Telework အတွက် business hotel ဖွင့်ပေးလိုက်ကာမှ !!!!!

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုနဲ့အညီ ဂျပန်မှာလည်း telework တွေနဲ့ပဲအလုပ်လုပ်ကြပါတယ်။ သို့သော် အိမ်မှာအလုပ်လုပ်မယ်လို့ကြံလိုက်ရင် တော်တော်နဲ့မှမလုပ်နိုင်တဲ့အကြောင်းတွေ အချို့သူတွေမှာရှိပါတယ်။

အိမ်ဆိုတာကပုံမှန် အလုပ်ကနေပြန်လာရင်အနားယူတဲ့နေရာဖြစ်တဲ့အတွက် ဇိမ်ရှိရှိထိုင်လို့ရတဲ့ဆိုဖာ၊ စားစရာတွေ၊ အရက်၊ ဂိမ်း အစရှိတဲ့အလုပ်မလုပ်နိုင်အောင် ဆွဲဆောင်ထားတဲ့အရာတွေကအများကြီးရှိပါတယ်။
နောက်ပြီး ကလေးငယ်ကရှိမယ်ဆိုရင် လာရှုပ်နေတာမျိုးတွေ…..

ဒါကြောင့် ဂျပန်မှာ telework အတွက် business hotel ဆိုတာရှိလာပါပြီ။
day time အတွက်ပဲဖြစ်ပြီးတော့ စျေးနှုန်းကလည်းသက်သာတယ်။

အလုပ်ပတ်ဝန်းကျင်နဲ့တော့သိပ်ပြီးမတူပေမဲ့၊ အိမ်မှာလိုမျိုးဆွဲဆောင်မှုတွေသိပ်ပြီးမရှိတာကတစ်ခု၊ နောက်ပြီး၊ skype တို့ zoom တို့နဲ့ အစည်းအဝေးတွေလုပ်တဲ့အခါမှာလည်း background ကိုသိပ်ပြီးစိတ်ပူစရာမရှိဘူး။
ဥပမာအိမ်မှာဆိုရင် မသိမ်းရသေးတဲ့ပစ္စည်းတွေရှုပ်ပွနေတာတို့ …..
အဲ့ဒီအခြေအနေအတွက်လည်း ဒီ business hotel ကအရမ်းကိုအဆင်ပြေတယ်ပေါ့

တစ်ဖက်မှာလည်း မှားယွင်းတဲ့အသုံးချမှုတွေရှိလာပြန်ပါတယ်။

ဘာလဲဆိုတော့ မိသားစုကို အလုပ်အတွက်business hotelကိုသွားမယ်လို့ပြောသွားပြီး ဟိုတယ်ရောက်သွားတဲ့အခါမှာ‌တော့ ရည်းစားနဲ့တိတ်တိတ်ပုန်းချိန်းတွေ့တာတို့၊ ဖောက်ပြန်တာတို့ ရှိလာတာပါ။


https://www.msn.com/ja-jp/news/poinion/ビジネスホテルのテレワーク向けブランーコロナ不倫ーだらけ/ar-BB12Ta2G?ocid=ob-fb-jajp-782

အဲ့ဒီလိုဟိုတယ်မှာ စိတ်ကြိုက်တစ်နေ့လုံးဖောက်ပြန်ဖို့အခွင့်အရေးရသွားသလို ဖြစ်သွားပါတယ်။
ဟိုတယ်ဖြစ်တဲ့အတွက် အိပ်ယာတို့၊ ရေချိုးခန်းတို့ကပါပြီးသားပေါ့ …

မနက်ကနေညအထိ ယန်း၃၀၀၀‌လောက်ပေးရပါတယ်။
နောက်ပြီးတစ်ချို့ကုမ္ပဏီက အဲ့ဒီလိုမျိုး business hotel အတွက်အသုံးစာရိတ်တွေကို ကုမ္ပဏီဘက်ကပြန်ပေးတာတွေရှိပါတယ်။

ဘယ်သူနဲ့မှမတွေ့ရဘဲ ဟိုတယ်ရဲ့သီးသန့်အခန်းလေးထဲမှာတစ်ယောက်တည်းအလုပ်လုပ်နေမှာပဲလို့တွေးတဲ့ မိန်းမဖြစ်သူကတော့ စိတ်ချလက်ချနဲ့ခွင့်ပြုလိုက်ပေမဲ့၊
အော်! ..လင်လုပ်သူကတော့ တစ်နေ့လုံးတိတ်တိတ်ပုန်းချစ်သူနဲ့ အချစ်လွင်ပြင်မှာခရီးနှင်နေကြတယ်ဆိုပါတော့ …
အမလေး..မုန်းဖို့ကောင်းလိုက်တာနော်….(ရယ်လျက်)

ဟိုတယ်ကလည်း တိုကျိုအိုလံပစ်အတွက်နဲ့အများကြီးဆောက်ထားတာတွေရှိပြီး၊
အခုလိုရောဂါကြောင့်အိုလံပစ်မလုပ်တော့ဘူးဆိုတော့ လောလောဆယ်လာတည်းမယ့်ဧည့်သည်တွေကလည်းမရှိတဲ့အတွက် ဟိုတယ်စီးပွားရေးပြန်လည်ပတ်စေဖို့ တစ်ဖက်တစ်လမ်းအနေနဲ့

ကိုရိုနာကြောင့်အလုပ်လုပ်ဖို့အခက်အခဲရှိသူတွေ ဒီဟိုတယ်တွေကိုအသုံးပြုနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်လိုက်ကာမှ တစ်လွဲဆံပင်ကောင်း အခွင့်အရေးကိုအသုံးချတတ်သူများရဲ့ သုခဘုံဖြစ်သွားတာပေါ့ ..
တစ်ချို့အမှန်တကယ်အလုပ်လုပ်သူတွေလည်း ရှိမှာပါ..

အဲ့လိုလုပ်နေသူတွေရဲ့ပြောစကားဟာလည်း မသင်္ကာဖွယ်ကောင်းပြီး၊ လိုက်ပြီးစုံစမ်းခိုင်းတဲ့အမှုတွေလည်းများလာပါတယ်တဲ့..

“ ကိုရိုနာဖောက်ပြန်ခြင်း” လို့ခေါ်လို့ရတဲ့ကိစ္စကနေ, “ ကိုရိုနာကွာရှင်းခြင်း” အထိသာဖြစ်သွားခဲ့မယ်ဆိုရင်တော့ !!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: