တစ်လအပိုဝင်ငွေ ယန်းသောင်း ၁၀၀ လောက်ရတဲ့ YouTuberဇနီးမောင်နှံ !!!

ဂျပန်နိုင်ငံမှာ အသက်တွေကြီးသွားတဲ့အထိ တစ်ယောက်တည်းငွေရှာမယ်ဆိုရင် ပင်ပန်းရမှာပါ။
အများစုကလုပ်ကိုင်နေကြတာက ရုံးအလုပ်၊ ကုမ္ပဏီအလုပ်၊ IT ပိုင်းတွေပိုများလာတာ လက်တွေ့မြင်တွေ့နေရပါတယ်။
ဒါပေမဲ့ ၂၁ ရာစုရဲ့ ဂျပန်နိုင်ငံမှာတော့ ပိုပြီးရေပန်းစားလာတဲ့အလုပ်အကိုင်လို့ပြောရင် ဇနီးမောင်နှံ ၂ ယောက်အတူပေါင်းပြီး အပိုဝင်ငွေရှာတာပါ။ ..
ဒါက နောက်ဆုံးပေါ်ငွေရှာနည်းလို့လည်းပြောလို့ရပါတယ်။

တော်တော်များများဟာ တစ်နေရာရောက်ပြီဆိုတာနဲ့ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး facebook,twitter လိုမျိုးလူမှုကွန်ယက်စာမျက်နှာအပေါ်မှာတင်ကြတယ်။ အဲ့ဒီမှာလည်း ခရီးသွားVlogတို့၊ food Vlog တို့ အမျိုးမျိုးရှိကြတယ်ပေါ့ ..
ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ YouTuberဇနီးမောင်နှံ ၂ ယောက်ရဲ့ အံ့အားသင့်စရာ ဝင်ငွေအကြောင်းပဲဖြစ်ပါတယ်။

 

https://nikkan-spa.jp/wp-content/uploads/2020/03/20200310hk011-550×409.jpg

ဂျပန်လူမျိုး Nakamoto Daisuke နှင့်သူရဲ့ ဇနီးဖြစ်သူ Chanmari တို့ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ၂ယောက်အတူလုပ်ကိုင်ကြပါတယ်။
သူတို့ဟာ Nagoya မှာလုပ်ကိုင်နေရင်းနဲ့မှ Daisuke ရဲ့ ဇာတိဖြစ်တဲ့ အိုကီနာဝါဘက်ကိုပြောင်းရွှေ့ ခဲ့ကြပါတယ်။ အစပိုင်းမှာအလုပ်မရှိတဲ့အတွက် စုထားတဲ့ငွေတွေကလည်း တစ်ဖြည်းဖြည်းနည်းလာတယ်ပေါ့ .

Daisuke ဟာကျွမ်းကျင်တဲ့ ဓါတ်ပုံဆရာဖြစ်တဲ့အလျောက် သူရိုက်ကူးထားတဲ့video ကိုYouTubeမှာတင်လိုက်တဲ့အခါ ၆လအတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၁သောင်းအထိရှိလာတာကိုသိလိုက်ရပြီး အဲ့ဒီကစပြီးဓာတ်ပုံရိုက်ကူးရေးလုပ်ငန်းကို အသားပေးလုပ်ကိုင်ခဲ့ပါတယ်။
သူရဲ့ဇနီးကလည်း Hair and makeup artist တစ်ယောက်ဖြစ်တဲ့အတွက် တကယ်ကိုလိုက်ဖက်တဲ့အတွဲလို့ ပြောရမှာပေါ့နော် …..

https://nikkan-spa.jp/wp-content/uploads/2020/03/20200310hk012-550×309.jpg

သူတို့ဟာ အိုကီနာဝါမှာအခြေစိုက်ပြီး “ サンセットスタジオTV (Sunset Studio TV)” နှင့် “ ナカモトフウフのOkinawa Life Vlog (Nakamoto Fuhu’s Okinawa Life Vlog)” ဒီနှစ်ခုကိုဖွင့်ထားပါတယ်။

YouTuberတွေဖြစ်တဲ့ သူတို့၂ယောက်ဟာ အဓိကစီးပွားရေးလုပ်ငန်းမှာ နှစ်စဥ်ဝင်ငွေယန်း480万ကိုရရှိခဲ့ပေမဲ့၊ ဒုတိယအလုပ်အကိုင်ဖြစ်တဲ့YouTuberနဲ့ နှစ်စဥ်ဝင်ငွေယန်း 1200万ကိုရရှိနေပါတယ်တဲ့…
ဝါး…အဲ့ဒါဆိုရင် ဒုတိယအလုပ်အကိုင်ကတစ်လကို ယန်းသောင်း ၁၀၀ အထိရတာပေါ့နော်…
အထင်ကြီးစရာပါပဲ …

စာဖတ်တို့လည်း လက်ရှိမှာမိမိစိတ်ဝင်စားတဲ့အလုပ်၊ မိမိဝါသနာပါပြီးကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ကိုင်နေပါရဲ့လား…

ခရီးသွားရတာဝါသနာပါသူတွေနဲ့၊ ဓါတ်ပုံလှလှလေးတွေရိုက်ရတာ ဝါသနာပါသူတွေအတွက်ကတော့ ဒီအလုပ်အကိုင်လေးကမဆိုးဘူးလို့ပြောရမှာပေါ့နော် ..
ဇနီးမောင်နှံအပိုဝင်ငွေလည်းရသလို၊ ၂ယောက်အတူလုပ်နိုင်ပါတယ်။
ဒါကြောင့် ခရီးသွားရတာဝါသနာပါတဲ့ချစ်သူစုံတွဲတွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ်နော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: