ငြင်းဆန်တာ ကောင်းလား? မကောင်းဘူးလား ?

ဂျပန်လူမျိုးတွေဟာ သူတို့ဘာစဉ်းစားနေလဲဆိုတာကို နားမလည်နိုင်ဘူးလို့ မကြာခဏပြောလေ့ရှိပါတယ်။ ဟုတ်ပါတယ်။ နားလည်ရခက်တဲ့ လူမှုဆက်ဆံရေး သူတို့မှာရှိပါတယ်။

ဒါ့ကြောင့် အဲလိုအခြေအနေမျိုးတွေမှာ သူတို့ရဲဖိတ်ကြားမှုကို ငြင်းလိုက်တာကကောင်းလား? မငြင်းတာက ကောင်းလား?

အားလုံးအတူတူ ဘောလုံးကစားကြရအောင် ! အတူတူသွားသောက်ကြရအောင်!

သွားမလား?

လို့ သင့်ကိုမေးရင် ဘာလုပ်မလဲ?

သေချာပေါက် မသွားချင်ရင်တော့ မလိုက်နိုင်တဲ့ အကြောင်းပြချက်ပေးပြီးငြင်းမှာပဲနော်။ ဒါပေမယ့် ဂျပန်တွေအတွက်ကတော့ ငြင်းဆန်ဖို့ကို တော်တော်ခဲယဉ်းတယ်တဲ့။

https://tripeditor.com/398942

 

 

သွားချင်တယ် လိုက်ချင်တယ်ဆိုရင် အဆင်ပြေပေမယ့်၊ မသွားချင်ဘူးဆိုရင်တော့ ငြင်းလိုက်ရုံပဲကိုနော် ?  ဒါကပုံမှန်လို့ ထင်ပါတယ်။

ဒါပေမယ့် ဂျပန်မှာတော့ “ဆက်ဆံရေးမကောင်းဘူး” လို့ အပြောမခံချင်ကြပါဘူး။

အမြဲတမ်းအတူတကွရှိနေခြင်းက ချစ်ကြည်ရင်းနှီးမှုရှိပြီး ကုမ္ပဏီထဲမှာလည်း လုပ်ဖော်ကိုင်ဖက်

အဆင့်ဆင့်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး သစ္စာရှိခြင်းရဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့ တွေးတဲ့သူ တော်တော်များများရှိပါတယ်။

ကုမ္ပဏီအနေနဲ့ကြည့်မယ်ဆိုရင် ကုမ္ပဏီမှာရှိတဲ့သူတွေအားလုံး သောက်ဖို့သွားကြတဲ့အခါ အမြဲတမ်းငြင်းဆန်သူဟာ သူ့ အထက်လူကြီးရဲ့ ဂုဏ်သိက္ခာကိုဆုံးရှုံးနိုင်ပြီး တိုးတက်မှုမရရှိနိုင်ပါဘူး။

အလုပ်အကိုင်ရဲ့ တန်ဖိုးကို အကဲဖြတ်တာမဟုတ်ပေမယ့် လိုက်လျောညီထွေမှုမရှိကြောင်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုမရှိကြောင်း ကို အကဲဖြတ်နိုင်လို့ပါ။

ဒါပေမယ့် ဒီလိုဖိတ်ကြားမှုမျိုးကို ငြင်းလို့မရဘူးလို့ မဆိုလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တခြားကိစ္စရှိလို့ ငြင်းဆန်ရတဲ့ အခါမျိုးကတော့ ပြဿနာမရှိပါဘူး။

ဒါပေမယ့် အမြဲတမ်း မပါဝင်နိုင်ဘူးဆိုရင်တော့ . . .

 

ဒါကတော့  လူ့အဖွဲ့အစည်းမှာတင်ပဲမဟုတ် ကျောင်းနေအရွယ်မှာလည်း ရှိပါတယ်။

သန့်စင်ခန်းသွားတဲ့အခါ သူငယ်ချင်းကို အတူတူသွားဖို့ ခေါ်ဘူးလား? ဒါကို “ Share” လို့ခေါ်ပါတယ်။ သန့်စင်ခန်းကိုဘာလို့ တစ်ယောက်တည်းမသွားရတာလဲ?

သန့်စင်ခန်းကို အတူတူသွားဖို့ခေါ်တာကို မလိုက်ပါက “ သူက အေးတိအေးစက်နိုင်သလိုပဲနော်” လို့ အပြောခံရပြီး သူငယ်ချင်း မဖြစ်သွားတာ တွေလည်းရှိပါတယ်။

 

ပြောင်းပြန်အနေနဲ့ တစ်ကြိမ် ငြင်းဆန်တာဟာလည်း ကောင်းတဲ့ အရာတွေရှိပါတယ်။

 

ဥပမာ ယောက်ျားလေးဆီက အိပ်ဖို့ ဖိတ်ကြားတဲ့အခါပေါ့။

 

https://tripeditor.com/398942/3

 

 

တစ်ဖက်လူကို စိတ်ဝင်စားတယ်ဆိုရင်တောင်မှ “OK” လို့ ချက်ချင်း မဖြေသင့်ပါဘူးနော်။

အဲ့လိုဖြေလိုက်လို့ “ သြော် သူက ဘယ်သူနဲ့ မဆို အိပ်ဖို့ ဝန်မလေးဘူးပဲ” လို့ အထင်ခံရလိမ့်မယ်နော်။

 

ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ?

ယောကျာ်းလေးက နောက်ထပ်တစ်ကြိမ်ဖိတ်ကြားတော့မှသာ . . . အဲဒီအချိန်ကိုလိုက်ပြီး စဉ်းစား လက်ခံပေါ့နော်။

တကယ် သဘောမကျလို့ ငြင်းဆန်တာမဟုတ်ပဲ ရှက်လို့ နောက်တစ်ကြိမ်မှ လက်ခံတယ်ဆိုတာဟာ ကိုယ့်အတွက် အရေးကြီးတဲ့အရာဖြစ်လို့ပါ။

နိုင်ငံကြားသားယောကျာ်းလေးတွေက ဒါကိုနားမလည်ကြပဲ တစ်ခါ ငြင်းပယ်ခံလိုက်ရရင် အရှုံးပေးသွားကြတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ မကျေနပ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

 

သောက်စားပါတီအကြောင်းထက်တော့ ပိုပြီးခက်ခဲတယ်နော်။

အကယ်၍သင်က ဆက်ပြီးငြင်းဆန်နေရင် ယောကျာ်းလေးဘက်မှ လက်လျော့အရှုံးပေးမှာဖြစ်ပြီး မငြင်းဆန်ရင်လည်း “အလွယ်ရတဲ့သူ” လို့ အမြင်ခံရဦးမယ်။

 

ယောကျာ်းလေး မိန်းကလေးတွေကြားမှာ ဒီလိုညှိနှိုင်းမှုတွေရှိပေမယ့်လည်း. . .

ရိုးရှင်းတဲ့ယဉ်ကျေးမှုတစ်ခုပေါ့။

ဒီနေ့ခေတ်ကလေးတွေကြားမှာတော့ အခုလိုမျိုး ယဉ်ကျေးမှုတွေက မှေးမှိန်သွားပုံရပါတယ်။ ဂျပန်ရဲ့ ဒီယဉ်ကျေးမှုကိုရော စာဖတ်သူတို့ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: