ဂျပန်ဓားတွေ ဘာလို့ထက် ?!!!

သေနတ်လိုမျိုး လက်နက်တွေအသုံးပြုတဲ့ လက်နက်တွေခေတ်မရောက်ခင်တုန်းကဆို ကမ္ဘာပေါ်မှာဓားကို
လက်နက်အဖြစ်အသုံးပြုကြပါတယ်။
ဥရောပနဲ့တရုတ်နိုင်ငံတွေမှာလည်း ဓားသမိုင်းရှိပါတယ်။
ဒါပေမဲ့ယနေ့ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးဓားကိုပြောပါဆိုရင်တော့
ဂျပန်ဓားလို့ပြောရမှာပါ။

မယုံနိုင်လောက်အောင်ထက်လွန်းပေမဲ့၊ ချိုးလို့မရ၊ ကွေးလို့မရတဲ့ဓား။

ဒီဖော်ပြထားတဲ့ ဂျပန်ဓားဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ခန့်ကစတင်မွေးဖွားခဲ့ပြီး၊ စတင်ထုတ်လုပ်ပြီး
နှစ် ၁၀၀လောက်အကြာမှာ အရမ်းကိုအရည်သွေးကောင်းပြီး လူကြိုက်များတဲ့ဓားဖြစ်လာပါတယ်။
ဘယ်အရာက ဘယ်လိုကွာခြားသွားသလဲဆိုတာ ကြည့်လိုက်ရအောင်။

ထောင့်ခြောက်ထောင့်ပါရှိတဲ့ဓား။

https://togetter.com/li/936552

 

鎬作り(しのぎづくり)Shinogi zukuri လို့ခေါ်တဲ့ နည်းလမ်းနဲ့ပြုလုပ်ထားပြီး
ရှုပ်ထွေးတဲ့ထောင့်၆ထောင့်ပါဝင်တဲ့ ဓားဖြစ်ပါတယ်။

ဒီဓားကတော့ အကောင်းဆုံးအစွမ်းသတ္တိရှိရာမှာ ဦးဆောင်လျက်ရှိပါတယ်။

ကုန်ကြမ်းတွေကိုပေါင်းစပ်ပြီး မီးအပူပေးထားတဲ့ဓား။


https://www.nikkei.com/article/DGXMZO89338520V10C15A7000000

 

ပထမဆုံးအသုံးပြုရမယ့် ကုန်ကြမ်းကတော့ 玉鋼(たまはがね)Tamahagane စတီးဖြစ်ပြီး
ဒါဟာအရေးအကြီးဆုံးကုန်ကြမ်းပါ။ ထိခိုက်လွယ်မှုများကိုဖြစ်ပေါ်စေတဲ့ ဆာလ်ဖာနှင့်ဖော့စဖရပ်စ် အနည်းငယ်သာပါတဲ့ကုန်ကြမ်းတွေလည်း
ဓားပြုလုပ်တဲ့လုပ်ငန်းစဥ်မှာပါဝင်ပါတယ်။

သတ္တုတွေကို မာကြောမှုအမျိုးမျိုးနဲ့ပေါင်းစပ်ပြီး ပြောင်းလွယ်ကိုရရှိနိုင်ပါတယ်။
ပြီးတော့ မီးကင်တယ်ဆိုတဲ့ ခိုင်မာတဲ့နည်းကိုအသုံးပြုပါတယ်။
သံမဏိကိုအပူပေးပြီး အ‌အေးပြန်ခံကာ ထပ်ခါတလဲလဲပြုလုပ်ပေးခြင်းဖြင့်
သတ္တုကိုမာကြောလာစေပါလိမ့်မယ်။

သို့ပေမဲ့ မာကျောတဲ့ သတ္တုပြင်ဟာကောင်းစွာပြတ်တောက်နိုင်ပေမဲ့၊ ကျိုးတာကွေးတာတွေဖြစ်လာနိုင်လို့
အကျိုးသက်ရောက်မှုသိပ်မရှိတာတွေဖြစ်တတ်ပါတယ်။
အဲ့ဒီအကြောင်းပြချက်ကြောင့် ဂျပန်ဓားတွေဟာ ပိုပြီးခိုင်မာတယ်လို့ပြောကြတာပါ။
ဒီပုံကိုထပ်ပြီးပြောရရင် ပေါ်မှာပြထားတဲ့ပုံအတိုင်း ဓားသွားလို့ခေါ်တဲ့ ပုံစံပေါ်လာပါတယ်။
ဒီပုံစံကတော့ ဂျပန်ဓားရဲ့ လှပမှုနဲ့ သူ့ရဲ့အစွမ်းသတ္တိတွေကိုလည်း မြင်နိုင်ပါတယ်။

 

https://www.clipstudio.net/oekaki/archives/151803

ဂျပန်ဓားတွေဟာ အတွင်းဘက်ကိုအနည်းငယ်ငုံပြီးကွေးထားပါတယ်။ မီးကင်လိုက် အအေးခံလိုက်နဲ့
ထပ်တလဲလဲပြုလုပ်ပြီးတဲ့နောက်မှာ သသာဝအတိုင်းထွက်လာပါတယ်။
ဘာလို့လဲဆိုတော့ မီးကင်လိုက် အအေးခံလိုက်ပြုလုပ်ထားတဲ့အစိတ်အပိုင်းတွေဟာ အတွင်းပိုင်းနဲ့
အပြင်ပိုင်းသိပ်သည်းဆကွာခြားပါတယ်.

ဒီပုံစံကတော့ ဂျပန်ဓားရဲ့အစွမ်းသတ္တိကို ဖော်ပြပေးနိုင်ပါတယ်။

ပေါ့ပါးမှု

 

 

日本武士と西洋騎士の強さを徹底比較(1):5つの視点から総合的に考える、武器編

 

ဂျပန်လူမျိုးတွေရဲ့အန္ဓာကိုယ်ဟာ သေးငယ်တဲ့အတွက်ကြောင့် ဥရောပဓားတွေလိုမျိုး လေးလံတဲ့အရာနဲ့ ရန်သူရဲ့သံချပ်ကာကို
မချိုးနိုင်ပါခဲ့ပါဘူး။
အခုထက်ထိ တွေ့ဖူးခဲ့သမျှ သိပ်ထက်တဲ့ဓားကောင်း၊ မကျိုးမကွေးနိုင်အောင်ပြုလုပ်ထားတဲ့ဓားဖြစ်ပြီး
အလေးချိန်မှာလည်း သာမန်ဓားထက်ပေါ့ပါးတဲ့အချက်တွေက အဓိကလူကြိုက်များတဲ့အချက်တွေပါပဲ။

သတ္တုစပ်ဖြစ်တဲ့အတွက်ကြောင့် လေးလံပေမဲ့၊ ပိုမိုပေါ့ပါးအောင် ပြုလုပ်ထားတဲ့အဓိကအင်္ဂါရပ်လည်းဖြစ်ပါတယ်။

ပိုမိုပေါ့ပါးတဲ့ ဓားဖြစ်လို့၊ အမြန်နှုန်းကိုမြှင့်တင်ပေးနိုင်ပြီး၊ သင့်ရဲ့ပြိုင်ဘက်ကိုကောင်းကောင်းတိုက်ခိုက်နိုင်ပါတယ်။

ဓားတွေမှာလည်းစောင့်ရှောက်တဲ့နတ်ဆိုတာရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ အဓိကဘာသာတရားမှာ နတ်ဘုရားတွေအများကြီးရှိပါတယ်။
နတ်တွေဟာနေရာတိုင်းမှာရှိတယ်လို့ယုံကြည့်ကြတယ်။
ဒါကြောင့် ဂျပန်ဓားမှာလည်းအတူတူပါပဲ။ စောင့်ရှောင့်တဲ့နတ်တွေရှိပါတယ်။

ဆာမူရိုင်းတွေမှီခိုသင့်ဆုံးတစ်ခုတည်းသောအရာကတော့ ဓားပါပဲ။
ကိုယ့်ကိုကိုယ် မဖြစ်မနေကာကွယ်ရတော့မယ့်အခါ၊
ဓားကိုလက်နက်တစ်ခုအဖြစ်သာမက ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်လည်း
သယ်ဆောင်အသုံးပြုခဲ့ကြတာပါ။

ဒါကတော့ ဂျပန်ဓားကိုအသုံးပြုနေတဲ့ ဆာမူရိုင်းအတွက်သာမက ဒါကိုပြုလုပ်နေတဲ့သူတွေအတွက်လည်း
အတူတူပဲဖြစ်ပါတယ်.

ဒါ့ကြောင့် အခုလိုရှုပ်ထွေးတဲ့လုပ်ငန်းစဥ်နဲ့ အကောင်းဆုံးသောဓားတွေကို ဖန်တီးခဲ့တာပါ။

ပုံမှန်အနေနဲ့တော့ ဂျပန်ဓားတွေဟာ ထုတ်လုပ်မှုအနေနဲ့ကတော့မသင့်တော်ပါဘူး။
ဘယ်လောက်ကောင်းတဲ့လက်နက်ပဲဖြစ်ဖြစ် အနိုင်ရနိုင်မှာလား?လို့အမေးခံရရင်တော့ ဒါဟာ
အငြင်းပွားမှုဖြစ်စေမှာပါ။ တစ်ယောက်ချင်းစီ တိုက်ခိုက်တဲ့အခါ ကမ္ဘာပေါ်မှာ အကောင်းဆုံးလက်နက်ကတော့ ဓားပါ။
ဂျပန်ဓားပါ။

ဂျပန်ဓားရဲ့ဆွဲဆောင်မှုကြောင့် မိမိကိုယ်ကိုဖျက်ဆီးခံရတဲ့သူတွေလည်းရှိပါတယ်။
ယခုအချိန်မှာတော့ ငြိမ်းချမ်းတဲ့ခေတ်လည်းဖြစ်တဲ့အတွက် ဂျပန်ဓားတွေကို အလှအဖြစ်ထားတာများပါတယ်တဲ့….

လက်ရှိမှာတော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တစ်နှစ်အတွင်းအများဆုံးထုတ်လုပ်မှုကို ၂၄ ခုအထိ
ထုတ်လုပ်ခွင့်ကန့်သတ်ထားပြီး ထုတ်လုပ်မှုမှာဆက်လက်တည်ရှိနေတုန်းပါ။
အားလုံးလည်းအခုလို လှပတဲ့ဂျပန်ဓားကို စိတ်ဝင်စားတဲ့သူတွေအတွက် အနာဂတ်မှာပိုင်ဆိုင်ကောင်း
ပိုင်ဆိုင်နိုင်မှာပါနော် …….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: