ဂျပန်လူမျိုးတွေပဲဖြစ်တဲ့ ပါရီ (Paris) ရောဂါဆိုတာ?

စာဖတ်သူတို့ရေ ပါရီရောဂါ (Paris syndrome) ကိုသိကြလား? ခင်ဗျားတို့ထင်တဲ့ ပြင်သစ်နိုင်ငံက ပါရီမြို့တော်နာမည်ပါတဲ့ ရောဂါပါ။

https://tabizine.jp/2017/10/27/154947/

 

ဒါပေမယ့် ပြင်သစ်လူမျိုးတွေမှာတော့ဒီရောဂါမရှိပဲ၊ အများစုကဂျပန်လူမျိုးတွေဖြစ်ကြတာတဲ့။ များသောအားဖြင့် အသက် ၂၀ နဲ့ ၃၀ ကျော်အမျိုးသမီးတွေမှာပဲ ဒီရောဂါကို တွေ့ရတတ်ပါတယ်။ သူတို့ဟာ ပါရီ (Paris) မြို့ကိုမရောက်ဘူးရင်တောင်မှဖြစ်ပွားတဲ့ ပါရီ (Paris) ရောဂါပါ။

ဒါကတော့ ကွဲပြားခြားနားတဲ့နိုင်ငံခြားယဉ်ကျေးမှုကို လိုက်လျောညီထွေစေတဲ့ ကစဉ့်ကလျားဖြစ်တဲ့ရောဂါ လို့လည်းပြောကြပါတယ်။ Culture Shock ရောဂါတွေထဲကတစ်ခုလို့လည်းပြောကြတယ်။

အတော်လေးချမ်းသာကြွယ်ဝတဲ့မိသားစုတွေမှာ ကြီးပြင်းလာတဲ့သူအများစုဟာ နိုင်ငံခြားကိုသွားတဲ့အခါမှာ ဒီရောဂါဖြစ်ဖို့ပိုလွယ်တဲ့ပုံပါပဲ။

ဒီလိုလူမျိုးတွေဟာ မဂ္ဂဇင်းတို့ TVတို့မှာဖော်ပြထားတဲ့ သတင်းအချက်အလက်တွေကနေတဆင့် ကိုယ့်စိတ်ကြိုက်အတွေးနဲ့ပုံဖော်ပြီးမြင်ယောင်လာစေပါတယ်။သူတို့ထင်ကြေးတွေနဲ့သူတို့ပေါ့။

 

Paris မြို့ဆိုတာ ဘယ်နေရာဖြစ်ဖြစ်လှနေရော. . . ဘယ်သွားသွားလှနေရော. . .

Paris မှာနေတဲ့သူတွေအားလုံးဟာ မော်ဒယ်တွေအတိုင်းပဲ. . . ဝတ်ထားတဲ့ အဝတ်အစားတွေဆိုလည်း အရမ်းကို ဖက်ရှင်ကျပြီးလှနေရောပဲ. . .

Parisရဲ့ အစားအစာတွေဆိုတာလည်း အရည်အသွေးမှာဆို တခြားနေရာတွေရဲ့ထိပ်ဆုံးမှာ . . .

 

အဲလိုအတွေးတွေနဲ့ မျှော်လင့်ချက်တွေပိုကြီးလာတဲ့ပုံပါပဲ။

အားလုံးသိကြတဲ့အတိုင်းပဲ  ၁၀၀% ပြီးပြည့်စုံတဲ့တိုင်းပြည်ဆိုတာမရှိပါဘူး …

‌အရမ်းကိုပြီးပြည့်စုံလှပတဲ့မြို့ကြီးကိုသွားရတော့မယ့် မျှော်လင့်ချက်တွေပြည့်နှက်နေတဲ့သူတစ်ယောက် အမှန်တကယ် Parisမြို့ကိုရောက်တဲ့အခါမှာတော့ . . .

“ ဟင်! ဘာကြီးလဲ? ဒါ Paris ? တကယ်ပဲလား ?”

ဆိုပြီး မှန်းဆချက်နဲ့နှမ်းထွက်မကိုက်တဲ့အခါ ဒီရောဂါဟာစတင်တော့တာပဲတဲ့။

အဲဒီလိုနဲ့ပဲ “ငါကတော့ Paris ကို လက်မခံနိုင်ဘူး” လို့ မိမိအလိုကိုစွဲတွေးပြီး စိတ်ဓာတ်ပါကျမိပြန်‌ရောပေါ့။

စိတ်ကျရောဂါကြောင့် မိမိစိတ်ကိုထိန်းချုပ်ရခက်လာပြီး မူးဝေခြင်း၊ ချွေးထွက်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများတုန်ခါခြင်း၊ တုန်လှုပ်ခြင်း၊ အနည်းငယ်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းတွေလို အမျိုးမျိုးသော ရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါတော့တယ်။

အတိုချုပ်ပြောရရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပေါ့နော်။ ဒါကြောင့်

ကုသမှုကတော့ ကိုယ်ကိုယ်တိုင်

အဖြစ်မှန်ကိုလက်ခံကာ ဂျပန်ကိုပြန်လာဖို့ကလွဲပြီးမရှိပါဘူး။

ဒီလိုရောဂါမျိုးက Parisမြို့မဟုတ်လဲပဲ ဖြစ်တတ်ကြတယ်ပြောပါတယ်။

“မြန်မာပြည်က ငါထင်ထားသလိုမဟုတ်ဘူး” လို့ ကိုယ့်ဘာကိုယ် ပြောနေတဲ့

ဂျပန်မလေးကိုတွေ့မိရင်တော့ Pari ရောဂါလို့သာမှတ်လိုက်ပါတော့။

မြန်မာမှာလည်း ဒီလို‌လူမျိုးတွေ တော်တော်လေးရှိမယ်လို့ထင်တယ်နော်။

 

Parisမြို့အပါအဝင် စိတ်ကူးထားတဲ့အတိုင်း 100% ပြီးပြည့်စုံတဲ့မြို့ဆိုတာမရှိပါဘူး။

 

ဂျပန်နိုင်ငံဆိုတာလည်းအတူတူပါပဲ။

ကောင်းတဲ့သူရှိရင် မကောင်းတဲ့သူဆိုတာလည်းရှိပါတယ်။

 

ပြီးတော့ သန့်ရှင်းလှပတဲ့အရာရှိသလို ညစ်နွမ်းတဲ့အရာဆိုတာလည်းရှိတာပဲ။

ဒီလိုသဘာဝတရားကို လက်မခံနိုင်ဘူးဆိုရင်တော့

ဒီရောဂါကတော့ကျန်ရှိနေဦးမှာပါပဲ။

 

စကားမစပ် အခုတလော တရုတ်လူမျိုးတွေမှာလည်း ဒီလိုရောဂါစတင်ဖြစ်နေပြီတဲ့။

အားလုံးပဲဂရုစိုက်ကြပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: