Toiletအညစ်အကြေးတွေနဲ့သူဌေးဖြစ်ခဲ့တဲ့ ရှေးဂျပန်အိမ်တော်ထိန်းများ

ဆာမူရိုင်းတွေရှိနေသေးတဲ့ အဲဒိုခေတ်မှာ၊ သေချာပေါက်လှပတဲ့အိမ်ကြီးတွေကလည်း ရှိခဲ့ကြသလို၊ ပုံမုန်လူတန်းစားတွေနေထိုင်တဲ့ ဒီလိုအိမ်အခန်းတွဲတွေလည်းရှိခဲ့ကြပါတယ်။

https://otekomachi.yomiuri.co.jp/news/20200331-OKT8T212617/

အိမ်အခန်းတွဲလို့ပြောလိုက်ရင်၊ အခုအခြေအနေနဲ့ဆိုရင်တော့ Apartment ပဲပေါ့…
အခန်းတစ်ခန်းပဲပါတဲ့ အိမ်သေးသေးလေးဖြစ်လို့၊ အခန်းထဲမှာ Toilet နဲ့ရေစိမ်ကန်တို့မပါဘူး..
‌ရေစိမ်တာတို့၊ရေချိုးတာတို့ဆိုရင် public bath တွေဖြစ်ကြတဲ့ အများသုံးရေချိုးကန်တွေမှာ သွားရပြီးတော့ Toilet ဆိုရင်လည်း အိမ်ခန်းတွဲအားလုံးမှာမှ ၁လုံးသာလျှင်ရှိပါတယ်တဲ့။
သူလည်း အများသုံးအိမ်သာပဲပေါ့ …

အဲ့ဒီအိမ်ခန်းတွဲတွေကို ဦးစီးနေတဲ့ အိမ်ရာမှူးဆိုတာရှိပါတယ်။
အိမ်ပိုင်ရှင်ကိုပြောတာမဟုတ်ဘူးနော် ..လုံးဝမတူပါဘူး။
အုပ်ချုပ်ဖို့တာဝန်ကိုအပ်နှင်းခံရတဲ့ အိမ်တော်ထိန်းပဲဖြစ်ပါတယ်။

စျေးကွက်ထဲမှာတော့ အိမ်ငှားရမ်းခကတစ်ခန်းကို 600 နှုန်းဖြစ်ပြီ၊ ၁လအတွက်ဆိုရင်တော့ ခန့်မှန်းခြေ 15000 ယန်းဖြစ်ပါတယ်။
အဲ့ဒီငွေရဲ့ 5ရာခိုင်နှုန်းလောက်ကိုပဲ အိမ်တော်ထိန်းကရပြီးတော့၊ ကျန်တဲ့ 95ရာခိုင်းနှုန်းကတော့ အိမ်ပိုင်ရှင်ကရပါတယ်။ အိမ်အလုံး ၂၀ လောက်ကိုကြည့်ပေးရပေမဲ့ ဒီပမာဏလောက်လေးနဲ့ဆို အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပြောရရင်တော့ သိပ်ပြီးမစားသာဘူးပေါ့ ….

ဒါကြောင့်ဒီနေရာမှာ အိမ်တော်ထိန်းရဲ့အဓိကဝင်ငွေရစေတာကတော့ ဒီနည်းနဲ့ပါ။

 

toilet မှာစုလာတဲ့မစင်တွေ
ဒီအညစ်အကြေးတွေက ငွေပြန်ဖြစ်လာတာပါ..


https://mag.japaaan.com/archives/116160

အပေါ်ကဓာတ်ပုံထဲမှာ ရေပုံးသယ်နေတဲ့လူရှိတယ်။

肥桶こえおけ Koeoke လို့ခေါ်တဲ့ မစင်သယ်တဲ့သစ်သားပုံးဖြစ်ပြီးတော့၊ စိုက်ပျိုးရေးသမားတွေက အိမ်သာကနေထွက်တဲ့ အညစ်အကြေးတွေကို ပြန်သယ်သွားတဲ့နေရာမှာအသုံးပြုပါတယ်။

ဒီလိုလာယူတဲ့ စိုက်ပျိုးရေးသမားတွေနဲ့ ပုံမှန် ၁ နှစ်လောက်စာချုပ်ချုပ်ထားကြပါတယ်။

အိမ်တစ်အိမ်ကို ဆန် 15ကီလိုဂရမ်ရောင်းရတယ်။
ဒီအချိန်ရဲ့ စျေးကွက်ထဲမှာတော့ ငွေသားနဲ့ပေးရတယ်။ ကြိုပေးရတယ်။
အိမ်ခန်းတွဲကသေးမယ်ဆိုရင် တစ်နှစ်ပတ်လုံး အခန်းပေါင်း ၁၀ ခန်းကနေ၊ အခန်း၂၀ အထိရှိပြီး၊ ဒီနေ့တန်ဖိုးနဲ့ဆိုရင် ယန်း ၁၀သောင်းကနေ၊ သောင်း၂၀ အထိရှိပါတယ်။

အကယ်၍ကျယ်ဝန်းတဲ့အိမ်ခန်းတွဲသာဆိုရင်တော့ အခန်းပေါင်း၃၀ကနေ ၄၀ဖြစ်ပြီး၊ ယန်း သောင်း၃၀ကနေ သောင်း၄၀ အထိဖြစ်ပါတယ်။ ဒါဟာတစ်နှစ်ပတ်လုံးအတိုင်းအတာဖြစ်ပါတယ်။

အဲ့ဒီလိုစဥ်းစားကြည့်လိုက်ရင် အိမ်ကြည့်ရှု့ထိန်းသိမ်းခထက် toilet ကရတဲ့အညစ်အကြေးကတောင်ပိုပြီးဝင်ငွေကောင်းနေပါတယ်။

ဂျပန်ရဲ့ရှေးသမိုင်းဝင် ဒရမ်မာတွေကိုကြိုက်တဲ့သူတွေကတော့ ကြည့်ဖူးလာမသိဘူး၊ အိမ်တန်းလျားမှာနေတဲ့သူနဲ့ အိမ်တော်ထိန်းတို့ရန်ဖြစ်ကြတဲ့အခါ၊ အိမ်ငှားတွေကဒီလိုစကားပြောကြတဲ့အခန်းကို ကောင်းကောင်းသရုပ်ဆောင်ကြတယ်။

“ この長屋で二度とクソなんかするもんか”
“I’ll never fuck in this tenement”

ဒါကဝယ်ပြီးနေလို့ရတဲ့ စနစ်ရှိတယ်ဆိုပေမဲ့၊ အဲ့ဒီပိုက်ဆံတွေကအိမ်တော်ထိန်းကိုလည်းပေးရတယ်ဆိုတာကို မသိထားရင်တော့ အချင်းချင်းနားလည်မှုရရှိဖို့ခက်ခဲပြီး ပြဿနာတွေဖြစ်ရပါတယ်။

စကားမစပ် သူဌေးတွေနေတဲ့အိမ်ရဲ့ Toilet ကနေရတဲ့အညစ်အကြေးတွေကို “ အကောင်းတွေကိုပဲစားထားတဲ့လူတွေရဲ့မစင်” ဆိုပြီး အာဟာရပမာဏကလည်း မြင့်မားတယ်ဆိုတဲ့အတွက်၊ စျေးကောင်းပေးကြတယ်….(ရယ်လျက်)

ကလေးတွေနဲ့ အသက်ကြီးသူတွေကြပြန်တော့လည်း သိပ်ပြီးအညစ်အကြေးမစွန့်ကြသလို၊ အာဟာရဓါတ်ကလည်းနည်းတယ်ဆိုပြီး စျေးပေါပေါနဲ့ဝယ်ကြပြန်တယ်တဲ့…။
မစင်တောင်မှ သူ့စျေးနှုန်းနဲ့သူရှိတာပဲနော် ….(ရယ်လျက်)

အိမ်တော်ထိန်းအလုပ် မကောင်းဘူးလာ…လို့စာဖတ်သူတို့တွေးကောင်းတွေးမိလိမ့်မယ်
ဒါပေမဲ့ အတော်လေးကိုတော့မလွယ်ပါဘူး။
အိမ်တော်ထိန်းလို့ပြောလိုက်ရင် မိဘလိုမျိုးပါပဲ၊ မိဘရဲ့အခန်းကဏ္ဍကနေပါဝင်ပြီး နေထိုင်သူတို့ရဲ့လက်ထပ်တာတို့၊ ကွာရှင်းတာတို့၊ ကလေးမီးဖွားတာတို့၊ စတဲ့အစီရင်ခံစာအားလုံးကို အိမ်တော်ထိန်းကနေတစ်ဆင့် အစိုးရရုံးကိုတင်ပေးရတယ်။

ကိုယ့်ရဲ့ အိမ်ခန်းတွဲမှာနေထိုင်နေတဲ့သူတွေထဲက ရာဇဝတ်မှုကျူးလွန်တဲ့သူတစ်ယောက်ရှိမယ်ဆိုရင်လည်း
ဆွေးနွေးညှိနှိုင်းမှုကို အိမ်တော်ထိန်းကပဲတာဝန်ယူပေးရပါတယ်။ ဒါလည်းမိဘလိုမျိုးပဲနော်….

နည်းနည်းရယ်ဖို့တော့ကောင်းတယ်….
ဒါနဲ့ အဲ့ဒီအိမ်ခန်းတွဲတွေမှာစပြီးနေထိုင်မယ်ဆိုတာနဲ့ 礼金reikin ၊ 挨拶金 aisatsukin လို့ခေါ်တဲ့ ကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့ငွေနဲ့၊နှုတ်ဆက်တဲ့သဘောနဲ့ပေးတဲ့ငွေ ဆိုပြီးအဲ့ဒီငွေတွေနဲ့အတူ အိမ်တော်ထိန်းဆီကိုသွားရပါတယ်။

ဒါပေမဲ့ မျက်မှောက်ခေတ်ဂျပန်နိုင်ငံရဲ့ အိမ်ခန်းတွေငှားရမ်းမှုသဘောတူစာချုပ်မှာတော့ 礼金reikin လို့ခေါ်တဲ့ ကျေးဇူးတင်ငွေပဲကျန်ပါတော့တယ်။
敷金Shikikin လို့ခေါ်တဲ့ စရန်းငွေနဲ့မတူပါဘူး။

礼金reikin ကကျေးဇူးတင်လို့ပေးတဲ့ငွေဖြစ်လို့ ပြန်မရပါဘူးနော် …..
အခြားတိုင်းပြည်တွေမှာတော့ ဒီလိုစနစ်မရှိဘူးပေါ့
ဒါလေးကတော့ 礼金reikin ဆိုတဲ့ကျေးဇူးတင်ငွေဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ “ အိမ်တော်ထိန်းကသက်သက်ကြီးမိဘလိုမျိုးတာဝန်တွေယူပေးနေစရာမလိုတော့ဘူး၊
နောက်ပြီး လိုလည်းမလိုအပ်တော့ဘူး” ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီအလေ့အထလေးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ…………

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: