စက်ဘီးထိုင်ခုံတွေအများကြီးခိုးထားတဲ့ နှာဘူးကောင်အမျိုးသားကိုဖမ်းမိ !!!

လူတိုင်းလူတိုင်းမှာ ဝါသနာကိုယ်ဆီရှိကြပါတယ်။ တချို့တွေကကျတော့လေ ဝါသနာဆိုတာနဲ့ အနည်းငယ်ကွဲပြားတဲ့ အဓိပ္ပာယ်ရှိတဲ့  Fetish အစွဲအလန်းကြီးတယ်ဆိုတဲ့ သူတွေလည်းရှိပါတယ်။

အမျိုးသမီးခြေထောက်ကိုနှစ်သက်တဲ့ အမျိုးသား၊ အမျိုးသားချွေးအနံ့ကိုအရမ်းနှစ်သက်တဲ့ အမျိုးသမီး စသဖြင့်ပေါ့။

ဒီလိုစွဲလမ်းမှုတွေကနေ သူခိုးလိုမျိုး ရာဇဝတ်မှုတွေ ဖြစ်ပေါ်စေတဲ့အထိ ရှားပါးအဖြစ်အပျက်တွေလည်းရှိပါတယ်။

 

ဒီတစ်ခေါက်လည်း အဲလိုကိစ္စတွေထဲကလိုမျိုး အဖြစ်အပျက်တစ်ခု !

ခိုးခဲ့တာကတော့ ပုံမှာကြည့်လိုက်ပါ။

http://blog.livedoor.jp/dqnplus/archives/1998647.html

 

 

စက်ဘီးဖင်ထိုင်ခုံတွေ ! စက်ဘီးစီးရင် အားလုံးပဲထိုင်ကြတဲ့နေရာ။ ဘယ်လောက်တောင်ခိုးထားလဲဆိုတော့ ဖင်ထိုင်ခုံပေါင်း ၅၈၀၀တောင်နော် !

 

ကုန်တင်ယာဉ်မောင်းအဖြစ်အလုပ်လုပ်ကိုင်နေတဲ့တရားခံဟာ တိုကျို၊ အိုဆာကာနှင့်နာဂိုယာတို့မှာ အလုပ်လုပ် ယာဉ်မောင်းပြီးတဲ့အခါမှာ ခိုးယူခဲ့တာဟာ တဖြည်းဖြည်းနဲ့ ၂၅ နှစ်ကျော်လာပြီဖြစ်ပြီး ယခုအချိန်အထိစုဆောင်းထားတဲ့ပုံပါပဲ။

 

ပြီးတော့ တစ်ခုချင်းဆီကို ဂရုတစိုက် ပလပ်စတစ်အိတ်ထဲကို သေသပ်စွာ ထည့်ပြီးတော့ သိမ်းဆည်းထားပုံရပါတယ်။

ဒီအမျိုးသားဟာ ဘယ်လိုစိတ်ကူးနဲ့များ ခိုးယူခဲ့တာလဲဆိုတော့ . . .

 

သြော် . . . သိပြီ။

တင်ပါးတွေကိုနှစ်သက်တဲ့သူ Fetish ဖြစ်နေတာကိုး!

ဒါကြောင့် သူခိုးခဲ့ တဲ့အထဲမှာ အမျိုးသားစီး စက်ဘီးထိုင်ခုံတွေနဲ့ အမျိုးသားတွေပဲစီးတဲ့ အားကစားစက်ဘီးထိုင်ခုံတွေလုံးဝမပါခဲ့တဲ့ပုံပဲနော်။

အိတ်တစ်လုံးချင်းစီနဲ့ ထည့်ထားတယ်ဆိုတာက အနံ့ပျောက်မသွားအောင်လို့တဲ့လေ။

လုံးဝကို နှာဘူးပဲ!

 

အစပိုင်းမှာတော့ သူ့ရဲ့အလုပ်ဖိစီးမှုတွေကို ပျောက်ကင်းသက်သာစေလို့ စတင်ခဲ့ရာကနေ အဲလိုလုပ်ရတာ ပျော်ဖို့ကောင်းလို့ လုပ်ရင်းလုပ်ရင်း ရပ်လို့မရနိုင်တော့ဘူးလို့ဆိုပါတယ်။

25 နှစ်အတွင်း ဒီလောက်အရေအတွက်ခိုးခဲ့တယ်ဆိုတော့ အကြမ်းဖျင်းတွက်လိုက်ရင်  တစ်ရက်ကို စက်ဘီးဖင်ထိုင်ခုံ ၂ခုံတောင် ခိုးခဲ့တာပဲနော်။

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: