Yuki မြင်တွေ့နေရတဲ့ လတ်တလောပတ်ဝန်းကျင်အခြေအနေ

အားလုံးပဲ မင်္ဂလာပါ!JAPO Myanmar ရဲ့ Yuki ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်မှုတွေကပြန့်ပွားနေတဲ့အတွက် စာဖတ်သူတို့ရော
ဘယ်လိုမျိုးနေထိုင်နေကြပါသလဲ?

ကျွန်မကတော့ အခုဂျပန်နိုင်ငံကိုပြန်သွားပြီး၊ မွေးရပ်ဇာတိဖြစ်တဲ့ အိုကာယာမခရိုင်မှာနေထိုင်နေပါတယ်။
ကမ္ဘာတစ်ဝှမ်း မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေငြိမ်သက်သွားတဲ့အထိ ဂျပန်မှာပဲနေတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။
မြန်မာနိုင်ငံကိုလည်း မြန်မြန်ပြန်သွားချင်ပါတယ်။

အခုကတော့ ဂျပန်မှာရှိနေတဲ့အတွက်၊ အခုကနေစပြီး လက်ရှိဂျပန်နိုင်ငံရဲ့ အခြေအနေတွေကိုပုံမှန်အသိပေးသွားမယ်လို့ စဥ်းစားထားပါတယ်။

ကျွန်မနေထိုင်တဲ့ အိုကာယာမခရိုင်မှာတော့ ၄လပိုင်း ၆ရက်နေ့၊ လက်ရှိမျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်ခံရသူတွေက ၁၁ ယောက်တောင်ရှိနေပါပြီ။
အိုကာယာမခရိုင်ဆိုတာ တိုကျိုတို့အိုဆာကာတို့လို မြို့ကြီးတွေမဟုတ်တဲ့အတွက်၊ ကူးစက်ခံရသူတွေအများကြီးမရှိပေမဲ့၊ တစ်ရက်ထပ်တစ်ရက်တိုးလာတဲ့အတွက် ကရုမစိုက်ဘဲနေလို့တော့မဖြစ်ပါဘူး။

လက်ရှိကျွန်မအိမ်ရဲ့ အနီးမှာရှိတဲ့ Department store ရဲ့ဆိုင်ဝန်ထမ်းက ကူးစက်ခံထားရတဲ့အတွက်၊ နောက်တစ်ယောက်ကူးဖို့ မကြာတော့ပါဘူး။

ကျွန်မ မြန်မာနိုင်ငံကနေပြန်သွားပြီးကတည်းက၊ လုပ်စရာအစီအစဥ်တွေမရှိသေးသမျှကတော့ အိမ်မှာပဲနေမယ်လိုစဥ်းစားထားပါတယ်။

အိမ်ကနေလည်းဘယ်မှထွက်လို့မရတဲ့အတွက်၊ မွေးထားတဲ့ကြောင်လေးတွေနဲ့ ဆော့နေပါတယ်။ (ရယ်လျက်)

သူငယ်ချင်းတွေနဲ့လည်း သိပ်ပြီးမတွေ့ဖြစ်အောင်လုပ်ထားတယ်။ နည်းနည်းတော့ အထီးကျန်တာပေါ့ ….

ဘယ်လိုပဲဖြစ်ဖြစ် လူစုလူဝေးတွေဆီကို မသွားရင်မဖြစ်တဲ့နေ့တွေဆိုရင်တော့ မဖြစ်မနေ Mask တပ်သွားပါတယ်.

နောက်ပြီး၊ လက်ဆေးတာကိုလည်းအရင်ကထက် သေသေချာချာလေးဆေးဖြစ်ပါတယ်။ ၁ရက်ကိုတော့ ၁၀ ခါလောက်ဆေးဖြစ်မယ်ထင်တယ်။
လက်အဆေးလွန်လို့လည်း လက်ကတော်တော်လေး ရေဓါတ်တွေတောင်ခြောက်ကုန်ပေမဲ့၊ ကူးစက်မှုကို ကာကွယ်ဖို့အတွက်တော့ ဒီလိုလုပ်ရုံအပြင်မရှိတော့လည်းလေ ….(ရယ်လျက်)

နှစ်တိုင်း ဆောင်းရာသီရောက်လာပြီဆိုရင် တုပ်ကွေးဖြစ်တတ်ကြပေမဲ့၊ အဲ့ဒါထပ်ပိုပြီး အဆပေါင်းများစွာကရုတစိုက်နဲ့ နေထိုင်နေကြပါတယ်။

ဒါပေမဲ့၊ ဂျပန်မှာတော့ အန္တရာယ်ကိုတောင်မခံစားမိသေးတဲ့သူတွေက အများကြီးရှိနေပါသေးတယ်။
လက်တလောသတင်းထဲမှာ ပါလာတာကတော့၊ “ တစ်ရက်ထပ်တစ်ရက် ကူးစက်ခံရသူတွေများလာတာကိုတောင်ကရုမစိုက်ဘဲ၊ လူတွေကမြို့ကြီးတွေမှာစျေးဝယ်ထွက်နေတာတို့၊ သူငယ်ချင်းတွေစုပြီး ဆာကူရာပန်းတွေကိုသွားကြည့်ကြတဲ့လူတွေကလည်း ရှိနေတယ်။” ဆိုတဲ့သတင်းပါ…

 

htpps://images.app.goo.gl/FVi4yzX8BJUKQhS96

သတင်းကိုကြည့်ပြီးလန့်သွားတာကတော့ “ ကျွန်တော်က ကူးစက်ခံထားရသူမဟုတ်တဲ့အတွက်၊ အပြင်ထွက်လည်းအဆင်ပြေတယ်လို့တော့ထင်တယ်။” လို့စဥ်းစားတဲ့လူတွေက အထူးသဖြင့်လူငယ်တွေဖြစ်နေတာပါ။

ဒီလိုစဥ်းစားတဲ့လူတွေက အပြင်တွေကိုထွက်ကြတဲ့အတွက်၊ ဗိုင်းရပ်စ်ပျံ့ပွားအောင်လုပ်ပေးနေသလိုဖြစ်ပြီ၊ ကူးစက်ပျံ့ပွားမှုကိုမရပ်တန့်နိုင်စေတဲ့ အကြောင်းအရင်းပဲနော် ….

မြန်မာနိုင်ငံနဲ့ တစ်ခြားနိုင်ငံတို့ရဲ့ အခြေအနေကိုနှိုင်းယှဥ်ကြည့်လိုက်ရင်၊ ဂျပန်မှာကတော့ တကယ်ကိုကရုမစိုက်တဲ့လူတွေက တော်တော်များနေတာကို အံ့သြခဲ့ရပါတယ်။
နာမည်ကြီးလူရွှင်တော် Ken Shimura ရဲ့ သေဆုံးမှုကိုကြားတော့မှပဲ ကြောက်စိတ်ဝင်လာကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။

နောက်ထပ်၊ တိုကျိုမှာကူးစက်ခံထားရတဲ့သူက အယောက်၁၀၀၀ ထက်တောင်ကျော်သွားပေမဲ့၊ မြို့ကို lockdown ချတာမျိုးတွေမလုပ်ထားသေးပါဘူး
အစိုးဘက်ကလည်း “ အပြင်ထွက်တာကို ကိုယ့်အသိစိတ်နဲ့ကိုယ်ထိန်းချုပ်ပါ” လို့ပြောတာလေးပဲရှိပါတယ်။
ဒါဟာ “ အပြင်ထွက်တာကိုတားမြစ်တာမဟုတ်ဘဲ၊ ကိုယ့်ဟာကိုယ်စဥ်းစားပြီးကရုစိုက်ကြပါနော် ” ဆိုတဲ့အဓိပ္ပါယ်လေးပဲဖြစ်ပြီး၊ တရားဝင်အတင်းအကြပ်လုပ်တာမျိုးတွေမရှိပါဘူး။
ဒါကြောင့် မြို့မှာကုမ္ပဏီတွေကိုသွားနေတဲ့သူတွေ၊ လည်ပတ်လျှောက်သွားနေတဲ့သူတွေ အများကြီးရှိနေသေးတာပါ။

ဒီအထိကူးစက်မှုဟာ ပျံ့နှံ့နေမယ်ဆို၊ မဖျားသေးပေမဲ့ မိမိမှာဗိုင်းရပ်စ်ရှိနေတဲ့ဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် အပြင်ထွက်တာကို ကိုယ့်ဟာကိုယ်မထိန်းချုပ်လို့မရခြင်းကတော့၊ ကိုယ်တိုင်အကူးစက်မခံရဖို့အတွက်ပဲမဟုတ်၊ ပတ်ဝန်းကျင်ကလူတွေကူးစက်ခံရခြင်းမှာလည်း ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ တိုကျိုမြို့ကလည်း မကြာခင် New York နဲ့ Italy တို့လိုမျိုး ဒုက္ခရောက်ရတဲ့အခြေအနေတွေဖြစ်သွားမယ်ဆိုပြီး တစ်ချို့ကပြောကြပါတယ်။
ဒီလိုအခြေအနေမှာ အပြင်ထွက်ပြီးလျှောက်လည်နေတဲ့လူတွေက၊ လက်တလောသူငယ်ချင်းတွေနဲ့တွေ့တာကို သည်းခံပြီးအိမ်မှာပဲနေရမှာဖြစ်ပါတယ်။

အစိုးရက ကိုယ့်အသိစိတ်နဲ့ကိုယ်ထိန်းချုပ်ဖို့ပဲတောင်းဆိုနေပေမဲ့၊ အလုပ်ကြိုးစားတဲ့ဂျပန်လူမျိုးတွေကတော့ ကုမ္ပဏီကိုသွားနေဆဲပါ။
ကူးစက်ပျံ့နှံ့မှုကိုရပ်တန့်ဖို့အတွက်ကတော့ အစိုးရကပိုပြီးအတင်းအကြပ်လုပ်ဆောင်တဲ့အမိန့်တွေကို ထုတ်ဖို့လိုအပ်တယ်မဟုတ်ဘူးလာလို့ ကျွန်မကတော့တွေးမိခဲ့ပါတယ်။

မြန်မာလူမျိုးတွေလည်း စိတ်မသက်မသာစရာနေ့ရက်တွေကိုဖြတ်သန်းနေရတယ်လို့ထင်ပါတယ်။
လက်ဆေးတာတို့၊ အပြင်ထွက်တာကိုရှောင်ကြဥ်တာတို့ အစရှိသဖြင့်၊ ကိုယ်ကိုတိုင်တတ်နိုင်တဲ့ ကူးစက်ကာကွယ်ခြင်းနည်းလမ်းတွေကို လုပ်ဆောင်သွားကြရအောင်နော် …!

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: