Toilet Paper တွေမရှိသေးတဲ့အချိန်က ဂျပန်မှာတုတ်ကိုအသုံးပြုခဲ့ကြတယ် !

ဘာကြောင့်လဲတော့မသိပေမဲ့ ဂျပန်လူမျိုးတွေက Toilet ကိုတော်တော်ကြိုက်ကြတယ်ဗျ…

ကိုရိုနာရဲ့ ဟိုပြောဒီပြောသတင်းတွေကြောင့် Toilet Paper တွေအများကြီးဝယ်ပစ်လိုက်ကြတာကနေ ဇာတ်လမ်းကစပါတယ်.

Washlet ရှိနေတာတောင် ဘာတွေကို စိတ်ပူနေကြတာလဲ ?

အကယ်၍ Toilet Paper တွေမရှိတော့ရင် စာဖတ်သူတို့ရောဘာလုပ်မလဲ ?

ဂျပန်ရဲ့ သမိုင်းတစ်လျှောက်မှာ Toilet Paper နဲ့ပတ်သက်နေတဲ့ ပုံလေးကို သွားပြေးမြင်မိတယ်ဗျ။

အရင်က ဂျပန်နိုင်ငံမှာ စက္ကူဆိုတာ အရမ်းကိုတန်ဖိုးကြီးတဲ့အရာဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုတန်ဖိုးကြီးတဲ့အရာနဲ့ အလေးသွားပြီးလို့ ကုန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူးနော် !!!

ဒါကြောင့် ကိစ္စပြီးလို့ ရှင်းမယ်ဆိုရင် အသုံးပြုတာကတော့ ဒါလေးကိုပါ……..

 

 

https://mag.japaaan.com/archives/114800

籌木(ちゅうぎ)Stew tree လို့ခေါ်တဲ့ အပင်ရဲ့ သစ်သားပိုင်းပေါ့။

အဲ့ဒီအပင်က ထင်ရှူးပင်လိုလို၊ ဘာလိုလိုပဲ…

Toilet Paper အစား အဲ့ဒါကိုအသုံးပြုခဲ့တာပါတဲ့….

 

ဒီပုံလေးကိုကြည့်ရင် သိနိုင်တယ်နော်……

 

https://mag.japaaan.com/archives/114800/キャプチャ2-4

 

 

ကလေးက Stew tree သစ်အပိုင်းလေးကို လက်မှာကိုင်ထားပြီး ဂျပန်ခုံဖိနပ်အထူကြီးကို စီးထားတယ်ဆိုတာကတော့ မစင်တွေကို စအိုအဝ နဲ့ အဝတ်တွေမှာ ပြန်မစင်ဖို့အတွက် ပဲဖြစ်ပါတယ်။

 

တစ်ခုသိထားရမှာကတော့ အဲ့ဒီ သစ်အပိုင်းလေးက သုံးပြီးတာနဲ့ လွှင့်ပစ်ရတာမဟုတ်ဘဲ၊ နောက်တစ်ကြိမ်ပြန်အသုံးပြုပါတယ်တဲ့…။

တစ်ချို့တွေဆိုရင် ခရုခွန်တွေနဲ့တောင် ကုန်းကြပါသေးတယ်တဲ့…..

ဒါပေမဲ့ စက္ကူမဟုတ်တဲ့အတွက် ကုန်းတဲ့အခါ မပြောင်တာတို့၊ မသန့်ရှင်းတာတို့ ဖြစ်နေမယ်မဟုတ်လား? လို့ တွေးကောင်းတွေးနိုင်စရာပဲနော်…

နောက်ပြီး အလေးသွားပုံ သွားနည်းကလည်း မတူဘူးနော်….

 

အပေါ်က ကလေးရဲ့ ပုံကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါ။

anus ကိုအနောက်ရောက်နိုင်သမျှရောက်အောင် ဆုတ်ထားပါတယ်။

ဒီနည်းနဲ့ပဲ အလေးသွားပြီးတဲ့အခါမှာတော့ တုတ်လေးနဲ့ ကုန်းလိုက်တယ်။ anus မှာလည်း မစင်တွေကျန်မနေတဲ့ ပုံပါပဲ။ အကယ်၍ကျန်နေသေးမယ်ဆိုရင်လည်း ထပ်ပြီးတုတ်လေးနဲ့ ဖယ်လိုက်မယ်ပေါ့…

 

အဲ့ဒီလိုတုတ်ကိုအသုံးပြုတဲ့ပုံစံက ၁၉ ရာစုနှစ်အထိပါပဲတဲ့

ပြောင်းလဲလာတာက သိပ်ပြီးတော့ မကြာသေးဘူးလို့ပြောရပါမယ်။

နောက်ပိုင်းမှ Toilet Paper ဆိုပြီး ဖြစ်လာပြီး၊ လက်ရှိအချိန်မှာတော့ Washlet ဆိုတာက ဂျပန်ရဲ့ ပုံမှန်နေ့စဥ်သုံးလို ဖြစ်လာပါတယ်။ Toilet ရဲ့ အခြေအနေက ဂျပန်မှာ လျင်လျင်မြန်မြန်ပဲ သန့်ရှင်းလာတဲ့စနစ်ကိုရောက်ရှိနေပေမဲ့၊ အကယ်၍ ဒီလိုမျိုး Toilet Paper တွေကိုမရရှိနိုင်တော့ဘူးဆိုရင်လည်း

ရှေးလူတွေရဲ့ လုပ်ပုံလုပ်နည်းတွေကို ပြန်အသုံးချကြည့်ရင်ရော ကောင်းမလားလို့ ကျွန်တော်ကတော့ တွေးမိပါတယ် !!! (ရယ်လျက်)

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: