ဂျပန်နိုင်ငံရဲ့ ကိုရိုနာအပေါ်ဆောင်ရွက်မှုတွေက လုံလောက်ပါရဲ့လား?

ဂျပန်နိုင်ငံမှာလည်း မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ဟာ မြို့ကြီးတွေကိုအဓိကထားပြီးကူးစက်ပျံ့ပွားနေတာကိုတွေ့ရပါတယ်။

ဒီအတွက် ဂျပန်ဟာနေရာဒေသအားလုံးကို အရေးပေါ်ကြေငြာချက်တွေနဲ့ထုတ်ပြန်သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ထုတ်ပြန်ထားတဲ့ကြေငြာချက်တွေက အခြားနိုင်ငံတွေနဲ့အနည်းငယ်မတူတာကိုတွေ့ရပါတယ်။ ဘာတွေလည်းဆိုတာ ကြည့်ရအောင်…

အပြင်ထွက်ခြင်း

https://www.lifehacker.jp/2017/08/170814 make-a-safety-plan-before-you-panic-in-a-crowd.html

နိုင်ငံအများစုမှာ အပြင်ထွက်တာနဲ့ပတ်သက်ပြီးအပြင်းအထန်တားမြစ်ထားပေမဲ့၊ ဂျပန်နိုင်ငံမှာကတော့ မိမိအသိစိတ်နဲ့ထိန်းချုပ်ပါ လို့ပဲပြောထားပါတယ်။
အပြစ်ပေးတယ်ဆိုတာလည်း မရှိပါဘူး။
ပုံမှန်တိုကျိုမှာသွားလာနေကြတဲ့လူတွေထက် တော်တော်လေးကိုတော့နည်းသွားပေမဲ့၊ အပြင်ထွက်ပြီးလျှောက်သွားနေကြတဲ့လူတွေက အရေအတွက်အားဖြင့်ကြည့်ရင် ရှိနေသေးတယ်ပေါ့ …
Mask တပ်ဖို့အတင်းအကျပ်အမိန့်တွေမထုတ်ထားတဲ့အတွက်၊ မတပ်လည်းပဲဒဏ်ငွေဆောင်တာတို့ အစရှိသဖြင့် မလုပ်ပါဘူး။
ဒါကြောင့် အပြင်ထွက်တဲ့လူတွေထဲမှာ ၁၀ရာခိုင်နှုန်းလောက်က Mask မတပ်တာကိုတွေ့ရပါတယ်။

ဆိုင်တွေ

https://madcity.jp/20160620 akitenpo/

ဆိုင်တွေကိုလည်း ပိတ်ရမယ်လို့အမိန့်ထုတ်ထားတာမဟုတ်ဘဲ၊ ပိတ်ဖို့မေတ္တာရပ်ခံထားတဲ့သဘောပါပဲ။
ကုမ္ပဏီကြီးတွေနဲ့ဆိုင်ခွဲတွေကတော့ ပူးပေါင်းကြပေမဲ့၊ အချို့သောဆိုင်သေးလေးတွေကတော့ စားဝတ်နေရေးအတွက်ကလည်းရှိနေတာကြောင့် ပုံမှန်အတိုင်းပဲဖွင့်ကြတာကိုတွေ့ရပါတယ်။
နောက်ပြီး မိန်းကလေးတွေရှိတဲ့ဘားတို့၊ sex service ပေးတဲ့ဆိုင်တို့လည်း…ပုံမှန်အတိုင်းပဲဖွင့်ပါတယ်။
အဲ့လိုနေရာတွေမှာ အမြောက်အများထိတွေ့မိပြီးကူးစက်မှုက ကျယ်ပြန့်သွားတယ်လို့ထင်ရပေမဲ့၊ ကူးစက်ခြင်းခံလိုက်ရတဲ့ ဆိုင်ရော၊ ဧည့်သည်တွေရောရှိနေတယ်ဆိုတာကို လျှို့ဝှက်ထားပေးတဲ့အတွက်၊ ဒီရောဂါပိုးကူးစက်မှုရဲ့ကွင်းဆက်(အရင်းအမြစ်)ကို မလိုက်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

ပို့ဆောင်ဆက်သွယ်ရေး

https://raillab.jp/news/article/19068

ဂျပန်ကနေ နိုင်ငံတကာသွားလာရေးတွေကိုတော့ တားမြစ်ထားတဲ့အတွက်၊ ပြည်ပလေကြောင်းလိုင်းအချို့ကိုရပ်ထားပါတယ်။
ပြည်တွင်းလိုင်းတွေကိုတော့ ဖွင့်ပေးထားပေမဲ့၊ အသုံးပြုသူနည်းတာကြောင့် flight cancel လုပ်လိုက်ရတာတွေလည်းရှိပါတယ်။

ရထားလိုင်းမှာတော့ ကျည်ဆန်ရထားမှာခရီးသည်တွေနည်းသွားတာတို့၊ ခရီးဝေးသွားတဲ့ကားတွေဆိုလည်း အခက်အခဲဖြစ်သွားတာတို့…
ဒါပေမဲ့ အလုပ်အသွားအပြန်လုပ်နေတဲ့လူတွေလည်း အများကြီးရှိနေတဲ့အတွက်၊ မြို့ပတ်ရထားကတော့ ပုံမှန်အတိုင်းပဲ သွားနေပါတယ်။
တစ်ခြားဒေသကိုမပြောင်းရွှေ့ရဆိုတဲ့အမိန့်လည်းမရှိတဲ့အတွက်၊ ကိုရိုနာကိုရှောင်ပြေးဖို့ မိမိရှိတဲ့နေရာကနေ အခြားနေရာကိုသွားတဲ့လူတွေက ကူးစက်မှုကိုပျံ့နှံ့စေတယ်ဆိုတာကိုလည်း သိရပါတယ်။ ဥပမာ silent carrier ပေါ့ …

ဒီအခြေအနေက ဂျပန်နိုင်ငံမှာကူးစက်မှုဟာထိန်းမနိုင်သိမ်းမရတော့လောက်အောင်ပေါက်ကွဲမှုလို့လည်း မပြောနိုင်သလို၊ ဘာပဲပြောပြောသေဆုံးမှုနှုန်းကလည်းနိမ့်တယ်လို့ပြောနိုင်တဲ့အတွက် အနည်းငယ်သူများနဲ့မတူတဲ့အခြေအနေမှာရှိပါတယ်။
သို့သော် စီးပွားရေးဘက်ကိုပြန်ကြည့်ရင် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုရှိတဲ့အတွက် ဂျပန်အစိုးရကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးဆောင်ရွက်နေပါတယ်။
ဘယ်လိုမျိုးဆောင်ရွက်နေသလဲဆိုတာကတော့……

စီးပွားရေးရပ်နားထားမှုပူးပေါင်းဆောင်ရွက်တဲ့အတွက် ထောက်ပံ့ငွေစီစဥ်ပေးတယ်
အထူးသဖြင့်စီရင်စုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နေရာတွေမှာပြုလုပ်နေပါတယ်။
တိုကျိုမှာတော့ ပိတ်ဖို့ပူးပေါင်းပေးတဲ့ဆိုင်တွေကို အများဆုံး ယန်းသောင်း ၁၀၀ ထောက်ပံ့တဲ့ပုံပါပဲ။
တစ်ခြားစီရင်စုတွေမှာလည်း ဒီလိုမျိုးလိုချင်ကြပေမဲ့၊ တိုကျိုမြို့လောက်တော့ ဝင်ငွေသိပ်မရှိတဲ့အတွက် နည်းနည်းတော့အခက်အခဲရှိပါတယ်။

Mask ပေးဝေခြင်း

Mask ပေးဝေခြင်းမှာ ထောက်ခံတာ၊မထောက်ခံတာကိုဆိုရမှာထက် ဝေဖန်မှုတွေကိုပဲ တော်တော်များများတွေ့နေရပါတယ်။
အိမ်ထောင်တစ်မိသားစုမှာ အဝတ်နဲ့လုပ်ထားတဲ့ Mask ၂ခုစီပေးမယ်လို့စီစဥ်ထားပြီး၊ အဲ့ဒီလိုပေးဝေမှုတွေကလည်း အစပြုနေပါပြီ။

လူတိုင်းကို ယန်း ၁၀ သောင်းစီ၊(ယန်း၁သိန်း)

တိုင်းပြည်မှာရှိနေတဲ့ပြည်သူအားလုံးအတွက် ၁ယောက်ကို ယန်း ၁၀သောင်းစီပေးမယ်လို့ ပါလီမန်မှာအဆိုပြုပြီးပြီဖြစ်ပါတယ်။ ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေအတွက်လည်းရနိုင်ချေရှိပါတယ်.

စီးပွားရေးလုပ်ငန်းတွေလည်း ထောက်ပံ့ပေးခြင်း

အချို့လုပ်ငန်းတွေ ကျပ်တည်းသွားရပါတယ်။
‌ပြန်ပြီးထောက်ပံ့ပေးတဲ့အတွက် အချို့ကစတင်နေပြီးဖြစ်ပါတယ်.
အတိုးမယူ၊ အပေါင်းပစ္စည်းလည်းထားစရာမလိုဘဲ ငွေထုတ်ချေးပေးတာပါ။
ပုံမှန်ဆို ဘဏ်ကနေငွေသွားချေးမယ်ဆို၊ အပေါင်ပစ္စည်းထားဖို့လိုတဲ့အခြေအနေတွေလည်း အများကြီးရှိတယ်။
အထူးသဖြင့် ချေးငွေအများကြီးထုတ်မယ်ဆိုရင်ပေါ့…

ဒါပေမဲ့၊ ဒီလိုအခြေအနေမှာတော့ အပေါင်ပစ္စည်းလည်းမလိုအပ်ဘဲ၊ အတိုးလည်းမပေးရဖို့ ဂျပန်အစိုးရကဘဏ်အသီးသီးကို တောင်းဆိုထားပါတယ်။
အရစ်ကျပြန်ပေးရမယ့်ငွေကိုတော့ နှစ် ၂၀အတွင်းအကျေပေးရမှာဖြစ်ပြီး၊ လုပ်ငန်းရင်းနှီးငွေကတော့ ၁၅ နှစ်အတွင်းဆိုပြီး သတ်မှတ်ထားပါတယ်။

နောက်ထပ်၊ ရောင်းအားတွေအရမ်းကျသွားတဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ယန်းသောင်း ၂၀၀၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်အတွက်တော့ ယန်းသောင်း ၁၀၀ ဆိုပြီးငွေသားနဲ့ပေးဖို့ လျာထားတယ်လို့ဆိုပါတယ်။
ပေးလိုက်မှာဖြစ်တဲ့အတွက် ဒီငွေတွေကိုပြန်ပေးစရာမလိုပါဘူး။

အမေရိကန်နိုင်ငံနဲ့ ဉရောပနိုင်ငံတွေအစရှိတဲ့တိုးတက်ပြီးသားနိုင်ငံတွေမှာတော့ စီးပွားရေးအားလုံးနီးပါးကိုရပ်ဆိုင်းလိုက်ပြီး ကိုရိုနာနဲ့ပတ်သက်တာကိုအရေးပေးလုပ်ဆောင်နေပေမဲ့၊ ဂျပန်ကတော့ မတုန်မလှုပ်ဘဲစီးပွားရေးပြန်လည်ထူထောင်လာမှုကိုပိုပြီး ရည်ရွယ်တာတွေ့ရပါတယ်။

ရလဒ်အနေနဲ့ကတော့ ဒါကကောင်းတာလား၊ဆိုးတာလား၊ ကျွန်တော်လည်းတွေးပဲတွေးနေမိပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: