နျူကလိယဗုံးကျရောက်ခဲ့တာ ဂျပန်တစ်နိုင်ငံတည်းပဲလား?!!!

၈ လပိုင်းလို့ပြောလိုက်ရင် ဟီရိုရှီးမားနဲ့နာဂဆာကီမှာကျရောက်ခဲ့တဲ့အနုမြူဗုံးကြောင့်
သေဆုံးသွားတဲ့လူတွေအတွက်အောက်မေ့ဘွယ်
“ 原爆の日” “ Day of the atomic bomb” ဆိုပြီးရှိပါတယ်။
ကမ္ဘာပေါ်မှာအနုမြူဗုံးအကျဲခံရတာ ဂျပန်တစ်နိုင်ငံတည်းဖြစ်ပါတယ်လို့ ပြောနေကြပေမဲ့၊
တကယ်တော့ ဂျပန်အပြင်တခြားနေရာလည်းရှိပါသေးတယ်။

 

၁၉၄၅ ခုနှစ် ၈လပိုင်း ၆ရက်နေ့…….

ဒုတိယကမ္ဘာစစ်ကြီးရဲ့အဆုံးပိုင်း ဂျပန်တစ်နိုင်ငံလုံးလည်းခြေကုန်လက်ပန်းကျနေတဲ့အချိန် နျူကလိယလက်နက်ဖြစ်တဲ့အနုမြူဗုံးကို
ကမ္ဘာပေါ်မှာပထမဆုံးအနေနဲ့ ဂျပန်နိုင်ငံဟာအကျဲခံလိုက်ရပါတယ်။
လူဦးရေပေါင်း ၃သိန်းခွဲလောက်ရှိတဲ့ဟီရိုရှီးမားမှာ သေကြေပျက်ဆီးတဲ့ဒုက္ခသည်ပေါင်းဟာ ၉၀၀၀၀ကနေ ၁၆၁၀၀၀အထိ
ရှိခဲ့တယ်လို့သိရပြီး၊ လက်ရှိမှာလည်းနောက်ဆက်တွဲသက်ရောက်မှုတွေကို ခံစားနေရတဲ့လူပေါင်းလည်းမနည်းဘူးလို့ သိရှိရပါတယ်။

ဟီရိုရှီးမားမှာကျပြီး နောက်၃ရက်အကြာမှာတော့ နာဂဆာကီကိုလည်း အနုမြူဗုံးထပ်ကျဲခဲ့ပြန်ပါတယ်။

လူဦးရေ ၂သိန်း၄သောင်းရှိတဲ့နာဂဆာကီခရိုင်မှာ လူပေါင်း ၇၄၀၀၀ သေဆုံးသွားပြီး၊
အဆောက်အဦးတွေရဲ့ ၃၆ရာခိုင်နှုန်းလောက်ဟာ ပျက်ဆီးဆုံးရှုံးသွားခဲ့ရပါတယ်။

အဲ့ဒါကတော့ လူ့သမိုင်းတစ်လျှောက် နျူကလိယလက်နက်ကို လူသားမျိုးနွယ်တွေဆီမှာ
လက်တွေ့စမ်းသပ်ခဲ့တာ ပထမဆုံးနဲ့နောက်ဆုံးပဲဖြစ်ကြောင်း တွေ့ရှိရပါတယ်။

မြို့တွေတိုင်းကိုဖျက်ဆီးပစ်နိုင်လောက်တဲ့ အတိုင်းအတာပမာဏရှိတဲ့
စွမ်းအင်မြင့်နျူကလိယအနုမြူဗုံးကို အောက်မှာပြထားတဲ့ပုံအရသိရပါတယ်။

 

https://tocana.jp/2019/08/post_107048_entry.html

 

ဒီနျူကလိယဗုံးကျဲမှုကို အတွေ့အကြုံအနေနဲ့လက်ခံလိုက်ရတာကတော့ ဂျပန်တစ်နိုင်ငံပဲရှိပါတယ်။

အဲ့ဒီအချိန် အမေရိကန်ပြည်ထောင်စုမှာပဲရှိတဲ့နည်းပညာဟာ ရုရှား၊ တရုတ် စတဲ့နိုင်ငံတွေကိုပျံ့နှံ့သွားပြီ၊
မြောက်ကိုရီးယားမှာလည်း နျူကလိယလက်နက်ရှိထားပြီဆိုတာကို ထုတ်ပြောလာကြပါတယ်။ ဒါပေမဲ့
လက်တွေ့အသုံးချလိုက်တာကတော့ ဂျပန်ကိုကျဲခဲ့တဲ့ အမေရိကန်ပိုင်ဒီဗုံး၂လုံးပဲဖြစ်ပါတယ်။

ပြောချင်တဲ့ ဇာတ်လမ်းကတော့ အခုမှလာမှာပါ…….
ဒီလိုပါ…..

ကမ္ဘာတစ်ဝှမ်းလုံးကတော့ အနုမြူဗုံးဟာဂျပန်တစ်နိုင်ငံတည်းမှာပဲကျခဲ့တယ်လို့ သိထားကြပါတယ်။
ဒါပေမဲ့ စာဖတ်သူတို့လည်းမသိသေးတာက ဂျပန်အပြင်တစ်ခြားနေရာမှာလည်း ကျခဲ့ပါတယ်တဲ့….

လူသားတွေရဲ့ တကယ့်အန္တရာယ်က တတိယကမ္ဘာစစ်ကြီးဖြစ်သွားမယ့်အထိ လက်နက်တွေက တစ်စနဲ့တစ်စတိုးတက်လာတာပါပဲ.

Georgia ပြည်နယ်မှာ ပေါက်ကွဲသွားတဲ့နျူကလိယဗုံး

 

https://tocana.jp/2019/08/post_107048_entry.html

 

 

 

၁၉၅၈ခုနှစ် အတ္တလန္တိတ်သမုဒ္ဒရာဘက်အခြမ်းမှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့

Georgia မှာ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။

ကမ်းခြေမှာလေ့ကျင့်နေတဲ့ တိုက်လေယာဥ် F-86 နဲ့ဗုံးကျဲလေယာဥ် B-47 တို့က လေထဲမှာအချင်းချင်းတိုက်မိပြီး ပေါက်ကွဲပျက်ဆီးသွားပါတော့တယ် …

တိုက်လေယာဥ် F-86ရဲ့ pilot ကလွတ်မြောက်သွားပြီး၊ လေယာဥ်ကိုယ်ထည်ကတော့ ပင်လယ်ထဲကိုကျသွားပါတယ်။
ဗုံးကျဲလေယာဥ် B-47 ကတော့ အောက်ကိုထိုးဆင်းသွားပေမဲ့၊ လေထဲမှာပဲပေါက်ကွဲပျက်ဆီးသွားပါတယ်….

သူတို့တွေက အနီးဆုံးလေယာဥ်အခြေစခန်းဆီပြန်မယ်လို့လုပ်ခဲ့ပေမဲ့၊ အကြီးဆုံးပြဿနာကဘာလဲဆိုရင်
ပုံမှာပြထားတဲ့အတိုင်း ဗုံးကျဲလေယာဥ်အတွင်းမှာဟိုက်ဒြိုဂျင်ဗုံးပါလာတာပါ။

ဟိုဒြိုဂျင်ဗုံးဆိုတာကတော့ နျူကလိယဗုံးအနွယ်ဝင်ပါပဲ…

အလေးချိန်ကိုလျှော့ချဖို့၊ နောက်ပြီးမြေပြင်ပေါ်ကိုဆင်းသက်တဲ့အခါ ပေါက်ကွဲမှုမဖြစ်စေဖို့၊
အဲ့ဒီဟိုက်ဒြိုဂျင်ဗုံးကို ပင်လယ်ထဲကိုပစ်ချဖို့လုပ်ခဲ့ပါတယ်။ ပစ်လည်းပစ်ချခဲ့ပါတယ်။
ဖြစ်ချင်တော့ ဗုံးကပြုတ်မကျသွားဘဲပြန်ပါလာပြီး ဘယ်တော့များပေါက်ကွဲမလဲရင်တထိတ်ထိတ်နဲ့ ပြန်လာတဲ့အတိုင်း ဒီလိုမတော်တဆမှုနဲ့တွေ့ခဲ့ရတာပါ…။

စစ်တပ်ရဲ့ အဆိုအရကတော့ ဗုံအတုသာလျှင်ဖြစ်တယ်လို့ပြောပေမဲ့၊ ဒါဟာသက်သက်ဆင်ခြင်ပေးတာလို့ မြင်ကြတဲ့လူတွေလည်း
အများကြီးရှိပါတယ်။ အကယ်၍အဲ့ဒီဗုံးသာမြေပြင်ပေါ်မှာ ပေါက်ကွဲခဲ့မယ်ဆိုရင် အချင်းဝက်2km အတွင်းအားလုံးပျက်ဆီးကွယ်ပျောက်ကုန်မယ်လို့ဆိုပါတယ်။

 

စပိန်နိုင်ငံမှာ မြေထုညစ်ညမ်းမှုကိုဖြစ်စေခဲ့တဲ့ နျူကလိယလက်နက်

https://tocana.jp/2019/08/post_107048_entry_2.html

 

၁၉၆၆ ခုနှစ်၊ စပိန်တောင်ပိုင်းမြေထဲပင်လယ်ရဲ့ကောင်းကင်ပေါ်မှာ အမေရိကန်စစ်တပ်ရဲ့
ဗုံးကျဲလေယာဥ် B-52 နဲ့ လောင်စာတွေတင်လာတဲ့လေယာဥ် တို့ကတိုက်မိပြီး၊
လောင်စာတွေတင်လာတဲ့လေယာဥ်က မြေပြင်ပေါ်ကိုထိုးဆင်းသွားပါတယ်။ ပါလာတဲ့လူတွေအားလုံးလည်း သေဆုံးသွားပါတယ်။
B-52 မှာပါလာတဲ့လူတွေကတော့ လွတ်မြောက်သွားပေမဲ့၊ လေယာဥ်မှာတပ်ဆင်ထားတဲ့ဗုံး ၄လုံးထဲက ၁လုံးဟာ ပင်လယ်ထဲကိုကျသွားပါတယ်။
ကျန်တဲ့ ၃လုံးကတော့ စပိန်ရဲ့ Andalusia ဆိုတဲ့ပြည်နယ်ပေါ်ကိုကျသွားပါတယ်။
အဲ့ဒီ ၃လုံးထဲကမှ ၂လုံးဟာ ပေါက်ကွဲသွားပါတော့တယ်။

ဖြစ်ချင်တော့ အထဲမှာပါတဲ့ယမ်းမှုန့်ကြောင့်မီးလောင်ပေါက်ကွဲတာဖြစ်ပြီး၊ နျူကလိယပေါက်ကွဲမှုမဟုတ်တဲ့အတွက်
ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုတွေမဖြစ်သွားဘဲ၊
2 km2 ရှိတဲ့ဧရိယာ‌လောက်ကိုပဲ ရေဒီယိုသတ္တိကြွရုပ်ဝတ္ထုပစ္စည်းတွေလွင့်စင်ပြီး
ညစ်ညမ်းသွားရတဲ့ မတော်တဆမှုအဖြစ်ကိုရောက်သွားရပါတယ်။

နျူကလိယဗုံးဟာ သူဟာသူပေါက်ကွဲတာမျိုးမရှိခဲ့ပေမဲ့၊ စစ်တပ်ကြောင့်မြေပြင်ပေါ်ကိုကျလာတာ
ဂျပန်တစ်နိုင်ငံတည်း မဟုတ်ခဲ့ပါဘူး….

ပေါ့ဆမှုကြောင့်မှားသွားတာပါလို့တောင် ပြောလို့မရတဲ့ကြီးမားတဲ့ပျက်ဆီးဆုံးရှုံးမှုကြီးလိုဖြစ်ခဲ့တဲ့အတွက်၊
မကြာသေးမီကဖြစ်ပျက်ခဲ့တဲ့ အမေရိကန်နဲ့ရုရှားတို့ရဲ့ နျူကလိယစွမ်းအင်တိုးတက်မှုကြီးက
အပြိုင်အဆိုင်နိုးထလာတာနဲ့ပတ်သက်ပြီး မတော်တဆမှားမိသွားတဲ့အဖြစ်မျိုးတွေမကြုံရအောင်
အဲ့ဒီစွမ်းအင်အပေါ်အလေးအနက်သတိထားစေချင်ပါတယ်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: