စာရေးဆရာတွေရဲ့အမျိုးသမီးတွေက ပိုပြီးပင်ပန်းကြရတယ်!!!!

အခြားလူတွေနဲ့မတူတာတွေကိုလုပ်နေတဲ့သူတွေက တစ်နေရာရာမှာထူးခြားနေသူတွေပဲဖြစ်ပါတယ်.
သူတို့အတွက်တော့ ပုံမှန်ပဲလို့ထင်ကောင်းထင်ရပေမဲ့၊ အဲ့ဒီလိုလူတွေရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတိုင်းအတွက်တော့ ပင်ပန်းမှာပါ။
သမိုင်းမှာနာမည်တွင်ခဲ့တဲ့စာပေတွေကိုရေးသားခဲ့သူ ဂျပန်စာရေးဆရာတွေရှိပါတယ်။
သူ့တို့ဝေယျဝစ္စတွေကိုလုပ်ပေးရတဲ့ ဇနီးသည်တွေကတော့ တော်တော်လေးပင်ပန်းရတယ်။

夏目漱石(なつめ口そうせき)Natsume Soseki


https://ja.wikipedia.org/wiki/夏目漱石

သူ့ရဲ့အပြောင်မြောက်ဆုံးလက်ရာကတော့ “ ကျွန်တော်က ကြောင်ကလေးပါ” ဆိုတဲ့စာအုပ်…..
ဂျပန်နိုင်ငံရဲ့ငွေစက္ကူမှာလည်း ဖော်ပြခြင်းခံရလောက်အောင် နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ပဲဖြစ်ပါတယ်။
သူ့ရဲ့အမျိုးသမီးကတော့ 鏡子(きょうこ)Kyōko ပဲဖြစ်ပါတယ်။

လက်ထပ်ပြီးတာနဲ့ချက်ချင်း ခင်ပွန်းဖြစ်သူ 漱石 Soseki ဆီကနေရုတ်တရက်ကြားလိုက်ရတာကတော့ တော်တော်လေးကိုအသည်းနာဖို့ကောင်းတယ်။
“ ငါက စာအများကြီးမလေ့လာရင်မရတဲ့အတွက် မင်းကိုကရုစိုက်ဖို့ငါ့မှာအချိန်ပိုမရှိဘူး”
ဒီလိုအေးစက်တဲ့စကားကို သွေးအေးအေးနဲ့ပြောခဲ့ပေမဲ့၊ ကလေးကတော့ ၈ ယောက်မွေးဖွားခဲ့ပါတယ်!!
တော်တော်သွေးအေးလို့ပဲနော် …(ရယ်လျက်)
ကရုစိုက်လို့ပဲမဟုတ်ဘူးလာ…

漱石က အမျိုးသမီးဖြစ်သူကို ဂုန်လျှော်အိတ်အလုံး ၅၀လောက်ပေးပြီး ဒီလိုပြောခဲ့ပါတယ်။
“ အကယ်၍မီးလောင်ခဲ့ရင် ဒီထဲကိုစာအုပ်တွေထည့်ပြီးပြေးပါ” တဲ့…..

ကဲ..ဇနီးသည်ရဲ့အသက်ကပိုအရေးကြီးတယ်မဟုတ်ဘူးလာ? အဲ့ဒီလိုပြောရမှာထက် အိတ်အလုံး ၅၀ ထဲကိုစာအုပ်တွေထည့်ပြီးပြေးဖို့ဆိုရင်တော့ အသက်တောင်မှီလောက်မှာမဟုတ်ပါဘူးနော်…..

နောက်ပြီး漱石က နယ်ဘက်ကိုအလုပ်နဲ့ရောက်နေစဥ် သတင်းစာမှာပါလာတဲ့ဝတ္ထုတွေကိုသဘောကျလွန်းလို့၊ ဇနီးဖြစ်သူကိုနေ့တိုင်းနယ်ကိုသတင်းစာပို့ခိုင်းတယ်။ နေ့တိုင်းဆိုတော့ ဇနီးသည်လည်းစိတ်အနှောက်အယှက်ရတဲ့အတွက် ၃ ရက်စာလောက်စုပြီးပို့ထားလိုက်တယ်။ အဲ့ဒီလောက်အထိ ပင်ပန်းရတယ်…

ဒါပေမဲ့ ကြင်နာတဲ့အချိန်လေးတွေတော့ရှိပါတယ်။
ဇနီးသည်က ကိုယ်ဝန်ပျက်ကျသွားပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြံစည်တဲ့အချိန်
သေကြောင်းမကြံဖို့အတွက် နှစ်ယောက်သားလက်ကောက်ဝတ်ကို ကြိုးနဲ့ရစ်ပတ်ပြီးအတူတူအိပ်ပေးတာတို့…
ဒါကလည်း ကရုစိုက်နေလို့ပဲမဟုတ်ဘူးလာ….

坂口安吾(さかぐち口あんご)Ango Sakaguchi


https://www.shunyodo.co.jp/blog/ango 18/

堕落論(だちくろん)Corruption theory 、白痴(はくち)Idiocy ဆိုတဲ့စာအုပ်တွေနဲ့နာမည်ကြီးတဲ့စာရေးဆရာဖြစ်ပြီး၊ အရက်မူးလာရင်‌တော့ တော်တော်လေးသွေးဆိုးတယ်။
အရက်မူးရမ်းကားပြီး အချုပ်ထဲရောက်ရတာတွေလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။
အဲ့ဒီအချိန် ဇနီးဖြစ်သူ 三代子(みよこ)Miyoko ကတော့ ဒီလိုပြောခဲ့ပါတယ်။

“ 坂口ကဆိုးသွမ်းသူတစ်ယောက်မဟုတ်ပါဘူး။ အရက်သောက်နေတဲ့အချိန်နဲ့ ヒロポン Hiropon သုံးတဲ့အချိန်ကလွှဲရင်ပေါ့”

ヒロポン Hiropon ဆိုတာ အဲ့ဒီအချိန်ရောင်းချနေတဲ့ စိတ်ကြွဆေးဖြစ်ပြီး၊ ပြောရရင်ခန္ဓာကိုယ်ကို တက်ကြွစေတယ်။
သွေးလေခြောက်ခြားတာတွေပါဖြစ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ဆေးပဲဖြစ်ပါတယ်။

菊池寛(きくち口かん)Hiroshi Kikuchi

https://www.ikunas.com/editors/知れば知るほど好きになる%E3%80%82 香川県出身の作家./

父帰る Return home、真珠夫人 Mrs. Pearl အစရှိတဲ့စာအုပ်ပေါင်းမြောက်များစွာကိုရေးသားခဲ့ပေမဲ့၊ မိန်းမရှုပ်သူတစ်ယောက်ဖြစ်ပြီး၊ ဒီအပျော်အပါးနဲ့ပတ်သက်တဲ့စိတ်ကိုတော့ မထိန်းချုပ်နိုင်ပါဘူး။
လက်ချိုးရေလို့မရလောက်အောင် မိန်းမနဲ့ပတ်သက်တဲ့ကိစ္စမှာ တော်တော်ကြီးသည်းခံထားတဲ့အမျိုးသမီးက သူ့ကိုအပြစ်တင်တဲ့အခါ ဒီစကားကိုပြန်ပြောခဲ့ပါတယ်။

“ ဆောရီးပါ။ အသက် ၆၀ ရောက်လာတဲ့အခါ ထိန်းမရတော့ဘူး”

တော်ပြီလို့တောင်စိတ်မကူးထားတဲ့ပုံပဲ…..

သို့သော် 菊池寛 က အသက် ၆၀ မရောက်ခင် ၅၉ နှစ်မှာပဲဆုံးသွားပါတယ်။

 

 

泉鏡花(いずみ口きょうか)Kyoka Izumi

https://www.sankei.com/life/news/180924/lif1809240017-nl.html

荒野聖(こうやひじり)Sacred wilderness ဆိုတဲ့စာအုပ်နဲ့နာမည်ကျော်လာတဲ့ စိတ်ကူးယဥ်ဝတ္ထုတွေကိုရေးတဲ့စာရေးဆရာပဲဖြစ်ပါတယ်။
ငယ်ရွယ်စဥ်ကအနုပညာအလုပ်တွေလုပ်ခဲ့ပြီး၊ すずさんလို့ခေါ်တဲ့သူနဲ့ချစ်ကြိုက်ခဲ့ပေမဲ့၊

အဲ့ဒီအချိန်ဆရာဆီကနေလက်ထပ်ဖို့ကို အပြင်းအထန်ကန့်ကွက်ခြင်းခံရပြီး လက်မထပ်လိုက်ပေမဲ့၊ ဆရာဆုံးပြီးနောက်မှာတော့ ချက်ချင်းပဲလက်ထပ်ခဲ့ပါတယ်။

နောက်ပြီးမနက်တိုင်း ဇနီးဖြစ်သူနဲ့လမ်းလျှောက်ထွက်တယ်။

ဒီအထိကတော့ အရမ်းကိုပျော်ပျော်ရွှင်ရွှင်နဲ့စကားတွေပြောကြပေမဲ့၊ ဘာလို့နေ့တိုင်းဇနီးဖြစ်သူနဲ့လမ်းလျှောက်ထွက်ရလဲဆိုတာကိုမေးကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့အဖြေကတော်တော်လေးကို ထူးဆန်းတယ်။

“ ကျွန်တော်က ခွေးဆိုရင်အရမ်းမုန်းတာ၊ ခွေးလိုက်ခံရတဲ့အချိန်ကျွန်တော်အစားတစ်ယောက်ယောက်ရှိဖို့၊ အိမ်ဖော်မလေးကိုခေါ်ပြီးလျှောက်မယ်ဆိုရင်၊ ပတ်ဝန်းကျင်ကလည်းရှိသေးတယ်လေ။ ဒါကြောင့်အမျိုးသမီးကိုခေါ်ပြီးလမ်းလျှောက်တာပါ”

အထင်ကြီးလောက်တဲ့အကြောင်းအရာလို့ထင်ရပေမဲ့၊ လူသားအနေနဲ့ကတော့ တကယ့်ကိုလူ့အမိုက်ပဲ …

 

 

 

太宰治(だざい口おさむ)Osamu Dazai

 

人間失格 Human disqualification, 斜陽(しゃよう)Sunset  စတဲ့၊ hopeless novel တွေနဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။
ဒီလိုမျိုးစာပေတွေကိုရေးတဲ့太宰မှာ သေချာပေါက်စိတ်ကျရောဂါရှိနေပြီး၊ အသက် ၂၀၊ ၂၁၊ ၂၇၊ ၂၉ နှစ်အရွယ်တွေမှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။

အသက် ၃၀ အရွယ်မှာလက်ထပ်ခဲ့ပေမဲ့၊ ၃၉ နှစ်မှာရည်စားထားပြီး၊ ချက်ချင်းအဲ့ဒီချစ်တဲ့သူနဲ့ကလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။
အဲ့ဒီကလေးမွေးတဲ့နှစ်မှာပဲ အခြားချစ်သူတစ်ယောက်နဲ့အတူ suicide လုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာ ဇနီးသည်ဖြစ်သူ 美和子(みわこ)Miwako ဆီကိုသေတမ်းစာတစ်စောင်ရေးခဲ့ပါတယ်။

အဲ့ဒီသေတမ်းစာကိုဖတ်ခဲ့တဲ့ အမျိုးသမီးဖြစ်သူရဲ့ပထမဦးဆုံးစကားတစ်ခွန်းကတော့
“ သေတမ်းစာလေးတောင်ရေးခဲ့တာပဲ။ ဒါပေမဲ့ပျော်ပါတယ်”

ဇနီးသည်ကိုပစ်ထားပြီးနောက်ဆုံးအချိန်မှာတော့ သတိယသားပဲ ဆိုတာပြောချင်တာနေမယ်…

 

ကဲ..ဘယ်လိုလဲ?
သမိုင်းမှာနာမည်တွင်ခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ စရိုက်တွေကတော့ ပုံမှန်လူနဲ့နည်းနည်းတော့မတူဘူးနော် …
စာဖတ်သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ထူးဆန်းတဲ့သူတွေကရော၊ မဟုတ်မှလွဲရောနောင်တစ်ချိန် နာမည်ကြီးသူတွေများဖြစ်လာမလား..???

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: