အာဏာပါးကွက်သား 山田浅右衛門 Yamada Asadaemon!!!!

ယခုလက်ရှိအချိန်အထိ ဂျပန်နိုင်ငံမှာ သေဒဏ်ပေးတဲ့စနစ်ဆိုတာ ရှိနေဆဲပါ။
ဒီဘက်ခေတ်မှာတော့ လည်ပင်းကြိုးဆွဲတဲ့ပုံစံပေါ့နော်….။ ဒါပေမဲ့ အရင်အချိန်တုန်းကတော့ ဂျပန်နိုင်ငံမှာ သေဒဏ်ပေးတဲ့ပုံစံကအမျိုးမျိုးရှိခဲ့ပါတယ်။

ကောက်ကျစ်ယုတ်မာတဲ့လူလို့ သတ်မှတ်ခံရပြီဆိုရင် ပုံစံအမျိုးမျိုးနဲ့ သေဒဏ်ပေးပေမဲ့၊ နာမည်အကြီးဆုံးနဲ့ကြောက်ဖို့အကောင်းဆုံးဆိုပြီး လူသိများခဲ့တဲ့နည်းလမ်းကတော့ 斬首Zanshu လို့ခေါ်တဲ့ ခေါင်းဖြတ်ပြီး သေဒဏ်ပေးတဲ့စနစ်ပဲဖြစ်ပါတယ်။

အရင်ဆောင်းပါးမှာ ရေးသားဖော်ပြပြီးတဲ့အတိုင်းပဲ 切腹Seppuku ဆိုတာကတော့ မိမိရဲ့ ဝမ်းဗိုက်ကို မိမိကိုယ်တိုင်ဓါးထိုးသွင်းပြီး ဗိုက်ကိုဘယ်ဘက်ကနေ ညာဘက်အထိလှီးဖြတ်လိုက်တဲ့ သေခြင်းမျိုးဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခုသိထားရမှာက ချက်ချင်းကြီးသေသွားတာမဟုတ်ဘူး……တဲ့. (အမလေး)!!!!

切腹Seppuku လုပ်ပြီးရင်ချက်ချင်းမသေဘဲ တော်တော်လေးကို ခါးခါးသီးသီး ဝေဒနာအပြင်းအထန်ခံစားရတဲ့အတွက် 介錯(かいしゃく)Kaishaku လို့ ကာယကံရှင်ကိုယ်တိုင်က ပြောပါတယ်။ အဓိပ္ပါယ်ကတော့ “ခေါင်းဖြတ်သတ်ပေးပါ” ဆိုတာကိုပြောချင်တာပါ။

အဲ့ဒါဆိုရင်တော့ ဘေးမှာရှိနေတဲ့ တစ်ယောက်ယောက်က ဓါးနဲ့ခေါင်းကို “တိ” ခနဲဖြစ်အောင်ဖြတ်ပေးလိုက်ပါတော့တယ်။
ဒါဆို ဆက်ပြီးမနာကျင်ရတော့ဘူးပေါ့။

 

https://mag.japaaan.com/wp-content/uploads/2019/11/3f017e241c8c9cd58b59eb413f4d157c.png

 

အဲ့ဒီလောက်တောင် လူတွေက မပျော့ညံ့ခဲ့ပါဘူး။
လည်ပင်းလို့ပြောရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲလို့ပြောနိုင်ပေမဲ့၊ စာဖတ်သူတို့မသိသေးတာက တကယ်တော့လည်ပင်းဟာ အရမ်းကိုအရေးကြီးတဲ့အစိတ်အပိုင်းထဲမှာလည်း အပါအဝင်တစ်ခုဖြစ်နေတာပါ။

နောက်ပြီး ဦးနှောက်ကနေရာယူထားတဲ့ ခေါင်းကိုပါ သူကထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် လည်ပင်းမှာရှိတဲ့ ကြောရိုးနဲ့ခေါင်းကိုဆက်ထားတဲ့ အရိုးဟာလည်း ထူပါတယ်။ ဒါကြောင့် တစ်ခါတည်း ခေါင်းကိုဖြတ်ချလိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အကယ်၍များ ဓါးကတုံးနေမယ်ဆိုရင် ခံရသူမှာပိုပြီး ဝေဒနာခံစားရမှာပါ။

ဒါကြောင့် ဥရောပနိုင်ငံမှာ Guillotine လို့ခေါ်တဲ့ ကိရိယာကိုတီထွင်ခဲ့ကြပါတယ်။ အဲ့ဒါကတော့ တစ်ခြားမဟုတ်ပါဘူး ခေါင်းဖြတ်တဲ့စက်ပါ။
ဧရာမဓါးကြီးဖြစ်ပြီးတော့ အပေါ်ကဝိတ်နဲ့ ဖြတ်ချလိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်…..
(ဒီမှာတော့ မပြတော့ဘူးနော်… Google မှာရှာကြည့်နိုင်ပါတယ်)

ဥရောပနိုင်ငံတွေမှာတော့ အဲ့ဒီစက်ကိုအသုံးပြုနေတဲ့အချိန်၊ ဂျပန်နိုင်ငံမှာတော့ လက်စွဲဓါးကိုပဲ အသုံးပြုခဲ့ကြပါတယ်။
အလေးချိန် သိပ်ပြီးမရှိတဲ့ဂျပန်ဓါးရှည်နဲ့ လက်ပင်းကို တစ်ချက်တည်းခုတ်ဖြတ်လိုက်ဖို့ဆိုတာ လုပ်ပုံကိုင်ပုံ နည်းပညာကလည်း လိုအပ်ပါသေးတယ်။

လက်တွေ့မှာ 切腹Seppuku လုပ်ပြီးနောက် 介錯(かいしゃく)Kaishaku ခေါင်းဖြတ်ပေးတဲ့အခါမှာလည်း တစ်ချက်တည်း မပြတ်သွားဘဲ ဆက်ငင်ဆက်ငင် ခံစားရတဲ့ဥပမာတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဗိုက်ကိုဓါးထိုးသွင်း လှီးဖြတ်လိုက်လို့ တော်တော်လေးခံစားနေရချိန် ခေါင်းဖြတ်ပေးဖို့ တောင်းဆိုလိုက်ကာမှ

ခေါင်းကမပြတ်နိုင်……
နောက်တစ်ကြိမ်ထပ်ဖြတ်လည်း မပြတ်နိုင်….(အမလေးနော်…)

အဲ့ဒီလို တစ်ခါတည်းမပြတ်တဲ့အတွက် ထပ်ခါထပ်ခါလုပ်နေရလို့ ပိုပြီးနာကျင်ရတဲ့ ဥပမာတွေလည်း ရှိခဲ့ပါတယ်။
ဒီ့အတွက် လုပ်နည်းကိုင်နည်း ကျွမ်းကျင်သူဆိုတာကလည်း လိုအပ်တဲ့အရာတစ်ခုပဲပေါ့….

အဲ့ဒီလို့ ကျွမ်းကျင်သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။
အာဏာပါးကွက်သား 山田浅右衛門 Yamada Asadaemon ဆိုသူပဲဖြစ်ပါတယ်။

Yamada Asadaemon ဆိုသူအကြောင်းကို ပြောပြရမယ်ဆိုရင်တော့ သူဟာ အရင်က အာဏာပါးကွက်သားတစ်ယောက် မဟုတ်ခဲ့ပါဘူး။
公儀御試御用(こうぎ おためし ごよう)ပြောရရင်တော့ အစိုးရတရားဝင်စစ်ဆေးရတဲ့ အပိုင်းမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန် ဂျပန်နိုင်ငံရဲ့ ဓါးထုတ်လုပ်မှုမှာ ယေဘုယျ အသစ်ထွက်ရှိလာတဲ့ ဓါးကို ဘယ်လောက်အထိပြတ်သားမှုရှိသလဲဆိုတာ သူကစစ်ဆေးကြည့်ပေးရတာပေါ့။
ဒါကြောင့် သေဒဏ်ချမှတ်ခံရတဲ့ ရာဇဝတ်သားတစ်ယောက်ကို စမ်းသပ်ကြည့်ခဲ့ပါတယ်။
သူ့အလုပ်ကတော့ သေဒဏ်ချမှတ်ခံရသူကို ခေါင်းဖြတ်ပြီးနောက်၊ အဲ့ဒီဓါးရဲ့ ပြတ်သားမှုကို ကြည့်ရှုစစ်ဆေးရတာပဲ ဖြစ်ပါတယ်။

 

http://niwareki.doorblog.jp/archives/16118249.html

 

အဲ့ဒီမြင်ကွင်းကို မြင်ယောင်ကြည့်တာနဲ့တင် တော်တော်လေးကို စိတ်ညစ်ဖို့ကောင်းတဲ့အလုပ်ပဲဆိုတာ စာဖတ်သူတို့ နားလည်မိမှာပါ……..
ဒါပေမဲ့ ဒီအလုပ်ကနေ သူဟာ လူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် တစ်ချက်တည်းဓါးနဲ့ ခုတ်ဖြတ်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သွားပါတော့တယ်။

သူ့ရဲ့ ဓါးခုတ်ပညာ လက်ရာတွေကလည်း အသိအမှတ်ပြုခံရပြီး သေဒဏ်ပေးဖို့ဆောင်ရွက်ပေးရတဲ့သူကနေ အာဏာပါးကွက်သား လုပ်ပေးဖို့အထိတောင်းဆိုခံလာရပါတယ်။

Yamada Asadaemon ရဲ့ လုပ်ဆောင်ပုံဟာ အရမ်းကိုသေသပ်ပြီး၊ လုံးဝ တစ်ချက်တည်းနဲ့ လည်ပင်းကို ခုတ်ဖြတ်ပစ်လိုက်နိုင်ပါတယ်။ လည်ပင်ရိုးရဲ့ စေ့စပ်နေတဲ့နေရာကို လက်မှန်းတန်းမိနေပုံရပါတယ်။

နောက်ထပ် အရမ်းတော်တဲ့အချက်ကတော့ လည်ပင်းအရေပြား တစ်ဝက်လောက်ကိုထားခဲ့နိုင်တာပဲဖြစ်ပါတယ်။

အားနဲ့အင်နဲ့ ခုတ်ချလိုက်ရင် လည်ပင်းကပြတ်သွားပြီး ပြတ်သွားတဲ့ခေါင်းက မြေကြီးပေါ်ကိုကျသွားပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ မျက်နှာမှာမြေကြီးနဲ့ ဆောင့်မိတဲ့ဒဏ်ရာတွေ အနည်းအကျဥ်းတော့ရမယ်လေ…။

ပုံမှန်ကတော့ သေဒဏ်ပေးခံရသူဆိုရင် ဒီလိုပုံစံနဲ့သေဒဏ်ပေးနေကြပါတယ်။ ဒါပေမဲ့ 切腹Seppuku (မိမိအမှားအတွက်တောင်းပန်ပြီး မိမိကိုယ်ကိုသတ်သေပေးခြင်း) လုပ်ပြီဆိုရင်တော့ သေချာနေပါပြီ သူဟာ ဆာမူရိုင်းတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

အဲ့ဒီ切腹Seppuku လုပ်တဲ့ ဆာမူရိုင်းရဲ့ ဂုဏ်သိက္ခာအတွက် သေသွားပြီးတဲ့နောက် မျက်နှာမှာဒဏ်ရာတွေမရှိနေစေဖို့ ခေါင်းဖြတ်ပေးတဲ့အခါမှာ အတိဖြတ်ချလိုက်တာမဟုတ်ဘဲ၊ အောက်ဘက်ကအရေပြားအပိုင်းလေးကို ချန်ထားလိုက်ပါတယ်။

အဲ့ဒါဆိုရင်တော့ ပြတ်သွားတဲ့ခေါင်းက အောက်ကိုပြုတ်မကျတော့ဘဲ တွဲလောင်းအနေအထားမှာရှိနေပါမယ်။
ပြီးရင်တော့ ကြမ်းပြင်နဲ့မဆောင့်မိတော့တဲ့အတွက် မျက်နှာမှာလည်း ဒဏ်ရာမရှိဘဲ အတိုင်းသားလေး ကြွင်းကျန်ရစ်နေပါမယ်။

 

http://niwareki.doorblog.jp/archives/16118249.html

 

နောက်ပြီးသူဟာ ညာဖက်လက်တစ်ချောင်းတည်းနဲ့ လည်ပင်းကို ဓါးနဲ့ ခုတ်ဖြတ်ပေးဖူးတယ်လို့ ပြောတဲ့စကားတွေလည်း အခုထိရှိပါသေးတယ်။

မိုးတွေအရမ်းရွာတဲ့အချိန် 切腹Seppuku လုပ်ထားတဲ့ သေဒဏ်ကျခံရသူကို ရေမစိုအောင် ဘယ်ဖက်လက်က ထီးဆောင်းပေးပြီး၊ ညာဖက်လက်တစ်ဖက်တည်းနဲ့ဓါးကိုင်ကာ ခုတ်ချလိုက်တယ်ဆိုတဲ့ စကားတွေလည်း ကျန်ခဲ့ပါတယ်။

ကိုယ်ခံပညာ၊ ဓါးသိုင်းတို့ မကျွမ်းကျင်တဲ့လူတစ်ယောက်က ဒီလိုမျိုးတစ်ချက်တည်း ခုတ်ပစ်လိုက်နိုင်တယ်ဆိုတာ အရမ်းကိုထူးချွန်လွန်းတဲ့ သူရဲ့ အရည်အချင်းကို စာဖတ်သူတို့ မြင်ယောင်နေမိမှာပါ။

အဲ့ဒီလိုသေဒဏ်ပေးခဲ့တဲ့နေရာကို မျက်မှောက်ခေတ်ရဲ့ နေရာဒေသအရပြောရရင်တော့ 品川Shinagawa မှာရှိတဲ့ 鈴ヶ森(すずがもり)Suzugamori နဲ့ 千住Senju မှာရှိတဲ့小塚原(こづかっぱら)Kozukabara နေရာလေးတို့ပဲဖြစ်ပါတယ်။ အခုအချိန်အထိ ကြွင်းကျန်ခဲ့တာလေးတွေတော့ ကျန်နေသေးမယ်ထင်ပါတယ်။

 

http://www.uraken.net/rekishi/reki-nihon012.html

Yamada Asadaemon တစ်ယောက် အရမ်းတော်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားပေမဲ့၊ အာဏာပါးကွက်သားလုပ်ပေးရတာတော့ ပိုက်ဆံသိပ်ပြီးမရပါဘူးတဲ့။
ဒါပေမဲ့ သူကတော်တော်လေးကိုချမ်းသာလာပုံရပါတယ်။

သူရလာတဲ့ငွေကြေးတွေက အာဏာပါးကွက်သားလုပ်ပေးရလို့ မဟုတ်ဘဲ၊ အဲ့ဒါပြီးတဲ့နောက် သေဆုံးသူတို့ရဲ့ ခန္ဓာကိုယ်ကြောင့်ပဲဖြစ်ပါတယ်တဲ့။
အကြောင်းကတော့ ဒီလို့ပါ……။

သူဟာ သေဆုံးပြီးသားခန္ဓာကိုယ်တွေကနေ ကိုယ်တွင်းအင်္ဂါတွေထုတ်ပြီး၊ ဆေးအဖြစ်ရောင်းချပါတယ်။
ဒီဟာကပဲ သူ့ကိုဝင်ငွေရစေခဲ့တာပါ။

နောက်ပြီး杉田玄白(すぎた げんぱく)Sugita Genpaku လို့ခေါ်တဲ့လူကည်း ဒီလိုလူသေတွေရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်မှုတွေသုတ်သင်ရှင်းလင်းရေးတွေကို သူနဲ့အတူ အကြိမ်ပေါင်းများစွား အတူတူလက်တွဲလုပ်ဆောင်လာခဲ့ကြပါတယ်။ Sugita Genpaku စုစည်းပေးတဲ့ ဆေးပညာဆိုင်ရာစာအုပ်တွေကြောင့်ပဲ အဲ့ဒီအချိန်မှာ ဂျပန်နိုင်ငံရဲ့ ဆေးကုသမှုတွေက တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။

တကယ်တော့ Yamada Asadaemon ဟာ လူသားတစ်ဦးပါပဲ။
ဒီလိုအလုပ်ကိုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေ ခံစားရမှာ အသေအချာပါပဲ။
ညညအရက်တွေသောက်ပြီး စားပွဲသောက်ပွဲတွေလုပ်ကာ ပတ်ဝန်းကျင်နှောက်ယှက်မှု ဆူညံမှုတွေလုပ်တယ်လို့ ပြောကြပါတယ်။

စကားမစပ် 山田浅右衛門Yamada Asadaemon ဆိုတာ သူရဲ့ ကိုယ်ပိုင်နာမည်မဟုတ်ပါဘူး။

ဘိုးစဥ်ဘောင်ဆက် ဒီနာမည်ကိုလက်ဆင့်ကမ်းလာတဲ့ ပုံပါ။ မျိုးဆက် ၉ ဆက်လောက်အထိ ရှိနေပုံရပါတယ်။အဲ့ဒီလူကတော့ ဒီမှာပါ။
ဒါကတော့ သူ့ရဲ့ ဓါတ်ပုံလေးပေါ့…….

 

http://bkmts.on.coocan.jp/yamada1.htm

 

နောက်ပိုင်းမှာတော့ သေဒဏ်ပေးတဲ့စနစ်ကို ဒီဘက်ခေတ်မှာ ပြုလုပ်တဲ့အတိုင်း လည်ပင်းကြိုးဆွဲတဲ့နည်းတစ်ခုတည်းကိုပဲ သတ်မှတ်လိုက်တဲ့အတွက် ဓါးရဲ့ စမ်းသပ်ဖြတ်တောက်မှုတွေမှာရော၊ လူရဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ပြန်ရောင်းချတဲ့အလုပ်မှာရော တားမြစ်ခြင်းခံလိုက်ရပါတယ်။
အဲ့ဒါနဲ့ပဲ Yamada Asadaemon တစ်ယောက် အလုပ်လက်မဲ့ဖြစ်သွားတော့တယ်ပေါ့!

အဲ့ဒီလိုအလုပ်လက်မဲ့ မဖြစ်ခင်အချိန် သူဖြတ်ပေးရတဲ့ လည်ပင်းပေါင်းက ခန့်မှန်းချေ လူ ၂ သိန်းလောက်တောင်ရှိမယ်လို့ ပြောကြပါတယ်။

အခုအချိန်မှာတော့ လည်ပင်းဖြတ်ပြီးသေဒဏ်ပေးတဲ့စနစ် မရှိတော့ပေမဲ့၊ အရင်အချိန် သေဒဏ်ပေးခဲ့တဲ့နေရာမှာ သေလွန်သူတို့ရဲ့ ဝိညာဥ်တွေငြိမ်းချမ်းစေဖို့ရည်စူးပြီးတော့ ဗုဒ္ဓရဲ့ရုပ်ပွားတော်ကို တည်ထားပါတော့တယ်…!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: