Work from home ရင်းအရက်သမားဖြစ်သွားရသူ!!!

၂၀၁၉ ဒီဇင်ဘာလ နောက်ဆုံးပိုင်းကနေအစပြုခဲ့တဲ့ COVID-19
အခုဆိုရင် ၂၀၂၀ခုနှစ် ၄လပိုင်းထဲကိုတောင်ရောက်ရှိခဲ့ပါပြီ။ အစောပိုင်းကာလမှာတော့ ‌ဆောင်းရာသီတွေမှာဖြစ်တတ်တဲ့တုတ်ကွေးပါပဲလို့ထင်ခဲ့ပေမဲ့ အခြေအနေတွေကအဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။
တရုတ်နိုင်ငံကနေအစပြုခဲ့တယ်၊ ပြီးတော့ကမ္ဘာကိုလျင်လျင်မြန်မြန်ပဲကူးစက်သွားခဲ့တယ်…

ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ဖြစ်ပြီး၊ သူရဲ့ဦးတည်ချက်ကအဆုတ်ကိုဖျက်ဆီးဖို့အတွက်ဖြစ်ပါတယ်။ ကူးစက်ခံထားရတဲ့သူချောင်းဆိုးလိုက်ခြင်းကြောင့် အနီးအနားကလူတွေကိုပါဗိုင်းရပ်စ်တွေကရောက်ရှိကုန်တယ်.
လူနာနဲ့ထိတွေ့ကိုင်တွယ်မိပြီဆိုရင် ပိုပြီးပြောစရာတောင်မရှိတော့ဘူးပေါ့ …
ဒီကပ်ရောဂါကြောင့် စက်ရုံအလုပ်သမားတွေအတွက် နစ်နာမှုတွေရှိသလို၊ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေ ဒုက္ခရောက်ကြပါတော့တယ်….
သို့သော် ဂျပန်လိုနိုင်ငံမျိုးမှာတော့ အချို့ site လုပ်ငန်းတွေကလွဲရင်တော်တော်များများက IT ပိုင်းဖြစ်တဲ့အတွက် တစ်ချို့ကုမ္ပဏီတွေက Telework ပုံစံကိုပြောင်းလိုက်ကြတယ်။

 

https://nikkan-spa.jp/wp-content/uploads/2020/04/9c17084024f4d2723f6d3c1e3b8b553e.jpg

အိမ်ကနေအလုပ်လုပ်ရတဲ့အတွက် ပိုပြီးထိထိရောက်ရောက်လုပ်နိုင်တယ်။ ကုမ္ပဏီကိုသွားဖို့မလိုတဲ့အတွက်
လူပြည့်ကျပ်နေတဲ့ရထားကိုစီးဖို့မလိုအပ်တော့ဘူး …ဒါကြောင့် ဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံ့ပွားမှုကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်ဆိုပြီး အလုပ်သမားများကလည်းတောင်းဆိုကြပါတယ်။
ကြိုးစားတဲ့အလုပ်သမားတစ်ချို့ကတော့ ခုထိကုမ္ပဏီကိုသွားနေတုန်းပါပဲ….

ကဲ. ဇာတ်လမ်းကတော့ စပြီ….

Work from home ရင်းအရက်သမားကြီးဖြစ်သွားရသူတဲ့….

ဒီလိုပါ..
တိုကျိုမြို့ရဲ့ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Seitaro Yamashita ဆိုသူပဲဖြစ်ပါတယ်။
သူတို့ကုမ္ပဏီက clients တွေနဲ့ဆက်သွယ်မယ်ဆိုရင်အဓိက email ကိုပဲအသုံးပြုရပြီး၊ ဒီဇိုင်နာတွေအချင်းချင်းအလုပ်အကြောင်းတွေ့ဆုံစကားပြောတာတို့၊ report တင်တာတို့ဆိုရင်လည်း chatting နဲ့ပဲလုပ်ကြတယ်ဆိုတော့ ကုမ္ပဏီဘက်က Telework အစီအစဥ်နဲ့သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ Work from home ပေါ့…

ဒါကြောင့် “ ၁လမှာ၁ကြိမ်တွေ့တဲ့ meeting ကလွဲရင် ကုမ္ပဏီကိုလာစရာမလိုတော့ဘူး။ ဒီရောဂါတွေပြီးသွားတဲ့အချိန်အထိ အိမ်မှာပဲလုပ်ကြပါ” ဆိုပြီးခွင့်ပြုပေးလိုက်ပါတယ်။

ဒါနဲ့ပဲ Seitaro Yamashita တစ်ယောက်လည်းပဲ အိမ်ကနေအလုပ်လုပ်ခဲ့ပါတယ်။ သို့သော်
ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိတော့ပေမဲ့၊ Seitaro ကိုကြည့်ရတာ တစ်ခုခုတော့ဖြစ်နေပါပြီ။
အဲ့ဒါကတော့ အရက်ကြောင့်ပါတဲ့….

အလုပ်လုပ်နေရင်း မနက်၁၁နာရီကနေစသောက်တယ်…

 

https://nikkan-spa.jp/wp-content/uploads/2020/04/06daaf9b41d46bb6fc2a5bfda45e43a3-550×485.jpg

“ အခုရက်ပိုင်း နေခင်း‌လောက်ကနေစသောက်မိနေတယ်။ နေ့တိုင်းအလုပ်ပြီးသွားတဲ့အချိန်ဆို အိမ်မှာပဲညဘက်၊ 350ml ရှိတဲ့ဘီယာတစ်လုံး၊ နောက်ပြီး highballs ကိုတော့ ၅ဗူးကနေ ၆ဗူးလောက်အထိ သောက်ဖြစ်တယ်.
ဒါပေမဲ့ အခုကတော့ ၁၁နာရီလောက်ဆိုရင်ဘီယာ ၁လုံး၊ highballs ၂ဗူးလောက်ကိုသောက်မိနေပါတယ်။ အလုပ်အတွက်မထိခိုက်မိအောင်လို့တော့ ကရုစိုက်နေရပါတယ်” ဆိုပြီး သူ့ရဲ့ပြောပြချက်အရသိရပါတယ်။

ဒီလိုသာသောက်နေမယ်ဆိုရင်တော့ ကြာလာရင်ကုမ္ပဏီဘက်က ငြိုငြင်လာတော့မှာပဲနော် …အဲ့ဒီလိုပဲ ကျန်းမာရေးလည်းထိခိုက်လာမယ်…

“ ကိုယ်သာလျှင်ကိုယ့်ရဲ့ပဲ့ကိုင်ရှင်” ဆိုတဲ့စကားလေးအတိုင်းပဲ ကိုယ့်ကိုကိုယ်အလိုလိုက်နေမယ်ဆိုရင်
ပျက်ဆီးရာပျက်ဆီးကြောင်းတွေနဲ့ ကြုံတွေ့ရမယ်..
အစပိုင်းမှာတော့ ပျင်းလို့ပါဆိုပြီးလုပ်မိရာကနေ နောက်တော့အဲ့ဒီအရာက မိမိရဲ့သခင်နေရာကိုရောက်သွားပြီး ဘဝဆုံးသွားရတဲ့လူတွေလည်း အများကြီးတွေ့ဖူးပါတယ်။

စာဖတ်သူတို့အထဲမှာလည်း ကုမ္ပဏီကိုသွားစရာမလိုဘဲ Work from home လုပ်နေကြတဲ့သူတွေရှိမလား?
ဒီအခွင့်အရေးလေးကိုရောဘယ်လိုမျိုးအသုံးချနေကြပါသလဲ?
ဒီအခွင့်အရေးလေးကြောင့် ဘာတွေများပိုပြီးလေ့လာဖြစ်သွားလဲ?
ဥပမာ မိသားစုကိုအချိန်ပိုပေးဖြစ်တာ၊ online ကနေလေ့လာနိုင်တဲ့အခွင့်အရေးအတွက် အချိန်ပိုရတာ၊ အစရှိသဖြင့်ပေါ့နော် …

ဒါကြောင့် မိမိဘဝအတွက်လည်းတိုးတက်ရာတိုးတက်ကြောင်း ဒီအခွင့်အရေးလေးကိုအကျိုးရှိစွာအသုံးချပါစို့ !!!!!

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: