神 (Kami) နဲ့ 紙 (Kami) ကိုမှားရာကနေ စတင်ဖြစ်ပေါ်လာတဲ့ အကောင်းဆုံးဝန်ဆောင်မှု !!
ဘယ်အရာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အမြတ်တနိုးထားပြီး သုံးမယ်ဆိုရင်တောင် တစ်နေ့နေ့မှာ အဲအရာဟာ အချိန်တန်ရင်ပျက်ဆီးသွားမှာပါ . . .
အသစ်တစ်ခုဝယ်မယ်ဆိုရင်အဆင်ပြေပေမယ့် အသုံးပြုပြီးသွားရင်တော့ ဘာမှပြန်လုပ်လို့မရတော့ပါဘူး။
အဲဒီကိစ္စကို စိတ်ထဲဝမ်းနည်းနေတဲ့အဘွားအိုရဲ့ကြောင်းကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။
Nintendo ကုမ္ပဏီကိုတော့တို့မြန်မာတွေသိပ်မရင်းနှီးကြပေမယ့်
မာရီယိုဂိမ်း ကိုတော့သိကြမှာပါနော်? ဒီလိုကမ္ဘာကျော်ဂိမ်းတွေထုတ်တဲ့ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့တဲ့ Nintendoကုမ္ပဏီ ဆီကို ၉၅ နှစ်ရှိတဲ့အဖွားအိုဟာ သူကစားနေတဲ့ သူမရဲ့ဂိမ်းစက်ပျက်သွားပြီလို့ပြောတဲ့ကြောင်းလေးပါ။
အဘွားအိုဆော့တဲ့ဂိမ်းကတော့ Game Boy ဆိုတဲ့ ဂိမ်းစက်ကလေးပါ။
၁၉၈၉ ခုနှစ်မှာစတင်ထုတ်လုပ်ဖြန့်ချီခဲ့ပြီး အိတ်ဆောင်သယ်သွားလို့ရတဲ့ ဂိမ်းစက်လေးပါ။
ယူနစ်သန်းတစ်ရာတောင်ရောင်းရခဲ့တဲ့ ဂိမ်းစက်လေး။
Tetris လို့ခေါ်တဲ့ဂိမ်းကိုသူမအမြဲတမ်းဆော့တဲ့ပုံပါပဲ။
http://udontaro.blog79.fc2.com/blog-entry-2126.html
အဘွားကဒီဂိမ်းကစားရတာကိုအရမ်းကြိုက်ပြီး ကျွန်တော်လည်းအရမ်းကြိုက်ပါတယ်။
ပျက်သွားတဲ့အခါ အသစ်ထပ်ဝယ်ပြီး အခုဆိုရင် ဒီ ဂိမ်းစက်ကလေးဟာ ၃ခုမြောက်တဲ့။
သို့သော်. . .၂၀၀၃ ခုနှစ်မှာ ဒီဂိမ်းစက်ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ပြီး
ထုတ်ကုန်အသစ်တွေလည်းရှာလို့မရတော့ပဲ အနီးအနားမှာရှိတဲ့ စတိုးဆိုင်တစ်ခုမှာ ပြန်လည်ပြုပြင်ဖို့ မေးကြည့်တော့လည်း ဟောင်းနွမ်းနေပြီမို့လို့ ပြန်လည်ပြုပြင်လို့ မရနိုင်ဘူးလို့ပြောပါတယ်။
အဘွားအိုဟာ ဒီကိစ္စကို မြေးဖြစ်သူကိုပြောပြခဲ့ပါတယ်။
မြေးဖြစ်သူက ဒီစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ကိစ္စကို မှားကြားမိသွားပါတယ်။
“任天堂は神対応だから、一度直接連絡してみたら?”
“Nintendo ဟာဘုရားသခင် စာပေးစာယူ ဖြစ်လို့ တစ်ခါလောက် တိုက်ရိုက်ဆက်သွယ်ကြည့်ပါလား?”
ဘုရားသခင်စာပေးစာယူ ဆိုတာ ဘုရားသခင်လိုမျိုးအံ့သြဖွယ်ကောင်းတဲ့တုံ့ပြန်မှုတွေပေးတယ်လို့ဆိုလိုပါတယ်။
ဒါကြောင့် Nintendo ဟာဘုရားသခင်နဲ့စာပေးစာယူလုပ်တယ်ဆိုပြီးလည်း ကျော်ကြားပါတယ်။
ဒါပေမယ့် အဘွားအိုဟာ နားလည်မှုလွဲတာလို့ထင်ပြီး
神対応 (Kamitaido) → 紙対応 (Kamitaido)
ဘုရားသခင်စာပေးစာယူ→ စာရွက်စာပေးစာယူ လို့ထင်ပြီး
စာတစ်စောင်ရေးပြီး Nintendo ကုမ္ပဏီကို စာပို့လိုက်ပါတယ်။
စာပို့လိုက်တဲ့သူက အဘွားရဲ့မြေးပါ။
“ တစ်နည်းနည်းနဲ့ အဘွားကို နောက်ထပ် Game Boy ဂိမ်းဆော့ပြီး ပျော်ရွှင်စေချင်တယ် ”
ဆိုတဲ့ကြောင်းရင်းနဲ့ ပို့ခဲ့တာတဲ့။
ဒါကိုဖတ်လိုက်ရတဲ့ Nintendo ကုမ္ပဏီ . . .ထုံးစံအတိုင်း ဘုရားသခင်တုန့်ပြန်မှုမျိုးနဲ့ အစပျိုးပါတယ်။ ထုတ်လုပ်ခဲ့တာက လွန်ခဲ့တဲ့ ၁၇ နှစ်ကကုန်ဆုံးသွားပြီဖြစ်ပေမယ့်လည်း သိုလှောင်ရုံအတွင်းမှာ နက်ရှိုင်းစွာအိပ်ပျော်နေတဲ့ Game Boy ဂိမ်းစက်ထုတ်အသစ်ကိုတွေ့ရှိခဲ့ပါတယ်။
အဲဒီထုတ်ကုန်ကို လက်ဆောင်အနေနဲ့ အဘွားကိုပေးပို့ခဲ့ပါတယ်။
အဘွားအိုဟာ ပျော်ရွှင်စွာနဲ့ လေးခုမြောက် Game Boy ဂိမ်းဆော့ရင်း အသက် ၉၉ နှစ်မှာတော့ တွင်ကွယ်လွန်ခဲ့ပါတယ်။
နောက်ဆုံးအချန်အထိ Game Boy ဂိမ်းကိုပျော်ရွှင်စွာဆော့ကစားရင်းနဲ့ပေါ့. . .
ကျွန်တော်လည်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဖူးပါတယ်။ များစွာသော အမျိုးမျိုးသော ဖောက်သည်တွေဟာ ဒုက္ခရောက်တဲ့အခါမျိုးမှာ မထင်မှတ်ပဲ ဖုန်းနဲ့ အော်ဟစ်ပြောတာတွေ မကြာခဏကြုံဖူးပါတယ်။
ဒါ့ကြောင့် လူတော်တော်များများဟာ ဖောက်သည်တွေရဲ့အကူအညီတောင်းဆိုမှုကို မလုပ်ပေးချင်ကြတဲ့ ပြင်ပကုမ္ပဏီတော်တော်များများရှိပါတယ်။
သို့သော်…
သူတို့ထုတ်ကုန်တွေကိုသုံးတဲ့ ဖောက်သည်တွေရဲ့အသံကို တိုက်ရိုက်ကြားနိုင်တဲ့ အရေးကြီးတဲ့အခွင့်အလမ်းကိုရရှိလိုက်ပါတယ်။
ကျွန်တော်ကတော့ ဒီလိုအလုပ်မျိုးဟာ တကယ်ကိုပဲ အရမ်းအရေးကြီးတယ်လို့ထင်ပြီး တခြားအပြင်နေရာတွေမှာလည်းဒီလိုမျိုးလုပ်ပေးသင့်တယ်လို့ထင်ပါတယ်။
ပြီးတော့ Nintendoကုမ္ပဏီ ကအရမ်းကိုနွေးထွေးစွာတုန့်ပြန်နိုင်တဲ့ အံ့သြစရာကောင်းတဲ့ကုမ္ပဏီလို့လည်း ထင်မိပါတယ်။
ဒီလိုဖြစ်လာနိုင်အောင် ကျွန်တော်လည်းသင်ယူချင်ပါတယ်။
Kengo Abe