ဂါဝရပြု ဦးညွှန့်ပုံ ဦးညွှန့်နည်းများ !!!

တောင်းပန်တဲ့အခါပဲဖြစ်ဖြစ်၊ နှုတ်ဆက်တဲ့အခါပဲဖြစ်ဖြစ်၊ ဖုန်းခေါ်ဆိုတဲ့အခါမှာပါ ဦးညွှတ်ပြီးပြောလေ့ရှိတာဂျပန်လူမျိုးပါ။

 

ဒါတွေက နိုင်ငံခြားသားတွေအတွက်တော့ ရယ်စရာဖြစ်ကောင်းဖြစ်ပေမယ့် တကယ်တော့ ဂျပန်မှာကသာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။

ဒီဦးညွှန့်တာကိုကြည့်ပြီး ရယ်ကောင်းရယ်နေမယ့်သူတွေရှိပါလိမ့်မယ်။ ဒါပေမယ့် သင်သာ အကယ်၍ ဂျပန်နိုင်ငံမှာ နေထိုင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ ဒီမှန်ကန်တဲ့ ဦးညွှန့်ပုံဦးညွှန့်နည်းတွေကို သိထားသင့်ပါတယ်နော်။

တကယ်တမ်းက ဦးညွှန့်ဂါဝရပြုတဲ့ ပုံစံ၅မျိုးရှိပါတယ်။

နှုတ်ဆက်ဂါဝရပြုတဲ့ ဦးညွှန့်ပုံ

https://gimon-sukkiri.jp/bow/

 

အရိုးရှင်းဆုံးပုံစံဖြစ်ပြီး ဒီလိုဦးညွှန့်တောင်းပန်တာကတော့ တောင်းပန်တဲ့အခါမှာမသုံးပါဘူး။

အပေါ်မှာပြထားတဲ့ပုံက အနည်းငယ် ဦးညွှန့်နေတဲ့ပုံစံအနေအထားရှိပြီး ပုံမှန်အနေနဲ့ နှုတ်ဆက်တဲ့အခါ အနည်းငယ်လောက်ပဲခေါင်းတစ်ချက်ငြိမ့်ကာ ဦးညွှန့်တဲ့ပုံစံပါ။ ဒါကတော့ နှုတ်ဆက်ဂါဝရပြုတဲ့ ဦးညွှန့်ပုံစံပါ။

အတိအကျပြောရရင်တော့ ၁၅ဒီဂရီလောက်ဦးညွှန့်တာပေါ့။

တဖက်လူရဲ့ မျက်နှာကိုကြည့်ရင်း အပြုံးနဲ့ “မင်္ဂလာပါ” လို့ နှုတ်ဆက်တဲ့အခါမှာ အနည်းငယ် ဦးညွှန့်ပြီး ပြောကြည့်ကြပါနော်။

အပြုံးလေးပါ ပါရင်တော့ သိပ်ကောင်းတဲ့ နှုတ်ခွန်းဆက်သမှုပဲပေါ့။

ဦးညွှန့်တာများသွားရင်တော့ တောင်းပန်တယ်ထင်ပြီး အထင်မှားသွားစေပါမယ်နော်။

 

တိတ်တဆိတ်ဦးညွှန့်ခြင်း

@“Œ“ú–{‘åkÐ‚Ì”íÐ’n‚Ŗٗ炳‚ê‚é“VcAc@—¼•Ã‰º‚Q‚O‚P‚P”N‚SŒŽ‚Q‚V“úA‹{éŒ§“ìŽO—¤’¬

https://www.kyodo.co.jp/photo-archive/royalmarriage55/attachment/%C2%8B%C2%8Fe%C2%8C§%C2%82i%C2%94i%C2%8Dd%C2%92n%C2%82a%C2%96u%C2%97c/

 

ဒါကိုတော့ တိတ်ဆိတ်စွာ ဦးညွှန့်ခြင်းလို့ခေါ်ပါတယ်။

 

အထက်ပါပုံကတော့ ဘုရင်ကြီးနှင့်သူ၏ဇနီးတို့ဟာ ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဒေသသို့သွားရောက်လည်ပတ်ပြီး ဒုက္ခရောက်နေသူများအားဝမ်းနည်းပူဆွေးကြောင်းထုတ်ဖော်ပြောကြားခဲ့တဲ့ပုံပါ။

နှုတ်ဆက်ဂါဝရပြုသလိုမျိုးမဟုတ်ပဲ ဦးညွှန့်တဲ့အခါ ၃၀ဒီဂရီလောက်ဦးညွှန့်ရပါမယ်။

အလေးပြုသလိုမျိုး တစ်ဖက်လူကို လေးလေးစားစားနဲ့ သေသေချာချာဦးညွှန့်ကြရပါတယ်။

 

နှုတ်ဆက်ဂါဝရပြုတာထက် ပိုပြီးလေးနက်တဲ့အဓိပ္ပါယ်ရှိလို့ ဦးညွှန့်ပြီးတဲ့နောက်မှာ ၃စက္ကန့်လောက်ရပ်တန့်နေပေးပါ။ ဦးညွှန့်ဖို့မတိုင်ခင်နဲ့ ဦးညွှန့်ပြီးတဲ့ အခါ၂ခါလုံး ဖြည်းဖြည်းချင်းပြုလုပ်ရပါမယ်။

 

Nodding, greeting (with eyes) ခေါင်းငြိမ့်ကာ အကြည့်ဖြင့်နှုတ်ဆက်ခြင်း

https://www.sojo-u.ac.jp/student_life/achievement/circle/athlete/kendo/

 

 

Kendo ကဲ့သို့သော ကိုယ်ခံပညာတွေမှာ အသုံးပြုတဲ့ ဦးညွှန့်ဂါဝရပြုပုံပြုနည်းပါ။

တစ်ဖက်ပြိုင်ဖက်လူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြုခင်မှာ လေးစားမှုကို ကိုယ်စားပြုကာ ဦးညွှန့်လျက် ပြိုင်ဘက်နဲ့ အကြည့်ခြင်းဆုံလျက် ဂါဝရပြုတဲ့ ပုံစံပါ။

 

အခုလို အားကစားနေရာမှာ အသုံးပြုတာအဆင်ပြေပေမယ့် နဂိုမူလကတော့ ဒီကိုယ်ခံပညာဟာ အသက်နဲ့ရင်းတဲ့ အနိုင်အရှုံးဂိမ်းဖြစ်ပါတယ်။ ပြိုင်ဘက်ရဲ့ အကြည့်ကို လွတ်သွားမိပြီဆိုရင်တော့ ရှုံးပြီပဲနော်။

 

စကားမစပ် အမိုက်စားကောင်လေးတွေဆိုတာ တစ်ဖက်လူကို အကြည့်နဲ့ပဲ ပြောတတ်တယ်တဲ့။ အကြည့်တစ်ချက်မှာကြွေသွားတယ်တို့ဘာတို့ပေါ့။

ငါလည်း တစ်နေ့အဲ့လိုဖြစ်ချင်လိုက်တာ . . .

 

A respectful bow အထူးဦးညွှန့်ခြင်း

https://allabout.co.jp/gm/gc/425624/photo/1517272/

 

 

တစ်ဖက်လူကိုတောင်းပန်တဲ့အခါမှာ သုံးတဲ့ ပုံမှန်ဦးညွှန်တာတွေထဲက အများဆုံးသုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၄၅ဒီဂရီဦးညွှန်တာဖြစ်ပြီး ဒါဟာယဉ်ကျေးတဲ့သဘောထားရှိပါတယ်။

 

ခေါင်းငုံံ့ပြီး ဦးညွှန်တဲ့အခါ ဝမ်းဗိုက်ကို ကျုံ့သွားစေတဲ့အထိရောက်အောင် ဦးညွှန့်ကြပါတယ်။

ခေါင်းငုံ့လျက်အနေအထားနဲ့ ဆင်းရဲဒုက္ခဖြစ်စေမယ့်စကားတွေအစား “စိတ်မကောင်းပါဘူ၊ အနူးအညွန့်တောင်းပန်ပါတယ်” ဆိုတဲ့ စကားကိုပြောရင်း ဦးညွှန့်ရတာပါ။

ဒါနဲ့အလွန်အကျွံလိုတာထက်ပိုပြီး ဦးညွှန့်မိရင်တော့ နောက်ပြောင်သလိုထင်ခံရစေလို့ မလုပ်မိပါစေနဲ့နော်။ တော်ကြာတောင်းပန်တာကနေ ရန်ပွဲဖြစ်သွားမှာစိုးလို့ပါ။

https://blog.opus21.net/post-0-523/

 

ဒူးထောက်‌တောင်းပန်ခြင်း

https://toyokeizai.net/articles/-/51561

 

Dogeza လို့လည်းခေါ်တဲ့ အလေးပြု ဦးညွှန့်တောင်းပန်တာတွေထက်ပိုပြီးမြင့်မားတဲ့ အမြင့်မားဆုံးဦးညွှန့်မှုတစ်ခုပါ။ အမှန်တကယ်ရှိတဲ့ တောင်းပန်နည်းပါ။

နောက်ထပ်တောင်းပန်စရာနည်းလမ်းမရှိတော့လောက်အောင် တောင်းပန်ပါတယ်လို့ဆိုတဲ့ နည်းလမ်းတစ်ခု။

ဘာဖြစ်လို့လဲဆိုတော့ ခေါင်းကိုမြေကြီးထိတဲ့အထိငုံ့ကာ တောင်းပန်တဲ့အတွက်ကြောင့်ပါ။

မာနတွေခွါကျကာ ရင်ထဲအသဲထဲက တကယ်ကိုအနူးအညွှန့်တောင်းပန်တဲ့တောင်းပန်ဦးညွှန့်နည်းပါ။

ဒါကြောင့် ဒီလိုတောင်းပန်တာမျိုးကိုတော့ အသုံးပြုခဲပါတယ်။

မိမိဘဝမှာ အလွန်ကြီးမားတဲ့မှားယွင်းမှုအတွက် တောင်းပန်တဲ့အခါမှာ သုံးတဲ့အတွက် မကြာခဏအသုံးပြုနေမယ်ဆိုရင်တော့ သူ့ရဲ့တန်ဖိုးဟာ လျော့ကျသွားနိုင်ပါတယ်။

အခုတလောကတော့ အလွယ်တကူ ဒူးထောက်ပြီး တောင်းပန်တဲ့သူတွေ များလာတဲ့ပုံပါပဲ။

အဲလိုဆိုရင်တော့. . . ဘယ်လိုလုပ်ကြမလဲ ?

ဂျပန်တွေက ဒီနည်းလမ်းတွေကို တကယ်ပဲအသုံးပြုတယ်ဆိုတာရော ယုံကြည်ကြရဲ့လားဟင်?

အကယ်၍ ဖုန်းပြောရင်းနဲ့ ပါ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြောနေတဲ့သူကိုတွေ့မိရင်တော့ သူဟာ ဒီဦးညွှန့်တဲ့နည်းလမ်းတွေကို အသုံးပြုလေးစားတယ်ဆိုတာသိနိုင်တဲ့ သက်သေပါပဲ။

တခြားသူကမမြင်နိုင်တာတောင်မှ တလေးတစားနဲ့ ယဉ်ကျေးမှုရှိတယ်ဆိုတဲ့ အမူအရာရှိတဲ့သူတစ်ယောက် လို့သတ်မှတ်လို့ရပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: