ဂျပန်နိုင်ငံရဲ့ သူဌေးကြီးတစ်ဦးက အလုပ်သမားတွေကိုပေးလိုက်တဲ့ သင်ခန်းစာ!!
Toilet ကို လက်အိတ်မဝတ်ဘဲ ဆေးကြောတဲ့ အသက်၈၁နှစ်အရွယ်လုပ်ငန်းရှင်တစ်ဦး အကြောင်းကို ပြောပြပေးပါမယ်။
ဂျပန်လူမျိုးတွေအတွက် Toilet ဆိုတာ အရေးကြီးတဲ့ အရာတစ်ခုလို့ခံယူထားကြပါတယ်။
သူဌေးကိုယ်တိုင်က ကုမ္ပဏီစတည်ထောင်ချိန်ကတည်းက ခုချိန်ထိ Toilet သန့်ရှင်းရှေးကို သူကိုယ်တိုင်လုပ်လာခဲ့တာ အခုဆို ကုမ္ပဏီသက်တမ်း၅၃နှစ်ရှိပါပြီ။ ထူးဆန်းတာတစ်ခုကတော့ လက်အိတ်မ၀တ်ဘူးတဲ့! ဘာကြောင့်များလဲ?
ဂျပန်နိုင်ငံမှာ ကားနဲ့ပတ်သက်တဲ့ ပစ္စည်းအမျိုးမျိုးရောင်းချပေးနေတဲ့ နာမည်ကြီး Yellow Hat ဆိုတဲ့ ဆိုင်ကြီးရှိပါတယ်။
နည်းနည်း ချဲ့ပြောရရင်တော့ ဒီဆိုင်ကြီးနဲ့ ဒီသူဌေးကြီးရဲ့အကြောင်းကို မသိတဲ့ဂျပန်လူမျိုးတစ်ယောက်မှ မရှိဘူးပေါ့။
နိုင်ငံအတွင်းမှာ ဆိုင်ပေါင်း ၇၂၈ ဆိုင်ရှိပြီး၊ နိုင်ငံရပ်ခြားမှာတော့ ၄ ဆိုင်လောက် တိုးချဲ့ထားတဲ့ ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ ရင်းနှီးငွေဟာ ဂျပန်ယန်းနဲ့ 15 billion လောက်ရင်းရပြီးတော့၊ တစ်နှစ်ပတ်လုံး ရောင်းအားက 130 billion အမြတ်ကျန်တယ်တဲ့။
အလုပ်သမားအရေအတွက်က တခြားတွဲဖက်ကုမ္ပဏီတွေနဲ့ပါ ပေါင်းလိုက်ရင် အလုပ်သမားပေါင်း ၃၅၀၀ လောက်ရှိပါတယ်။ ဒါကိုပဲ ကြည့်လိုက်ရင် လုပ်ငန်းကြီးဖြစ်မယ်ဆိုတာ ခန့်မှန်းနိုင်နေပြီမဟုတ်လား?
ဒါပေမဲ့ အဲ့ဒီလုပ်ငန်းကြီးကို ဦးဆောင်နေတဲ့ သူဌေးကတော့ သူကိုယ်တိုင် ကုမ္ပဏီရဲ့ Toilet ကို လက်အိတ်မပါဘဲဆေးနေတယ်လို့ ပြောကြပါတယ်။
https://toyokeizai.net/articles/-/54721
သူကတော့ ၁၉၆၁ ခုနှစ် အသက် ၂၈ နှစ်အရွယ်မှာ ဒီကားပစ္စည်းလုပ်ငန်းကို အစပြုခဲ့တဲ့ (かぎやま)Kagiyama ဆိုသူပဲဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းကို အလုပ်သမား အယောက် ၂၀ တည်းနဲ့ အစပြုခဲ့ပြီးတော့၊ Toilet သန့်ရှင်းရေးကိုလည်း အဲ့အချိန်ကတည်းကလုပ်လာခဲ့တာ အခုဆို ၅၃ နှစ်ရှိပါပြီတဲ့။
Toilet သန့်ရှင်းရေးလုပ်တာက မထူးဆန်းပါဘူး။ ဒါပေမဲ့ ဘာကြောင့်များ လက်အိတ်မသုံးဘဲ လက်ဗလာနဲ့ ဆေးနေရတာလဲ? ဆိုတာကိုသိဖို့ သွားပြီးတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
https://toyokeizai.net/articles/-/54721
Toilet ဆေးတာကတော့ အကြောင်းအမျိုးမျိုးကြောင့်ဆေးဖြစ်သွားတာပါ။ ဒါပေမဲ့ အဓိကအချက်ကတော့ ကျွန်တော်က အသက်ကြီးတဲ့လူကြီးတစ်ယောက် ဖြစ်လာတာကြောင့်ပါ။
“ အဲ့အချိန်တုန်းက အလုပ်သမားတွေရဲ့ စိတ်ကကြမ်းတမ်းတယ်ဗျ!!
ပိုက်ဆံရဖို့တစ်ခုအတွက်ပဲ သိတယ်။
လက်ရှိထက်ပိုပြီး အောင်မြင်ချင်တယ်။
ကိုယ်ကောင်းရင်ပြီးရော။”
ဒီလိုဖြစ်နေတာ ကျွန်တော်ကုမ္ပဏီတစ်ခုတည်းမဟုတ်ဘူး။ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီတိုင်းမှာရှိတဲ့ အလုပ်သမားတွေလည်း အဲ့ဒီလိုပါပဲ။
သူတို့ရဲ့ စိတ်သဘောတွေပြောင်းလဲလာအောင် ကျွန်တော်အမျိုးမျိုး အကြံဥာဏ်ထုတ်ခဲ့တယ်။ အဲ့ဒါနဲ့စဥ်းစားမိသွားတာကတော့ ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းနဲ့ထားတတ်ရမှာက အရေးအကြီးဆုံးပဲဆိုတာကို တွေးမိသွားတယ်။
သန့်ရှင်းသပ်ရပ်မှုမရှိတဲ့လုပ်ငန်းခွင်တစ်ခုမှာ “အလုပ်ကြိုးစားရအောင်” လို့ပြောလည်း အလုပ်နေရာကသန့်ရှင်းမှုမရှိ၊ ဆွဲဆောင်မှုမရှိရင် ဘယ်သူမှ ကြာကြာမြဲမှာမဟုတ်သလို ကြိုးစားချင်စိတ်လည်း ဖြစ်လာမှာမဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ကျွန်တော်ကိုယ်တိုင် ကျွန်တော်အလုပ်ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားမယ်။ လက်တွေ့ လုပ်ပြပြီးမှပြောရင် ပိုလည်းထိရောက်မယ်လို့တွေးခဲ့ပါတယ်။ အဲ့ဒီအထဲကမှ ပိုပြီးကရုတစိုက်နဲ့လုပ်ခဲ့တာကတော့ ဘယ်သူမှ မလုပ်ချင်တဲ့ Toilet သန့်ရှင်းရေးပဲပေါ့။
အဲ့ဒီတုန်းက ကုမ္ပဏီလို့ပြောပေမဲ့ ရုံးခန်းကသေးသေးလေးပါ။
အရင်ဦးဆုံး ရုံးခန်းအတွင်းသန့်ရှင်းရေးလုပ်တယ်။ ပြီးတော့ ကုမ္ပဏီရဲ့ ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းတယ်။ အမှိုက်တွေကအစပေါ့။ နောက်ပြီး တွဲဖွင့်တဲ့ ဆိုင်တွေရဲ့ ပတ်ဝန်းကျင်နဲ့ အဲ့ဒီက Toilet ကိုလည်းဆေးဖြစ်လာတယ်။
တကယ်ကတော့ အလုပ်သမားထဲကတစ်ယောက်ကို ခိုင်းမယ်ဆိုလည်း ရပေမဲ့၊ သူတို့အားလုံးကလည်း လုပ်ချင်မှာမဟုတ်ပါဘူးလေ ဆိုပြီးတော့ပဲ ကိုယ့်ဟာကိုယ်တစ်ဦးတည်းအစပြုဖြစ်သွားတာပါ။
ဒီလိုအရာတွေက အမိန့်ပေးပြီးခိုင်းရမယ့်အရာလည်းမဟုတ်သလို၊ ခိုင်းမယ်ဆိုလည်း ဘယ်သူမှလုပ်မှာမဟုတ်ဘူး။ ကျွန်တော်သိနေတယ်
ကိုယ့်သဘောနဲ့ကိုယ် သန့်ရှင်းရေးလုပ်နေတဲ့ကျွန်တော်ကိုမြင်သွားတဲ့ အလုပ်သမားလေးတွေကလည်း “ အဲ့ဒီလိုလုပ်နေလဲအပိုပါပဲ” “သူဌေးကသန့်ရှင်းရေးပဲလုပ်တတ်တာလား” လို့တောင် တိုးတိုး တိုးတိုးနဲ့ ပြောနေကြသေးတယ်။
Philosopher တစ်ဦးဖြစ်တဲ့ Schopenhauer ပြောဖူးတဲ့စကားကို ပြန်ကြားယောင်မိတယ်ဗျ.
ကိစ္စတစ်ခုကို အောင်မြင်ဖို့အတွက် အဆင့် ၃ ဆင့်ရှိတယ်။
ပထမ တစ်ဆင့်က “လှောင်ပြောင်ခံရမယ်” တဲ့။ ကျွန်တော်ကြုံတွေ့နေရသလိုပေါ့။
ဒုတိယအဆင့်ကတော့ “ကန့်ကွက်ခံရမယ်” ဒါလည်းပဲ ကျွန်တော်ရင်ဆိုင်ခဲ့ပြီးပါပြီ။
ဒါပေမဲ့ ၁၀ နှစ်တာကာလကို ကျော်ဖြတ်လာပြီးတဲ့အခါမှာတော့ အလုပ်သမားထဲက တစ်ယောက်၊ နောက်ပြီးနောက်ထပ်တစ်ယောက် ကျွန်တော်ကိုကူညီပေးလာတယ်။
အဲ့ဒီကနေတစ်ဆင့် နှစ် ၂၀ ကိုရောက်လာတဲ့အခါမှာတော့ အလုပ်သမားတော်တော်များများဟာ ကျွန်တော်နဲ့ပူးပေါင်းပြီးသားဖြစ်နေပါတော့တယ်။
အဲ့ဒါနဲ့ပဲ ဘေးနားကလမ်းတွေကိုရော၊ area တော်တော်လေးကို သန့်ရှင်းရေးလုပ်နိုင်လာခဲ့တာပေါ့ ဗျာ…။
https://toyokeizai.net/articles/-/54721?page=2
မေး= ကုမ္ပဏီတွင်းကနေအစပြုခဲ့တဲ့ သန့်ရှင်းရေးက၊ လုပ်ငန်းခွင်မှာရော အကျိုးသက်ရောက်မှုရှိခဲ့လား?
ဖြေ= ရှိတာပေါ့ဗျ !! ရလဒ်အနေနဲ့ကတော့ Customer တွေရဲ့ ယုံကြည့်မှုအပြည့်အဝရလိုက်ပါတယ်။
လုပ်ငန်းတူကုမ္ပဏီဖြစ်တာတောင် ဒီကအလုပ်သမားတွေရဲ့ စိတ်နေသဘောထားက ထူးခြားတယ်ဆိုပြီး ချီးကျူးခံရတာပါ။
အသေးစိတ်ကအစ ညှိနှိုင်းနေစရာမလိုတဲ့အတွက် စိတ်ချလက်ချနဲ့ယုံကြည်ပေးတဲ့ ဖောက်သည်တွေကလည်းများလာပြီး အလုပ်ပြီးမြောက်မှုနဲ့ ရောင်းအားတွေကလည်း ပိုပြီးတောင် တက်လာပါတယ်။
ဒီလိုသန့်ရှင်းရေးတွေလုပ်လို့ တစ်ကိုယ်ကောင်းစိတ်၊ မာန်မာနစိတ်တွေဝင်တဲ့လူကို ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူးဗျ။
ဒါပေမဲ့ ကျွန်တော်တို့က ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံရတဲ့အတွက် ကျွန်တော်ရဲ့ အလုပ်သမားတွေက ခြွင်းချက်မရှိဘဲ ဖောက်သည်တွေအပေါ်နှိမ့်ချနိုင်လာပြီး၊ တုံ့ပြန်မှုတွေကလည်း ပြောင်းလဲသွားကြတာ၊ ကျွန်တော်လည်း တော်တော်အံ့သြမိတယ်။
နောက်တစ်ချက်က အရာရာကိုသတိထားတတ်တဲ့ စိတ်လေးဝင်လာတယ်။
Toilet ထဲက မထင်မှတ်ထားတဲ့နေရာတွေ ညစ်ပေနေတာကိုလည်း မြင်တွေ့လာပြီး ကြမ်းပြင်ပေါ်မှာ အမှိုက်ကျနေရင်တောင်သတိထားပြီး ပစ်တတ်လာကြတယ်။ ဒီလိုသတိထားတတ်တဲ့ စိတ်ကလည်း လုပ်ငန်းခွင်မှာ အရေးပါတဲ့အရာတစ်ခုပါပဲ မဟုတ်လား?
ကောင်းတဲ့စိတ်လေးတွေ မွေးတတ်လာတယ်။
ကိုယ်သန့်ရှင်းရေးလုပ်ထားတဲ့ Toilet ကိုမြင်ရတဲ့အကြိမ်တိုင်းမှာ အရမ်းပီတိဖြစ်ရတာပေါ့။ အသုံးပြုမယ့်သူအတွက်လည်း စိတ်ချမ်းချမ်းသာသာနဲ့ အသုံးပြုနိုင်တာပေါ့။
နောက်ပြီးတော့လည်း ကျေးဇူးတင်တတ်တဲ့ စိတ်ကိုဖြစ်စေပါတယ်။
စိတ်လှုပ်ရှားတာနဲ့ ကျေးဇူးတင်တာ တစ်ဆက်တည်းပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက် သန့်သန့်ရှင်းရှင်းလေးလုပ်ထားပေးတယ်ဆို ဝမ်းသာပြီး ကျေးဇူးတင်သလိုမျိုးပေါ့။
နောက်ဆုံးကတော့ မွန်မြတ်တဲ့ စိတ်သဘောကိုရရှိတာပေါ့။
မိမိရဲ့ နှလုံးကိုအပြင်ထုတ်ပြီး သန့်စင်အောင်လုပ်လို့မရပေမဲ့၊ အတွင်းစိတ်လေးကိုတော့ ဖြူစင်အောင်ထားနိုင်ပါတယ်။
Toilet ဆိုတာ ကျွန်တော်တို့ ၁ ရက်တည်းမှာ ခဏခဏသွားတတ်ကြတယ်။ အဲ့လိုအချိန်မှာ Toilet ကသန့်ရှင်းနေမယ်ဆိုရင် ကျွန်တော်တို့စိတ်လည်း ကြည်ကြည်လင်လင်နဲ့ အသုံးပြုနိုင်မှာပဲ။ အဲ့လိုမဟုတ်ဘဲ Toilet က အမှိုက်တွေရော၊ အနံ့တွေနဲ့ပါ ညစ်ပေနေမယ်ဆိုရင်တော့ ကျွန်တော်တို့ စိတ်ထဲမှာလည်း အဲ့ဒီအတိုင်းပဲဖြစ်နေမှာမဟုတ်လား?
ကျွန်တော် အဲ့ဒီလိုမျိုး လက်အိတ်မဝတ်၊ ဖိနပ်မစီးဘဲ Toilet သန့်ရှင်းရေးလုပ်တယ်ဆိုတာက အပေါ်မှာပြောပြသွားတဲ့ စိတ်လေးတွေကိုမွေးမြူချင်တာပါ။ နောက်ပြီးကျွန်တော်တို့ တစ်ခုခုကိုကိုင်ကြည့်မယ်ဆိုရင်လည်း လက်အိတ်မဝတ်ထားတဲ့လက်က အာရုံခံစားမှုအကောင်းဆုံးပဲမဟုတ်လား။ မမြင်နိုင်တဲ့ နေရာတွေကပြဿနာတွေကိုလည်း ရှာတွေ့ပြီး ဖြေရှင်းနိုင်ပါတယ် !!
သူဌေးကြီး Kagiyama တစ်ယောက်ကတော့ အင်းတာဗျူးမှာ ဒီလိုပဲပြန်ဖြေကြားခဲ့ပါတယ်။
Kagiyama ရဲ့ လုပ်ဆောင်မှုက ဂျပန်နိုင်ငံမှာရော၊ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့သွားပြီး၊ NPO ကော်ပိုရေးရှင်း (ဂျပန်နိုင်ငံကို လှပသန့်ရှင်းအောင်ပြုလုပ်တဲ့အဖွဲ့အစည်း/ သန့်ရှင်းရေးကိုပို့ချသင်ကြားပေးတဲ့ အဖွဲ့အစည်း) တစ်ခုတောင်ဖြစ်လာပါတယ်။
ဂျပန်နိုင်ငံမှာတော့ နေရာပေါင်း 123 နေရာ၊ နိုင်ငံခြားမှာဆိုရင်တော့ Brazil, China, America ,Taiwan, Romania , Italy စတဲ့နိုင်ငံတွေမှာတောင် Seminar တွေ လိုက်ပေးရတယ်တဲ့။
https://toyokeizai.net/articles/-/54721?page=3
ပြန်ကြည့်ရရင် သန့်ရှင်းရေးလုပ်လို့ ကုမ္ပဏီတိုးတက်ကြီးမားလာတာက အဓိပ္ပါယ်မရှိဘူးလို့ ထင်ရပေမဲ့၊ အလုပ်သမားတွေကိုယ်တိုင် သန့်ရှင်းရေးလုပ်တတ်လာတာကြောင့်
သူတို့ရဲ့စိတ်ထဲမှာ
- မာန်မာနတွေမရှိတော့ဘူး။
- ကောင်းတဲ့စိတ်သဘောတွေ ရှိလာတယ်။
- ကျေးဇူးတင်တတ်လာတယ်။
- အသေးစိတ်ကအစ သတိထားတတ်လာတယ်။
- နှိမ့်ချပြီးပေါင်းသင်းဆက်ဆံတတ်လာတယ်။
ဒီလိုအချက်တွေကြောင့် ကုမ္ပဏီ ကြီးပွားတိုးတက်ခဲ့တာပါပဲ။
သူဌေးကြီးက သူ့ရဲ့ အလုပ်သမားတွေအပေါ် သင်ခန်းစာပေး လက်တွေ့လုပ်ပြခဲ့သလိုပဲ
စာဖတ်သူတို့လည်း ကိုယ်တိုင်လက်တွေ့လုပ်ပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကို မိတ်ဆက်ပေးမယ်ဆိုရင် တိုးတက်လာတဲ့ပတ်ဝန်းကျင်တစ်ခုမဖြစ်လာဘူးလို့ မပြောနိုင်ဘူးမဟုတ်လား?
Kengo Abe