မနက်စာစားခြင်းအလေ့အထနှင့် ဆူမိုတို့၏ဝိတ်တိုးစေနည်း !!!

မနက်စာကိုနေ့တိုင်းစားတဲ့လူတွေက ကျန်းမာပျော်ရွှင်တယ်လို့ပြောကြသူတွေများပါတယ်။

ဝိတ်ချဖို့အတွက်ဒါမှမဟုတ် သင်ဟာမနက်အိပ်ယာထချိန်နောက်ကျသွားတဲ့အတွက် မနက်စာမစားဖြစ်တော့ရင် တစ်နေ့လုံးအတွက် ပျော်ရွှင်ရမှာမဟုတ်တော့ဘူး မဟုတ်လား?

 

လူတွေကဘယ်အချိန်မှာ ပျော်တယ်လို့ခံစားရသလဲ?

မင်္ဂလာဆောင်တဲ့အချိန်လား? ပြုံးနေတဲ့ကလေးတစ်ယောက်ရဲ့ မျက်နှာကို မြင်ရတဲ့အချိန်လား?

၂၀၁၄ ခုနှစ် ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့တဲ့သုဒေသန ရလဒ်တွေအရ၊ ကျန်းမာရေးက လူတစ်ယောက်ကိုပျော်ရွှင်အောင်အထောက်အပံ့ပေးနိုင်ဆုံးဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးက လာဒ်တစ်ပါးပေါ့နော်…

ကျန်းမာနေလို့လည်း အလုပ်မှာကြိုးစားနိုင်တယ်၊ လျှောက်သွားနိုင်တယ်၊ နောက်ပြီး ကျန်းမာနေလို့လည်း အရက်ပါသောက်နိုင်ရတာပဲပေါ့ဗျာ..!!!(ရယ်လျက်)

 

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်တစ်ခုလည်းထွက်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ လေ့လာတွေ့ရှိချက်ဖြစ်ပေမဲ့၊ ပျော်ရွှင်ရတဲ့အကြောင်းအရင်းနဲ့ နေထိုင်မှုဘဝတို့ရဲ့ ဆက်စပ်မှုကို လေ့လာစစ်ဆေးခဲ့တာပါ။

အဲ့ဒီရလဒ်မှာတော့ မနက်စာကိုနေ့တိုင်းစားတဲ့လူတွေက ပိုပြီးကျန်းမာကြတယ် ဆိုပြီးတော့တွေ့ရှိပါတယ်။

https://www.excite.co.jp/news/article/Allabout_469573/?utm_medium=mail&utm_campaign=fromapp&utm_source=news_i

 

အာဟာရမျှတစွာပါဝင်နေတဲ့ မနက်စာစားထားတဲ့လူကို မနက်စာမစားရသေးတဲ့လူနဲ့ နှိုင်းယှဥ်ကြည့်ရင် ပျော်ရွှင်နေတာတစ်ခုပဲမကပါဘူး။ ဝင်ငွေလည်းပိုပြီးကောင်းနေပါတယ်တဲ့။

လစာနည်းလို့ မနက်စာသိပ်ပြီးမစားနိုင်တဲ့လူတွေလည်းရှိကောင်းရှိနိုင်ပေမဲ့လည်း၊ လစာတိုးချင်ရင်တော့ မနက်စာကိုသေသေချာချာလေးစားဖို့ အကြံပေးချင်ပါတယ်။

 

မနက်စာကိုစားနေကြရှိတဲ့လူတော်တော်များများဟာ ကလေးဘဝကတည်း မနက်စာကိုစားလာကြတဲ့လူတွေပဲဖြစ်ပါတယ်။

တကယ်က မနက်စာကိုစားထားတဲ့ကလေးက မနက်စာမစားထားတဲ့ကလေးနဲ့ယှဥ်ရင် သင်ယူလေ့လာနိုင်စွမ်းပိုမြင့်တယ်ဆိုတဲ့ ရလဒ်တွေထွက်လာတာပါ။

ကလေးဘဝမှာ စာသင်ယူလေ့လာမှုတွေကွာဟသွားမယ်ဆိုရင် လုပ်ငန်းခွင်ဝင်တဲ့အရွယ်ရောက်တဲ့အခါ ဝင်ငွေတွေလည်း ကွာသွားမယ်ဆိုတာ စာဖတ်သူတို့လည်းသိထားပြီးသားကိစ္စပါပဲ။

အာဟာရပိုင်းမှာပဲ ပြဿနာရှိတာမဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာအတွက်လည်း မနက်စာကအရေးကြီးပါတယ်။

မနက်စာစားလိုက်ရင် စိတ်လည်းငြိမ်မယ်မဟုတ်လား?

ဘာမှမစားရသေးဘူးဆိုရင်တော့ ဗိုက်ဆာတဲ့အရှိန်နဲ့ ဒေါသထွက်တာတို့ စိတ်မရှည်တာ၊ သည်းမခံတာတွေ ဖြစ်ကိုဖြစ်ကြတယ်လို့ ထင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ‌ဝေဒနာခံစားနေရတဲ့လူတွေမှာလည်း မနက်စာကိုမစားခဲ့ကြသူတွေပိုများတယ်လို့ စစ်ဆေးချက်ရလဒ်တွေအရ သိရပါတယ်။

 

မနက်အိပ်ယာထချိန် အိမ်မှာပဲမိသားစုတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မနက်စာစားကြပါ။

အဲ့ဒီလိုဆိုရင် စကားလည်းအတူပြောဖြစ်ကြမယ်လေ။

ဒီလိုနည်းလမ်းမှာ စိတ်ပိုင်းဆိုင်ရာခံစားနေရတာတွေကိုတောင် ပြန်ကောင်းလာစေတဲ့ရလဒ်ရှိတာကိုလည်း စာဖတ်သူတို့ကိုပြောပြချင်ပါတယ်။ အဲ့ဒီလို မနက်စာစားချိန်ဆိုတာ မိသားစုနဲ့အတူလက်ဆုံစားရမယ့် အရေးကြီးတဲ့အချိန်ပါပဲ။

 

နောက်ထပ်ပြီးပြောရရင် မနက်စာစားလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အိပ်ငိုက်နေတာတွေကနေ လန်းဆန်းလာပြီး၊

လှုပ်ရှားသွားလာမှုတွေမှာလည်း ခန္ဓာကိုယ်ကို ကျန်းမာသွတ်လက်စေပါတယ်။

အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ စာသင်ယူလေ့လာတာပဲဖြစ်ဖြစ် အဲ့ဒါတွေအားလုံးက နေ့လည်စာမစားခင်ကနေ အစပြုကြရတာပဲမဟုတ်လား?

 

ဒီအထိရှင်းပြမှုတွေကို ဖတ်ပေးတဲ့စာဖတ်သူတို့က မနက်စာစားခြင်းကြောင့်ရရှိမယ့် ကောင်းကျိုးတွေကိုသိသွားပြီလို့ထင်ပါတယ်။

အလုပ်သွားခါနီးအချိန်အထိ အိပ်ပဲအိပ်နေမယ်ဆိုရင် အလုပ်အတွက်လည်းထိခိုက်မှုတွေရှိလာရပါတယ်.

 

နောက်ပြီး ဝိတ်တက်ချင်လို့ မနက်စာကိုမစားတဲ့လူတစ်ယောက်ရဲ့ ပြောပြချက်အရ

ဂျပန်နိုင်ငံရဲ့ အမျိုးသားအားကစားလို့ပြောရင် ဆူမိုပဲပေါ့နော်၊ ပြိုင်ပွဲဝင်သူတွေကလည်း ကိုယ်ထည်ကြီးမားတောင့်တင်းနေရတယ်နော်?!

ပြိုင်ပွဲမှာမိမိက စည်းဝိုင်းအပြင်ကိုတွန်းထုတ်ခြင်းမခံရဖို့အတွက် တတ်နိုင်သလောက်ကိုယ်အလေးချိန်များနေမှအဆင်ပြေမှာပါ

https://travelience.com/wp-content/uploads/2013/10/sumo.jpg

 

 

ဒါကြောင့် ဆူမိုအားကစားသမားတွေ ကိုယ်အလေးချိန်တိုးအောင်လုပ်တဲ့နည်းလမ်းလေးကတော့ မနက်စာမစားတာပဲဖြစ်ပါတယ်။

 

မနက်စာမစားဘဲ လေ့ကျင့်မှုတွေလုပ်ပါတယ်။

ပြီးရင်တော့ နေ့လည်စာစားပြီးချိန် ချက်ချင်းတစ်ရေးအိပ်စက်ပါတယ်။

ညနေလည်းပဲ ညစာစားပြီးချိန် ချက်ချင်းအိပ်ပါတယ်။

https://www.japan-guide.com/g8/2080_05.jpg

 

https://tncseo.com/wp-content/uploads/2018/01/sumo-vs-kid-tnc-seo.jpg

 

 

မနက်စာကိုမစားဘဲ လေ့ကျင့်မှုတွေလုပ်တဲ့အခါ ပိုပြီးဆာလောင်မှုတွေဖြစ်လာပြီးတော့ နေ့လည်စာကိုပိုပြီးများများစားဖြစ်လာပါတယ်။

စားပြီးတာနဲ့ သူတို့ကချက်ချင်းပြန်အိပ်တဲ့အတွက် ဝိတ်တက်ဖို့အတွက် အတော်လေးကိုအထောက်အကူဖြစ်ပါတယ်။

 

အယ်!?

စာဖတ်သူတို့ရော အဲ့ဒီလို diet တွေလုပ်နေမိပြီလား? ဆူမိုတွေလို ဝိတ်တိုးအောင်လုပ်တဲ့ နည်းလမ်းတွေနဲ့ တူများတူနေပြီလား? (ရယ်လျက်)

တကယ်က မနက်စာမစားရင် အစာလွန်ပြီးပိုစားမိလို့ ဝိတ်ပိုတက်ပါတယ်နော်!!!။

ဒါကြောင့်စာဖတ်သူတို့ မနက်စာကိုအလွတ်မခံဘဲ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ!!!

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: