ခရစ်ယာန်ဘာသာဝင်တွေကို ဂျပန်တွေက ဘာကြောင့်နှိပ်စက်ညှဉ်းပန်းခဲ့တာလဲ ?

ဂျပန်မှာ မူလကတည်းက 神道(Shintou)လို့ခေါ်တဲ့ ကိုယ်ပိုင်ဘာသာတရားကိုကိုးကွယ်ခဲ့ကြပါတယ်။

神社 (Jinja) လို့ခေါ်တဲ့ နတ်ကွန်းတွေ ဘုရားကျောင်းတွေ၊ နတ်ဘုရားတွေကိုကိုးကွယ်တဲ့ဘာသာတရားပေါ့။

သဘာဝတရားထဲမှာပင် နတ်ဘုရားတွေဟာ နေရာတိုင်းမှာရှိတယ်ဆိုတာကို ယုံကြည်ထားတဲ့ ဘာသာတရားပါ။

 

ဒါကြောင့် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့နဲ့ ယှဥ်ကြည့်လိုက်တဲ့အခါမှာတော့ ကြီးမားတဲ့ခြားနားချက်တွေရှိလာပါတယ်။ ဒါကဘာလဲဆိုတော့ ဘုရားရဲ့ အရေအတွက်ပါ။

 

ခရစ်ယာန်ဘာသာနှင့်အစ္စလာမ်ဘာသာမှာက ဘုရားဆိုတာဟာ တစ်ပါးတည်းရှိတာကြောင့်ပါတဲ့။

 

အဲဒါကြောင့် အခြားဘာသာတရားများကို လက်မခံနိုင်ခဲ့ကြဘဲ၊ အတိတ်က စစ်ပွဲတွေအထိဖြစ်ခဲ့ပြီး ယနေ့ထိတိုင် အဲ့ဒီလိုအခြေအနေတွေ အများကြီးရှိပါသေးတယ်။

တစ်နည်းပြောရရင် ရှင်တိုဘာသာနှင့် မဟာယနဗုဒ္ဓဘာသာမှာတူတဲ့ ဝါဒကတော့ ဘုရားများစွာရှိနေခြင်းပါ။

ယနေ့ထိတိုင် အခြားဘာသာရေးနတ်ဘုရားများ၏တည်ရှိမှုကိုလည်း ကြည်ညိုလက်ခံကြပါတယ်။

သို့သော်. . . ဂျပန်မှာ ခရစ်ယာန်တွေကိုဖိနှိပ်ခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။

 

ဖိနှိပ်မှုရဲ့ ရလဒ်အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ တိတ်ဆိတ်စွာဆုတောင်းခဲ့ရပါတယ်။

ဒါကို ပထမဦးစွာ နှိပ်စက်ညှင်းပန်းမှုတွေပြုလုပ်ပြီး သေဒဏ်စီရင်သည်အထိ ပြုလုပ်ခဲ့ပါတယ်။

 

ဘာကြောင့်များ အဲသည်လောက်တောင် နှိမ်နင်းခဲ့ရတာလဲ ?

 

အကြောင်းကတော့ ၁၅၉၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့်ပါ။

ဖိလစ်ပိုင်ကနေ စပိန်ကို သွားမယ့် သင်္ဘောဟာ ဂျပန်သို့ ဆိုက်ရောက်လာတဲ့ မတော်တဆမှုတစ်ခုပါ။

 

ဂျပန်ခေါင်းဆောင် Hideyoshi Toyotomi က နိုင်ငံခြားသား‌တွေကိုစိတ်ဝင်စားနေတဲ့ အချိန်ပေါ့ . . .

သူဟာ သင်္ဘောဆိုက်ရောက်လာတာကို သိရတာနဲ့ချက်ချင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

 

ပြီးတော့ ဉာဏ်ကောင်းတဲ့သူဟာ အဲဒီစပိန်လူမျိုးတွေဆီကနေ တကယ့်ရည်ရွယ်ချက်ကို သိခွင့်ရခဲ့ပါတယ်။

ဘာကြောင့်ခရစ်ယာန်သာသနာပြုတွေကို ဒီလောက်အများကြီး ပို့ပေးနေတာလဲ?

 

အဲဒါကတော့ . . .

စပိန်ရဲ့အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတစ်နိုင်ငံချင်းစီမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်အရေအတွက်တိုးပွားစေဖို့နဲ့ နိုင်ငံကိုထိန်းချုပ်တဲ့အခါမှာ အဆင်ပြေစွာအသုံးချနိုင်ရန်ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ဒါပါပဲ။

ဘာသာရေးကိုခုတုံးလုပ်တယ်ဆိုတာမျိုးပေါ့။

 

ထိုအချိန်က ဂျပန်မှာရှိတဲ့ခရစ်ယာန်ဘာသာဝင် ၂၆ ယောက်ကိုရှာဖွေပြီးသတ်ဖြတ်ခဲ့ပါတယ်။

 

၂၆‌ယောက်ထဲမှ ၆ယောက်က နိုင်ငံခြားသားများဖြစ်ကြပြီး ဂျပန်အယောက် ၂၀ ပါဝင်ပါတယ်။ ထိုအယောက် ၂၀ထဲမှာမှ ၁၂ နှစ်မှ ၁၃ နှစ်ကြားယောက်ျားလေးနှစ်ယောက်ပါဝင်ပါတယ်။

 

 

https://mag.japaaan.com/archives/73760

 

ထို့နောက် ဖိနှိပ်မှုတွေဟာ နှံ့စပ်လာပြီး Nagasaki မှာရှိတဲ့ အသင်းတော်များလည်း တစ်ခုပြီးတစ်ခုဖျက်ဆီးခံရပါတယ်။

လျှို့ဝှက်ခရစ်ယာန်တွေကို ရှာဖွေရန် ဒီလိုနည်းမျိုးသုံးခဲ့တာဖြစ်ပါတယ်။

 

https://mag.japaaan.com/archives/73760

 

ခရစ်တော်၏ပုံရေးဆွဲထားတဲ့ ကြေးနီပြားပေါ်တက်ခိုင်းပြီး

အကယ်၍ သင်ကခရစ်ယာန်တစ်ဦး မဟုတ်ဘူးဆိုရင်တော့ ၎င်းကိုခြေလှမ်းရန် တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။

ခြေမလှမ်းနိုင်တဲ့သူကတော့ အမှန်စင်စစ်ခရစ်ယာန်တစ်ဦးဖြစ်တဲ့အတွက် ကွပ်မျက်ခံရလိမ့်မယ် ဆိုပြီး ရှာဖွေစစ်ဆေးခဲ့တာပါ။

 

အဲဒီအတောအတွင်း ၁၆၃၇ ခုနှစ်မှာ လူပေါင်း ၃၇၀၀၀ ခန့်ပါဝင်တဲ့ ပုန်ကန်မှုဖြစ်ပွားခဲ့ပါတယ်။ ထိုအချိန်ကအသက် ၁၆ နှစ်အရွယ် Shiro Amakusa Tokisada ဆိုသူက ပုန်ကန်သူခေါင်းဆောင်ဖြစ်ပါတယ်။

 

https://mag.japaaan.com/archives/73760

 

၈၈ရက်ကြာဖြစ်ပွားခဲ့တဲ့ ထိုပုန်ကန်မှုဟာ ဆက်လက်မတည်မြဲဘဲ ပါဝင်သူအားလုံးသတ်ဖြတ်ခံရပြီးနောက် ပုန်ကန်မှုအဆုံးသတ်ခဲ့ပါတယ်။

ဒီလောက်အထိတောင် မလုပ်လို့မရဘူးလားဆိုတဲ့ မသိနိုင်တဲ့အတွေးတွေဖြစ်ခဲ့ရပေမယ့် ထိုအချိန်က ခရစ်ယာန်ဘာသာကိုလက်ခံခဲ့တဲ့ နိုင်ငံများစွာဟာ နောက်ပိုင်းမှာ ကိုလိုနီလက်အောက်ကျရောက်ခဲ့ရပါတယ်။

ဂျပန်ကတော့ သူ့နိုင်ငံရဲ့လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်။

 

အလားတူပဲ သေနတ်တွေကိုထိန်းချုပ်ရန်အတွက် အောင်မြင်စွာအသုံးပြုနိုင်ခဲ့ပါတယ်။

 

https://item.rakuten.co.jp/v-road/774046/

 

ကျယ်လောင်တဲ့အသံနဲ့ ဝေးတဲ့နေရာကနေ တိုက်ခိုက်နိုင်တဲ့ပါဝါရှိတဲ့ သေနတ်။

နိုင်ငံအတော်များများက ဥရောပနိုင်ငံတွေကိုကြောက်ကြတာဟာ ဒါကြောင့်လည်းပါပါတယ်။

ဒါပေမယ့် Hideyoshi Toyotomi ကတော့အဲလိုမဟုတ်ပါဘူး။

 

ပိုက်ဆံအများကြီးပေးပြီး သေနတ်၂လက်ကိုဝယ်ကာ အဲဒါကို ကော်ပီလုပ်ပြီး

အမြောက်အများ ဖန်တီးခဲ့ပါတယ်။

အဲဒီဖန်တီးထုတ်လုပ်ခဲ့တဲ့အရေအတွက်ကိန်းဂဏန်းက ၅၀၀,၀၀၀ ကျော်ပါ။

 

ဒါဟာကမ္ဘာပေါ်မှာသေနတ်တွေအများကြီး မကိုင်ဆောင်ထားနိုင်ခင်မှာ ပြုလုပ်နိုင်ခဲ့တာပါ။

ဒါ့ကြောင့် ဒီအရာဟာလည်း ဂျပန်ဇာတ်ကောင်ကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ တိုးတက်မှုပင်ဖြစ်ပါတယ်။

 

မူရင်းသေနတ်က စွမ်းဆောင်ရည်ညံ့ဖျင်းပြီး ချက်ကောင်းထိရန်မလွယ်ကူခဲ့သော်လည်း ဂျပန်တို့ပြုလုပ်ထားတဲ့ သေနတ်ရဲ့ အားသာတဲ့အချက်မှာတိုးတက်မှုတွေနဲ့ မြင့်မားသော စနစ်တွေကြောင့် ဥရောပနိုင်ငံများကကြောက်ရွံ့ခြင်းဖြစ်တယ်ဟုလို့ဆိုကြပါတယ်။

 

ထိုအချိန်က စပိန်နှင့်ပေါ်တူဂီဟာ ကမ္ဘာတစ်ခုလုံးကိုအပိုင်းနှစ်ပိုင်းနဲ့သိမ်းပိုက်ခဲ့တဲ့ အချိန်ပေါ့။

 

ဒီဂျပန်တို့ရရှိခဲ့တဲ့လွတ်လပ်ရေးဟာ Toyotomi Hideyoshi ရဲ့စေ့စပ်တဲ့ပေါ်လစီနှင့် ၎င်းကိုဆက်ခံခဲ့တဲ့ Tokugawa တို့ရဲ့စွမ်းအားကြောင့်လို့ ကျွန်တော်ထင်မိပါတယ်။

သို့ပေမယ့် . . . စိတ်မကောင်းစရာကတော့

နိုင်ငံရေးကြိုးကိုင်မှုတွေမှာ ဘာမှမသိဘဲစွန့်လွှတ်အနစ်နာခံခဲ့ရတဲ့ ခရစ်ယာန်ဘာသာဝင်တွေပဲဖြစ်ပါတယ်။

 

အခြားဘာသာတရားကိုယုံကြည်ကိုးကွယ်လို့ အသတ်ခံရတယ်ဆိုတဲ့ အဲ့ဒီလိုခေတ်မျိုးကို ဘယ်တော့မှပြန်ရောက်မလာပါစေနဲ့ လို့မျှော်လင့်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: