ရာဇဝင္တြင္တဲ့ ကရာေတးကစားသမား Ōyama Masutatsu !!!!

ဂျပန်ရဲ့ national sport လို့ပြောရင် ဆူမိုဖြစ်ပေမဲ့၊ မူလဂျပန်ရဲ့ national sport ကတော့ တစ်ခြားအရာပါ။
အဲ့ဒီအထဲကမှ အားလုံးလည်းသိကြပြီးတဲ့အားကစားတွေထဲကတစ်ခုကတော့ ကရာတေးပဲဖြစ်ပါတယ်။
ကရာတေးသမိုင်းမှာ အသန်မာဆုံးလို့မှတ်တမ်းတင်ခံရတဲ့ပုဂ္ဂိုလ်ကတော့ 大山倍達(おおやま口ますたつ)Ōyama Masutatsu ပဲဖြစ်ပါတယ်။


https://ja.wikipedia.org/wiki/大山倍達

၁၉၂၃ ခုနှစ်၊ အဲ့ဒီအချိန်ဂျပန်အစိုးရလက်အောက်မှာရှိတဲ့ ကိုရီးယားကျွန်းဆွယ်မှာမွေးဖွားခဲ့ပါတယ်။
သူတည်ထောင်ခဲ့တဲ့ကရာတေးသင်တန်းကျောင်းဟာ ယခုအချိန်တော့ 極真空手(きょくしんからて)Kyokushin Karate အနေနဲ့ကျန်ရှိပြီး၊ နောက်တစ်ကြိမ်ကျင်းပမယ့်တိုကျိုအိုပစ်မှာ တရားဝင်အားကစားတစ်ခုနေနဲ့ပါဝင်မယ့် ရိုးရာကရာတေးနဲ့တော့ တော်တော်လေးကွာခြားပါတယ်။
ရိုးရာကရောတေးကိုတော့ 組み手 Kumite လို့ပြောပြီး တစ်ဖက်လူနဲ့တိုက်ခိုက်တဲ့အချိန်မှာလည်း 寸止め(すんとめ)” ရပ်တန့်ခြင်း”   (ကိုယ်ခံပညာတစ်မျိုး)ကိုအခြေခံတယ်။

တစ်ဖက်လူနဲ့မတိုက်ခိုက်မိခင်မှာရပ်တယ်။ တိုက်ခိုက်မိရင်အမှတ်နုတ်တယ်။
လက်တွေ့မှာ ဒီကစားနည်းကိုခုတုံးလုပ်ပြီးရန်ဖြစ်တိုက်ခိုက်ကြတာတွေလည်းအများကြီးရှိပါတယ်။

ဒါပေမဲ့ သူရဲ့အခြေခံသဘောတရားကတော့ အားကစားတစ်ခုပါ..

အဲ့ဒါနဲ့ခြားနားသွားတာကတော့ 極真空手(きょくしんからて)Kyokushin Karate ပါပဲ
極真空手(きょくしんからて)Kyokushin Karate  ကတော့အားနဲ့တစ်ဖက်လူကို စောင့်ထိုးတယ်၊ကန်တယ်။
တစ်ဖက်လူကိုထိုးလဲပြီး အနိုင်အရှုံးကိုသတ်မှတ်တယ်။
စည်းမျဉ်းတော့ ရှိပါတယ်။ ပုံထဲကထိုးပုံထိုးနည်းကိုတော့ တားမြစ်ထားပြီး၊ ခွန်အားလည်းမတူပါဘူး။

အဲ့ဒီကျောင်းကိုတည်ထောင်ခဲ့တဲ့ 大山 အိုယာမာ ရဲ့ ရာဇဝင်ကလည်းတော်တော်ဆိုးဆိုးပါပဲ

ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် 大山 အိုယာမာ တစ်ယောက် ဂျပန်ဘက်ကိုပြောင်းရွေ့လာခဲ့တယ်။
အဲ့ဒီအချိန် ဂျပန်ကအမေရိကန်စစ်တပ်သိမ်းပိုက်မှုအောက်မှာရှိပြီး၊ GHQလို့ခေါ်တဲ့ အမေရိကန်စစ်တပ်က ဂျပန်ပြည်တွင်းမှာကြီးစိုးနေတဲ့အချိန်ကာလဖြစ်တယ်.

လက်အောက်ရောက်နေတဲ့ဂျပန်ဟာ အမေရိကန်စစ်တပ်ကိုပြန်မတော်လှန်နိုင်ဘဲ၊ မတရားလုပ်နေတဲ့ GHQ တပ်ကလူတွေကို ဂျပန်ရဲအရာရှိတွေကလည်း ဘာတစ်ခွန်းမှပြန်မပြောနိုင်ခဲ့ပါဘူး။
အဲ့ဒီလို GHQ စစ်သားတွေအတွက်ကတော့ လုပ်ချင်တာလုပ်ခွင့်ရပြီး သူတို့ရဲ့လုယက်မှုတွေ၊ မုဒိန်းမှုတွေမှာလည်း လာတားမယ့်သူမရှိပါဘူး။
大山 အိုယာမာ က စစ်တပ်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ကို အလဲထိုးတိုက်ခိုက်ခဲ့ပါတယ်။
ဒါနဲ့ပဲ GHQ ကနေ အလိုရှိသူအဖြစ်ဖော်ပြခြင်းတောင်ခံခဲ့ရပါတယ်.

အဲ့ဒီအချိန် သူဟာဂျပန်မှာကရာတေးကိုစသင်ယူခဲ့ပြီး ၁ နှစ်ခွဲလောက်မှာပဲ ခါးပတ်အမည်းကိုရရှိပိုင်ဆိုင်သွားပါတယ်။
ခါးပတ်အမည်းဆိုတာက ဆရာတစ်ဆူအနေနဲ့ပြန်ပြီးသင်ကြားပေးနိုင်တဲ့အဆင့်ကိုပြောတာပါ…

သူ့ကိုထပ်ပြီးသင်ကြားပေးမယ့်ဆရာမရှိတော့တဲ့အတွက်၊ 大山 အိုယာမ တစ်ယောက် အဲ့ဒီနေရာကနေထွက်လာခဲ့ပြီး တောင်မှာတစ်ယောက်တည်းသွားနေခဲ့တယ်။
လက်မောင်းရဲ့အားနဲ့ပဲတောင်စောင်းတွေကိုတက်ခဲ့တယ်။ ဒါဟာလည်း ပုံမှန်လူနဲ့မတူဘဲကွဲပြားတဲ့လေ့ကျင့်မှုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါလိမ့်မယ်။

အဲ့ဒါပြီးတဲ့နောက် ၁၉၄၇ ခုနှစ်မှာကျင်းပခဲ့တဲ့ စစ်ပြီးနောက်ပထမဆုံး ကရာတေးပြိုင်ပွဲမှာအနိုင်ရပြီး၊
အရမ်းကိုသန်မာလွန်းတဲ့သူ့ကို ယှဥ်ပြိုင်နိုင်တဲ့သူမရှိသလောက်ဖြစ်သွားတာကြောင့်၊ ပြိုင်ဖက်ကိုရှာဖို့ အမေရိကန်နိုင်ငံကိုရောက်သွားပြီး pro နပန်းသမား၊ pro လက်ဝှေ့သမား တွေနဲ့ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပေမဲ့၊ 大山 အိုယာမ တစ်ယောက် လုံးဝကိုအနိုင်ပိုင်းနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာလည်း သူနဲ့ယှဥ်ပြိုင်ကစားနိုင်မယ့်လူကို မတွေ့တော့တဲ့အဆုံး အိမ်ရှိရာ ဂျပန်ပြည်ကိုပဲပြန်လာခဲ့ပြီး
ပြိုင်စံရှားတဲ့သူ့အတွက် နွားနောက်နဲ့ပြိုင်ပွဲဝင်ဖို့ဖြစ်လာပါတော့တယ်.

 

 

https://ja.wikipaedia.org/wiki/大山倍達

.

နွားနောက် ၄၇ ကောင်နဲ့တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ရာ၊ လက်ဗလာနဲ့စိန်ခေါ်ခဲ့ပြီး၊ နွားရဲ့ဦးချိုကိုလက်ဗလာနဲ့ကိုင်ပြီးဆွဲလဲခဲ့တယ်။
၄၇ ကောင်စလုံးလဲကျပြီး၊ အဲ့ဒီအထဲက ၄ ကောင်ဟာပွဲချင်းပြီးသေဆုံးသွားပါတယ်။

ပိုပြီးကြံ့ခိုင်သန်မာဖို့ 合気道 Aikido ၊ Boxing အစရှိတဲ့ လက်နက်မသုံးရတဲ့ကိုယ်ခံပညာတွေကို ထပ်ပြီးလေ့လာခဲ့ရာ သူကိုမည်သူမှ မယှဉ်ပြိုင်ရဲတော့ပါ။
ကြွက်သားတွေကတောင့်လွန်းတာကြောင့် ဓါတ်မှန်ရိုက်ဖို့အတွက် အဆင်မပြေဘူးလို့‌တောင်ပြောခြင်းခံခဲ့ရပါတယ်။ အဲ့ဒီလိုသာဆိုရင် သူ့ကိုစူပါဟီးရိုးလို့ခေါ်ရတော့မှာပဲနော်….

နောက်ဆုံးအနေနဲ့ ၁ တန်ထက်ကျော်တဲ့ နွားရိုင်းနဲ့တိုက်ခိုက်ဖို့ဖြစ်လာပြီး၊ တိုက်ခိုက်ရင်းဒဏ်ရာတွေရပေမဲ့၊ နွားရိုင်းရဲ့ဦးချိုကိုချိုးပြီး အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။

သူ့အကြောင်းကိုပြောရမယ်ဆို တစ်ခြားဟာတွေလည်းရှိပါသေးတယ်။ ‌
သူ့ရဲ့ညစ်နိုင်တဲ့လက်စွမ်းအားက 130kg လောက်ရှိတယ်လို့ပြောပါတယ်။
ပုံမှန်အရွယ်ရောက်အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှညစ်နိုင်တဲ့လက်စွမ်းအားက 45kg ဖြစ်တဲ့အတွက်၊ သူကတော့ အများနဲ့မတူ ၃ ဆ‌လောက်ခွန်အားရှိတာမျိုးပေါ့…

ယန်း ၁၀ တန်ဒင်္ဂါးပြားကိုလည်း လက်နဲ့အသာလေးခေါက်ချိုးနိုင်ခဲ့တယ်လို့လည်း ပြောကြတယ်။
နောက်ပြီးလက်ချောင်းတွေကိုဆန့်လိုက်ရုံနဲ့ တစ်ဖက်လူကိုအပိုင်းပိုင်းဖြတ်နိုင်တဲ့ဓါးလိုမျိုး စွမ်းအားလည်းရှိပြီး၊ ဘီယာပုလင်းကို လက်နဲ့ပိုင်းဖြတ်လိုက်နိုင်တယ်လို့ရာဇဝင်မှာမှတ်တမ်းတင်ခံရတယ်။
ကဲ. နွားရိုင်းရဲ့ဦးချိုကိုတောင် ချိုးနိုင်ပါတယ်ဆိုတော့ ဒါလေးကိုတော့ စာမဖွဲ့လောက်တော့ဘူးပေါ့ …

大山ရဲ့ဆန္ဒတွေအကောင်အထည်ပေါ်လာတဲ့ 極真空手(きょくしんからて)Kyokushin Karate ပြိုင်ပွဲကတော့ ဒါပါပဲ

မျက်နှာကိုလက်သီးနဲ့ထိုးတာကတော့ စည်းကမ်းအနေနဲ့တားမြစ်ထားပေမဲ့၊ ကန်လို့တော့ရပါတယ်။
ကန်ချက်တွေကတော့ အပြင်းစားပါပဲဗျာ!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: