ်မှာပျော်ရပြီး၊ လခတွေလည်းအများကြီးရပါစေ။
ကိုယ်ရဲ့ personal life ကလည်းပျော်ဖို့ကောင်းလာပြီးဆိုရင် အကောင်းဆုံးပဲမဟုတ်လား?

အခုကနေစပြီး အောင်မြင်တဲ့ဘဝဆီရောက်ဖို့ မိမိခံယူထားတဲ့အရာတွေကို အတူတူပြန်ပြီးပြောင်းလဲကြပါစို့!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: