ဂျပန်နိုင်ငံမှာ lockdown ချလိုက်ရင်ဒုက္ခရောက်မည့်သူ ၄၀၀၀ ‌လောက်ရှိ !!!!

ကမ္ဘာ့ရဲ့ နိုင်ငံအသီးသီးမှာရှိတဲ့မြို့ကြီးတွေတိုင်းလိုလိုဟာ lockdown ချခြင်းခံနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထိန်းချုပ်မှုအနေနဲ့တစ်သမတ်တည်း သက်ရောက်မှုတွေကိုအဆုံးသတ်နေသလို၊ ဂျပန်မှာလည်းမကြာမီအချိန်အတွင်း အဲ့ဒီလိုအစီအစဥ်တွေပြုလုပ်တော့မယ့်ပုံပါပဲ

ဂျပန်ရဲ့ အခြေအနေကတော့ အပြင်ထွက်တာကိုတားမြစ်တာမျိုးတွေမလုပ်ဘဲ၊ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ထိန်းချုပ်ဖို့ပဲ တောင်းဆိုထားပါတယ်။
စီးပွား‌‌ရေးလုပ်ငန်း၊ ဆိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလည်း အစိုးရဘက်ကတင်းကြပ်မှုတွေမရှိဘဲ self-control လို့ပဲပြောထားတဲ့အတွက် ဒီရောဂါကဘယ်အထိသက်ရောက်သွားမလဲဆိုတာ မရေမရာတဲ့
အခြေအနေမှာရှိနေပါတယ်။


https://www3.nhk.or.jp/news/html/20200406/k100123770701000.html

ပုံမှန်medical checkup အတွက်ဆေးရုံသွားခြင်း၊ အစားအစာထွက်ဝယ်ခြင်း၊ အလုပ်ကိုသွားနေရခြင်းအစရှိတဲ့ နေ့စဥ်လုပ်ဆောင်နေမှုဘဝမှာ မလိုအပ်တဲ့လုပ်ဆောင်မှုတွေကိုရပ်တန့်လိုက်ဖို့
အပြင်မထွက်ကြဖို့တောင်းဆိုလိုက်ပြီး အောက်မှာဖော်ပြထားပေးတဲ့အရာတွေကိုလည်း ရပ်တန့်ထားဖို့အကြံပြုလိုက်ပါတယ်။

– အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း
– 保育所Nursery school, 、幼稚園 kindergarten
– သက်ကြီးရွယ်အိုတွေအတွက်လူမှုဖူလုံရေးအဖွဲ့အစည်း
– ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ
– လူစုဝေးတဲ့နေရာ၊ ပြခန်းတွေ
– Department Store, Shopping mall
– Hotel, Japan traditional inn
– gym, pool, အားကစားခမ်းမ
– ပြတိုက်၊ အနုပညာပြခမ်း၊ စာကြည့်တိုက်
– night club
– ကားမောင်းလေ့ကျင့်သင်ကြားတဲ့နေရာ
– စားသောက်ဆိုင်တွေ

ရထားလမ်းတွေကိုလည်းမရပ်လိုက်သလို၊ အဝေးပြေးလမ်းမတွေကိုလည်း  မပိတ်ထားတဲ့အတွက် စားသောက်ကုန်တွေပြတ်တောက်သွားမှာကိုတော့ စိတ်ပူစရာမရှိပါဘူး။
ဒါပေမဲ့ lockdown ချလိုက်မယ်ဆိုရင် ပြဿနာကြီးကြီးမားမားလည်း ဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်.

လူ ၄၀၀၀ လောက်ဟာလမ်းပေါ်ရောက်သွားမယ်.

ဆိုပြီးပြောကြပါတယ်။

အိမ်ကနေမောင်းထုတ်ခံရလို့လည်းမဟုတ်၊ ဟိုတယ်မှာဘိုကင်ဝင်ပြီးသားသူတွေကိုလည်း ဟိုတယ်တွေကမောင်းထုတ်မှာလည်းမဟုတ်သလို၊ ရထားနဲ့လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ရပ်မထားပါဘူး။
ဒါဆိုဘာကြောင့် လမ်းပေါ်မှာနေရမယ့်သူတွေများလာရမှာလဲ?

အကြောင်းကတော့ internet cafe ကြောင့်ပဲဖြစ်ပါတယ်။


https://mura-life.com/2017-09-24-120830

အင်တာနက်ပါအသုံးပြုနိုင်တဲ့ ကော်ဖီဆိုင်ဖြစ်တဲ့အတွက်၊ ပုံမှန်ကဖီးကိုမှလွတ်လွတ်လပ်လပ်အသုံးပြုနိုင်တဲ့
PC ကိုပါတပ်ဆင်ထားတာကနေအစပြုခဲ့ပါတယ်။
ဒါပေမဲ့၊ အခုတော့ အခြေအနေကတော်တော်ကြီးပြောင်းလဲသွားပါပြီး၊ ပုံမှာပြထားတဲ့အတိုင်းသီးသန့်အခန်းလေးတွေအဖြစ်ကန့်လိုက်ပါတယ်။
ဘာအတွက်ကြောင့်လဲလို့မေးရင်၊ ညဘက်အိပ်ဖို့အတွက်လည်း အဆင်ပြေအောင်လို့ပါတဲ့….
နေစရာအိမ်မရှိတဲ့သူတွေ၊ မဟုတ်ဘူးသွားစရာနေရာမရှိတဲ့သူတွေက ဒီနေရာမှာလာစုပြီးနေကြပါတယ်။

ဒီလိုလုပ်မယ့်အစား တိုက်ခန်းကျဥ်းကျဥ်းမှာတစ်လခစာပေးပြီးငှားနေမယ်ဆိုရင် စျေးသက်သာပါတယ်။
ဒါပေမဲ့ ဂျပန်မှာကတော့ ဘယ်ဟာကိုပဲငှားငှား အာမခံပေးသူ ကလိုအပ်ပါတယ်။

အိမ်ကနေထွက်လာတဲ့သူ၊ တစ်နေရာရာကနေထွက်ပြေးလာတဲ့သူ၊ ဆွေမျိုးရင်းခြာတွေမရှိတဲ့သူတွေကျတော့ အာမခံပေးမယ့်သူမရှိတဲ့အတွက်၊ စျေးကြီးပေမဲ့လည်းinternet cafe ကလွှဲပြီး နေစရာမရှိလို့ လာကြတဲ့သူတွေဖြစ်ပါတယ်။
internet cafe မှာ restaurant လိုမျိုး ဝန်ဆောင်မှုတွေကိုလည်း ရရှိနိုင်တဲ့အတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပဲနော်….

ဒါဟာ lockdown ကြောင့် နေထိုင်မှုပျောက်ဆုံးသွားမယ့်အကြောင်းအရင်းပါ..

တိတိကျကျလူဦးရေစစ်တမ်းမကောက်ရသေးပေမဲ့၊ ခန့်မှန်းချေ လူ ၄၀၀၀ လောက်ရှိမယ်လို့ပြောပါတယ်။
သူတို့တွေက ပြန်စရာအိမ်လည်းမရှိ၊သွားစရာနေရာလည်းမရှိ အဲ့ဒါနဲ့ပဲလမ်းပေါ်မှာနေရုံကလွဲပြီးမရှိတော့ပါဘူးလို့ လူအများကထင်ကြေးပေးကြပါတယ်.

ဒီတစ်ကြိမ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှင်းရှင်းလင်းလင်းဖြစ်သွားရတဲ့ ဂျပန်ရဲ့ပုန်းကွယ်နေတဲ့နေရာတစ်ချို့..
ဒီကာလအတွင်းသူတို့တွေဘယ်လိုများဆက်ပြီးနေထိုင်သွားကြတော့မလဲ…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: