ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Shinzo Abe က ကျောင်းတွေအားလုံးယာယီပိတ်ဖို့ ပြောကြားခဲ့!!!

ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Shinzo Abe က ဖေဖော်ဝါရီလ 27 ရက်နေ့က ဝန်ကြီးချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ဆွေးနွေးပွဲအရ မျိုးစိတ်သစ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆိုးရွားစွာကူးစက်ပျံ့ပွားလာမှုတို့ကြောင့် ကိုယ်ပိုင်ကျောင်းတွေအပါအဝင် ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ မသန်မစွမ်းကျောင်းတွေကို ၃ လပိုင်း ၂ ရက်နေ့ နွေရာသီကျောင်းစပိတ်မယ့်အချိန်ထိ ယာယီကျောင်းပိတ်ထားမယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ နောက်ထပ် ဗိုင်းရပ်စ်ပျံ့ပွားရေးအခြေအနေကို ထိန်းသိမ်းဖို့၊ လိုအပ်မယ့်အစီအစဥ်တွေကိုလည်း အမြန်ပြင်ဆင်ကြဖို့ သက်ဆိုင်တဲ့ဝန်ကြီးများကို ညွှန်ကြားခဲ့ပါတယ်။

 

ပြည်နယ်တစ်ခုတည်းကိုပဲ သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ အစိုးရက တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပညာရေးနဲ့သက်ဆိုင်တဲ့ကျောင်းတွေအားလုံးကို ခေါ်လိုက်တယ်ဆိုတာပုံမှန်တော့မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ် ၇ လပိုင်းမှာကျင်းပမယ့် တိုကျို အိုလံပစ်နဲ့ Paralympic (မသန်စွမ်းသူတို့ရဲ့ အိုလံပစ်အားကစားပွဲ) ကိုလည်း ရပ်ဆိုင်းဖို့မှာကြားရင်း၊ ဗိုင်းရပ်စ်ပိုးပြီးပျံ့ပွားလာမှုနဲ့ပတ်သက်ပြီး အန္တရာယ်ဖြစ်နိုင်ချေတွေကိုပါ ပြောကြားသွားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်က ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ ဗိုင်းရပ်စ်ပျံ့ပွားမှုတွေကို မြန်မြန်ဆန်ဆန်ထိန်းချုပ်နိုင်ဖို့အတွက်၊ အသေးစိတ်စီမံမှုတွေ လုပ်ထားသင့်တယ်။ ဒီတစ်ပတ် နှစ်ပတ်အတွင်းက အရမ်းကိုအရေးကြီးတဲ့အချိန်ပဲ” လို့ပြောကြားခဲ့ပြီး၊ “ကလေးများနဲ့ ပညာရေးနဲ့သက်ဆိုင်တဲ့ဝန်ထမ်းတွေက နေ့တိုင်းလိုလို ကျောင်းမှာအချိန်အကြာကြီးလူစုနေရသလိုဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပျံ့ပွားမှုနှုန်းက အရမ်းမြန်နိုင်ပါတယ်” လို့လည်းရှင်းပြပေးသွားခဲ့ပါတယ်။

 

နောက်ထပ် မကျင်းပရသေးတဲ့ ဝင်ခွင့်စာမေးပွဲနဲ့ ဘွဲ့သဘင်အခမ်းအနားတွေမှာလည်း ဗိုင်းရပ်စ်ကာကွယ်ရေးစီမံမှုတွေ လုပ်ထားဖို့နဲ့၊ စုဝေးလာမယ့်လူအရေအတွက်ကိုလည်း လျော့ချပေးဖို့တောင်းဆိုခဲ့ပါတယ်။ ကလေးတွေရှိတဲ့ အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေအတွက်လည်း စဥ်းစားပေးဖို့ အစိုးရအေဂျင်စီတွေနဲ့ ကုမ္ပဏီတွေကိုလည်း တောင်းဆိုခဲ့ပါတယ် “ဒီလိုစီမံမှုတွေနဲ့အတူ အသက်တွေကိုတာဝန်ယူဆောင်ရွက်ပေးပါ” လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောကြားမှုက အစိုးရနဲ့ ပုဂ္ဂလိကကျောင်းအားလုံးကို အဓိကထားခဲ့ပါတယ်။

ကျောင်းတွေမှာ ဗိုင်းရပ်စ်ပျံ့ပွားမှုထိန်းချုပ်ရေးအနေနဲ့ Hokkaido နဲ့ Chiba ခရိုင် Ichikawa မြို့မှာရှိတဲ့ အစိုးရမူလတန်း၊ အလယ်တန်းကျောင်းတွေအားလုံးကို ယာယီပိတ်လိုက်ဖို့သတ်မှတ်လိုက်ပါတယ်။ အစိုးရက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အတည်ပြုလိုက်တဲ့ အခြေခံဥပဒေမှာ၊ ကျောင်းတွေယာယီပိတ်လိုက်ဖို့ပဲဖြစ်ပါတယ်။

 

ဝန်ကြီးများရုံးမှာ မျိုးစိတ်သစ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုတုံ့ပြန်ဖို့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး “ရေးဆွဲပြီးသော စီမံကိန်းတွေကပိုပြီးသက်ရောက်မှုရှိစေရန်နဲ့အတူ၊ ဗိုင်းရပ်စ်ရဲ့ ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ပြီး၊ နိုင်ငံသားတွေရဲ့ နေထိုင်မှုနဲ့ စီးပွားရေးတွေမှာ ထိခိုက်မှုတွေအများကြီးမရှိရအောင်ဆောင်ရွက်သွားမယ်” လို့လည်းရှင်းပြပေးသွားခဲ့ပါတယ်။ အားကစားတို့ gym တို့ဆော့ပြီး ကိုယ်ခံအားကိုမြင့်တင်နိုင်တဲ့အတွက်  အားလုံးကိုအတူတူပူပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်မှာကြားသွားခဲ့ပါတယ်။

 

https://www.nippon.com/ja/ncommon/contents/news/186676/186676.jpg

 

ဒီကနေ့ထပ်မံပြီးသိရှိရတဲ့သတင်းကတော့ Tokyo Disneyland ကိုလည်း ယာယီပိတ်လိုက်ကြောင်း သတင်းဆောင်းပါးအရသိရှိထားရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: