ဂျပန်ရောက်ရင် တစ်ကြိမ်လောက်မဖြစ်မနေသွားကြည့်သင့်တဲ့ Kominka Cafe !!!

အရင်က Kominka Cafe ရဲ့အကြောင်းကို ကြားဖူးပါသလား?
Kominka ဆိုတာက ရှေးကတည်းကဆောက်ထားတဲ့ မိသားစုသီးသန့်အိမ်ကို ခေါ်တာပါ။
ယခင်နေထိုင်ခဲ့တဲ့လူတွေ ပြောင်းသွာတာတို့ ၊ ဆုံးပါးသွားတာတို့ကြောင့် ဘယ်သူမှမနေကြတော့တဲ့အိမ်တွေ ဂျပန်မှာ အများကြီးရှိပါတယ်။
အခုတလောမှာ ဒီလိုမျိုး ရှေးအိမ်တွေကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုတဲ့အလေ့အထက ပြန်ခေတ်စားလာပြီး Kominka Cafe ကလည်း အဲ့ဒီထဲက တစ်ခုဖြစ်ပါတယ်။
Kominka Cafe မှာ အတွင်းပိုင်းပုံစံကို ရှေးအိမ်အတိုင်း ဆက်လက်အသုံးပြုပြီး သက်တောင့်သက်သာနဲ့ လှလှပပပြင်ဆင်ထားတဲ့ နေရာလေးအဖြစ် ဖန်တီးပေးထားပါတယ်။
အင်တာနက်တွေမှာ “Kominka Café(古民家カフェ)”လို့ ရှာလိုက်ရင်ပဲ အလွန်သပ်ရပ်လှပတဲ့ ကော်ဖီဆိုင်ကို မြင်တွေ့နိုင်ပါတယ်။
အခုတစ်ခေါက်မှာတော့ ဂိဖုစီရင်စု ဟိဒမြို့မှာရှိတဲ့ ICHI MARU ICHI လို့အမည်ရတဲ့ Kominka Cafe ကို သွားခဲ့ပါတယ်။
ဒီဆိုင်ကိုတော့ ရှေးအိမ်လေးကို ပြန်လည်ပြင်ဆင်ထားတဲ့ ကော်ဖီဆိုင်အနေနဲ့ လူသိများပါတယ်။
ဒီကော်ဖီဆိုင်မှာ လူကြိုက်များတဲ့အရာတစ်ခုကတော့ လက်လုပ် လက်တေးကော်ဖီခွက်ပါ။

ယွန်းထည်ပြုလုပ်သူများက တစ်ခုချင်းစီ ဂရုတစိုက်ပြုလုပ်ထားတဲ့ လက်တေးကော်ဖီခွက်တွေက အရည်အသွေးလည်း အရမ်းကောင်းမွန်ပါတယ်။
ဒီနေ့မှာတော့ ကလေးနဲ့အတူသွားခဲ့တဲ့အတွက် ကော်ဖီဆိုင်ကနေ လက်တေးကော်ဖီကို ကလေးမျက်နှာပုံလေးနဲ့ ပြင်ဆင်ပေးခဲ့ပါတယ်။
ကလေးမျက်နှာလေးနဲ့လည်း တူအောင် လုပ်ပေးတာမို့လို့ အရမ်းကိုပဲချစ်စရာကောင်းပါတယ်။
ပြီးတော့ ဆိုင်ထဲမှာလည်း ယွန်းထည်ပြုလုပ်သူတွေရဲ့ ထုတ်ကုန်တွေနဲ့ ပိုင်ရှင်က ကောင်းစွာရွေးချယ်ထားတဲ့ပစ္စည်းတွေကိုလည်း ရောင်းချပေးလျက်ရှိပါတယ်။
ပြီးတော့ ဆိုင်က အလွန်သက်သောင့်သက်သာရှိပြီး အေးအေးဆေးဆေးအချိန်ဖြုန်းလို့ရပါတယ်။
ဒီလိုမျိုး အရသာရှိတဲ့ကော်ဖီ ဒါမှမဟုတ် ကိတ်မုန့်လေးနဲ့ အပန်းဖြေနိုင်တာက အရမ်းကောင်းပါတယ်။
ဂျပန်လူမျိုးအတော်များများဟာ ကျောင်း၊ အလုပ်တွေနဲ့ နေ့စဉ်အလုပ်များနေကြတဲ့အတွက် ဒီလိုနေရာမျိုးမှာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့လာတဲ့သူတွေများမယ်လို့ထင်ပါတယ်။
ဒီလိုမျိုး Kominka Cafe က လူတွေကို စိတ်ပင်ပန်းမှုပြေပျောက်စေတဲ့နေရာအနေနဲ့ တည်ရှိနေပါတယ်။
ဂျပန်မှာနေထိုင်နေတဲ့ မြန်မာလူမျိုးတွေလည်းပဲ ကိုယ်ကျင့်သားမရသေးတဲ့နိုင်ငံခြားမှာ နေရတာက စိတ်ရောကိုယ်ရော ပင်ပန်းနေမယ်လို့ထင်ပါတယ်။
အဲ့ဒီအတွက် အားတဲ့အချိန်လေးမှာ ဒီလိုကဖေးဆိုင်လေးကို သွားပြီး အေးအေးဆေးဆေးအချိန်ဖြုန်းပြီး စိတ်ပင်ပန်းတွေကို ဖြေဖျောက်နိုင်မယ်လို့ထင်ပါတယ်။
Kengo Abe