လွန်ခဲ့သော ၇၅ နှစ်က ဗုံးကြဲခံခဲ့ရတဲ့တိုကျိုမြို့၏ပုံရိပ်များ !!!

တစ်ကမ္ဘာလုံးပါဝင်ခဲ့တဲ့ကြီးမားသောစစ်ပွဲကြီးဆိုရင် ဒုတိယကမ္ဘာစစ်ကြီးပေါ့….

ဒီစစ်ပွဲမှာတော့ ဂျပန်အတွက် အကြီးအကျယ်ကို ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

အမေရိကန်စစ်တပ်က ၁၉၄၄ ခုနှစ်နိုဝင်ဘာလမှာ တိုကျိုမြို့သို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

 

သစ်သားနဲ့ပြုလုပ်ထားတဲ့ ဗိသုကာအဆောက်အအုံများစွာရှိတဲ့ ဂျပန်ရဲ့ မြို့တွေကို ပစ်မှတ်ထားပြီး ထိရောက်စွာ

ဗုံးကြဲတိုင်ခိုက်ခဲ့ကြတယ်။ မီးလောင်စေဖို့ ပစ်မှတ်ထားပြီး နေရာအရပ်ရပ်ကိုဗုံးကြဲခဲ့ကြတာပါ။

တိုကျိုမြို့ တစ်မြို့လုံးကတော့ မီးလောင်ကျွမ်းခဲ့ရပါတယ်။

 

အစပိုင်းမှာတော့ လက်နက်ခဲယမ်းစက်ရုံတွေကိုသာ ပစ်မှတ်ထားခဲ့ကြပေမယ့်လည်း ၁၉၄၅ ခုနှစ်မတ်လ ၁၀ ရက်နေ့မှာတော့ ပုဂ္ဂလိကအိမ်တွေကိုပါ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။

စာဖတ်သူတို့ အနေနဲ့တော့ အခုခေတ် တိုကျိုမြို့ရဲ့ပုံရိပ်တွေသာ စိတ်ထဲစွဲထင်နေမယ်ထင်တယ်နော်။

 

ဒါကတော့ လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းကပုံဖြစ်ပြီး အဲအချိန်တုန်းက ဓာတ်ပုံတွေကိုကြည့်လိုက်ပါနော်။

 

浅草 仲見世通り(なかみせどおり)Asakusa Nakamise လမ်းတစ်လျောက် (Nakamisedoori)

 

浅草、吾妻橋(あずまばし)Asakusa, Azumabashi

 

 

亀戸天神(かめいどてんじん)Kameido Tenjin

 

浅草 神谷バーと松屋ビル  (Asakusa Kamiya ဘားနှင့် Matsuya အဆောက်အ ဦး)

 

 

亀戸 (Kameido)

 

 

အိုးအိမ်မဲ့သူများ

 

https://www.huffingtonpost.jp/entry/airraid-tokyo_jp_5e659667c5b6670e72fa1b36

 

ဤပုံတွေကိုရိုက်ယူခဲ့တဲ့ ဓာတ်ပုံဆရာ Mitsuyo Ishikawa

ရဲစခန်းရဲဌာနမှဓာတ်ပုံဆရာဖြစ်တဲ့ Mr. Ishikawa ကတော့ ထိပ်တန်းရဲတစ်ယောက်ပါ။ ရဲကြီးကြပ်ရေးမှူး၏အမိန့်အရ တိုကျိုမြို့ရဲ့ စိတ်မ‌ကောင်းစရာပုံရိပ်များကို ကင်မရာပေါ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ထိုအချိန်တုန်းက ကြည်းတပ်မှ ဓာတ်ပုံရိုက်ခွင့်ကို တားမြစ်ထားတဲ့အတွက်ကြောင့် ပုံတွေကို တိတ်တဆိတ်လျှို့ဝှက်ရိုက်ထားခဲ့တာ ဖြစ်ပါတယ်။

 

စစ်ပြီးနောက်မှာတော့ ယူအက်စ်အခြေစိုက်တပ်ဖြစ်တဲ့ GHQ ဟာ ဂျပန်ကိုသိမ်းပိုက်ဖို့လုပ်ခဲ့ပါတယ်။

 

GHQ က မစ္စတာ Ishikawaထံမှ ဒီပုံတွေပေးဖို့ကိုတောင်းဆိုခဲ့ပေမယ့် ဒါကိုငြင်းဆိုခဲ့ပြီး

 

ဥယျာဉ်ခြံမြေက မြေကြီးထဲမှာ အဲဒီဖလင်တွေကို မြေမြှပ်သိမ်းစည်းပြီး ကာကွယ်ထားခဲ့တာပါ။

 

သူရိုက်ခဲ့တဲ့ဓာတ်ပုံတွေကတော့ ဒီလိုမျိုး ကြမ်းတမ်းပြီး ပျက်ဆီးနေတဲ့ တိုကျိုမြို့ရဲ့ အသွင်အပြင်အတော်များများက ဝမ်းနည်းစရာအပြည့် ထင်ဟပ်နေကြတာကို မြင်ယောင်စေပါတယ်။

ဒါကတော့ အခုလက်ရှိ တိုကျိုမြို့တော်ရဲ့ အဆင့်အတန်းမြင့်မားတဲ့

Ginza ဆိုတဲ့နေရာပဲဖြစ်ပါတယ်။

ပုံ၊ ဖလင် နှင့် သမိုင်းကို ကာကွယ်ပေးခဲ့တဲ့ Ishikawa-san

ပြီးတော့ ၇၅ နှစ်အတွင်းမှာပဲ ဒီလိုနေ့မျိုးဖြစ်လာအောင် တိုးတက်လှပတဲ့ တိုကျိုမြို့ကြီးကို ပြုလုပ်ပေးခဲ့တဲ့ ဘိုးဘေးတွေကိုလည်း အမြဲကျေးဇူးတင်လျက်ပါ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: