ယာကူဇာတို့ရဲ့ လက်ထိပ်ဖြတ် တောင်းပန်နည်း !!!

ဆာမူရိုင်းတွေဟာ မိမိရဲ့အမှားအတွက် တောင်းပန်တဲ့အခါမှာ မိမိဝမ်းဗိုက်ကိုဓါးဖြင့်ခုတ်ပြီးတောင်းပန်ကြတယ်လို့ ပြောကြပါတယ်။

နိုင်ငံခြားသားတွေ နားလည်ရန်ခက်ခဲတဲ့ ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ့်ဗိုက်ကို ဓါးနဲ့ခုတ်ပြီး တောင်းပန်တယ်ဆိုတာဟာ အသက်ပါသေစေတဲ့အတွက်ကြောင့်ပါ။

ဒီယဉ်ကျေးမှုနဲ့ဆင်တူတဲ့အရာတစ်ခုကတော့ ယာကူဇာကမ္ဘာမှာရှိနေဆဲပါ။

အဲဒါကတော့ လက်ချောင်းဖြတ်ခြင်းပါပဲ။

 

https://www.news-postseven.com/archives/20190127_856492.html

 

 

အခုလက်ရှိမှာကတော့ ဒီနည်းလမ်းဟာ လျော့ကျသွားပြီလို့ပြောကြပေမယ့် ရှိတော့ရှိနေပါသေးတယ်တဲ့။

ကဲအရင်ဆုံး ဒီလုပ်ထုံးလုပ်နည်းအကြောင်းပြောရအောင်။

 

ပထမဦးစွာ လက်ချောင်းရဲ့အောက်ခြေကို ရာဘာကြိုး နဲ့ တင်းတင်းကျပ်ကျပ်ချည်ပေးထားပါ။

သုံး လေး မိနစ်လောက်ကြာရင်တော့ သွေးတွေဟာစုစည်းလာပြီး စည်းထားတဲ့လက်ချောင်းထိပ်လေးဟာ ညိုမဲလာပါလိမ့်မယ်။ အဲလိုဖြစ်လာရင်တော့ လက်ထိပ်ရဲ့ ခံစားနိုင်တဲ့အာရုံဟာပျောက်သွားပါလိမ့်မယ်။

 

ပြီးတဲ့အခါမှာတော့ လက်ချောင်းဖြတ်တဲ့ခုံပေါ်မှာလက်ကိုတင်ပြီး အားပြင်းပြင်းနဲ့ ဓါးကိုသုံးကာ ခုတ်ချပါ။

ဓါးက ဖြတ်တောက်တဲ့ ခုံပေါ်ကိုရောက်တာနဲ့ချက်ချင်း အသံထွက်ပေါ်လာပြီး ဖြတ်လိုက်တဲ့ လက်ချောင်းဟာလည်း ကောင်းကင်အထက်ပျံတက်သဖွယ် ခုန်ထွက်လာပါတယ်တဲ့။

၄၀စင်တီမီတာလောက်ခုန်တက်လာတယ်လို့ဆိုပါတယ်။

အရိုးရှိတဲ့အတွက်ကြောင့် အားပြင်းပြင်းနဲ့မခုတ်ဘူးဆိုရင် မပြတ်နိုင်ပါဘူးတဲ့။

 

ပြီးတော့ ဆေးရုံမသွားခင်မှာ ကိုယ့်ရဲ့သူဠေးဆီကိုသွားပြီး ဖြတ်ထားတဲ့ လက်ချောင်းကိုပါယူသွားကာ တောင်းပန်ဖို့သွားတယ်တဲ့။

‌ဆေးရုံကတော့ တောင်းပန်ပြီးမှသွားတာက လုပ်ရိုးလုပ်စဉ်တစ်ခုပေါ့။ အဲဒီအတောအတွင်း ပြင်းထန်တဲ့နာကျင်မှုကိုခံနိုင်ရည်ရှိမှရပါမယ်နော်။

လက်ချောင်းရဲ့ဘယ်နေရာကိုဖြတ်သလဲဆိုတော့ ဘယ်ဘက်လက်ရဲ့လက်ချောင်းလေးရဲ့ အဆစ်တစ်ဆစ်ကိုဖြတ်ရတာအများဆုံးလို့ပြောကြပါတယ်။

ဘယ်ဘက်လက်သန်တဲ့သူတွေကတော့ ညာဘက်လက်ချောင်းကိုဖြတ်တာပေါ့နော်။

ဒီတော့ အဲဒီဖြတ်လိုက်တဲ့ လက်ချောင်းကိုဘာလုပ်သလဲ?

ဘာလုပ်သလဲဆိုတော့ လက်ခံရရှိတဲ့ သူဠေးက ပါးစပ်ထဲထည့်ပြီး မျိုချရတယ်တဲ့။

ဂျပန်မှာက “မွတ်သိပ်ခြင်း” ဆိုတဲ့ စကားလုံးရှိပါတယ်။

‌ဒေါသကို မျိုသိပ်ဖို့အတွက် လက်ချောင်းကို အစာအိမ်ထဲထည့်ကာ ဒေါသထွက်တာကိုဆိုလိုပါတယ်။

 

သို့သော်၊

တော်ရုံနဲ့ လက်ချောင်းတွေဆိုတာ သောက်ဖို့၊မျိုချဖို့ မလွယ်တဲ့အတွက်ကြောင့်

သူဌေးရဲ့အိမ်မှာ သိမ်းဆည်းထားရတဲ့နေရာရှိလာပြီး

ဒါဟာတိုးပွားလာပုံရပါတယ်။

စကားမစပ် Yakuza ထဲက ထွက်လိုက်မယ်ဆိုရင်တောင် သာမန်ဘဝကို လွယ်လွယ်နဲ့ ပြန်မရောက်နိုင်ပါဘူးတဲ့။

ရဲစခန်းမှာနှုတ်ထွက်ဖို့တိုင်ကြားမယ်ဆိုရင်တောင် Yakuza အဖြစ် ၅နှစ်ဆက် ရေတွက်ခံရမှာဖြစ်ပြီး ထွက်လိုက်ပြီဆိုရင်တော့

ဘဏ်စရင်းလုပ်လို့မရပါဘူး။

အိမ်ငှားလို့မရပါဘူး။

သင့်ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းမှာ ယခင်က Yakuza ဖြစ်ခဲ့ကြောင်းရှင်းလင်းစွာ ဖော်ပြရပါမယ်။

ဒါဆိုရင် အလုပ်ကောရနိုင်ဦးမယ်လို့ထင်ရဲ့လား?

Yakuza ဆိုတာက ဖြစ်လာတာထက် ပြန်ထွက်ဖို့က ပိုပြီး ခက်ခဲတယ်နော်။

ပြန်ပြီးနှုတ်ထွက်တဲ့အခါမှာ နောက်၅နှစ်ကတော့ လူမှု‌ရေးပိတ်ဆို့မှုတွေကြုံရမှာပါ။

 

ဒါဆို စာဖတ်သူရော Yakuza ဖြစ်ချင်သေးလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: