ကျောင်းပြီးတာနဲ့နှစ်စဥ်ပုံမှန်၀င်ငွေ ယန်းသောင်း ၁၀၀၀ ရရှိနိုင်တဲ့ ဆူရှီဆိုင်

ဂျပန်မှာဆူရှီကွင်းဆက်ဆိုင်တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲမှာမှ နံပါတ်တစ်နေရာမှာရှိနေတာကတော့ ခူရဆူရှီဆိုင်ပဲဖြစ်ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ ဆူရှီဆိုင်ပေါင်း 340 ကျော်ရှိသည့်အပြင် တစ်နှစ်ပတ်လုံးရောင်းအားမှာလည်း သန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်လာပါတယ်။

https://toyokeizai.net/articles/-/56192

 

ဒီလုပ်ငန်းကနေထွက်လာတဲ့ အလုပ်ခေါ်ဆောင်းပါးကလည်း လူအများရဲ့ အာရုံစိုက်ခြင်းခံရလျှက်ရှိပါတယ်။

အလုပ်၀င်ပြီးတစ်နှစ်ပြည့်ချိန်မှစ၍ နှစ်စဥ်၀င်ငွေ 1000万円 ၀န်းကျင်ထိရရှိနိုင်ပါတယ်။

 

လုပ်ငန်းဆောင်ရွက်မည့်သူများခေါ်ယူခြင်း။

 

ယနေ့ခတ် ဘွဲ့ရခါစလူငယ်များရဲ့ တစ်နှစ်ပတ်လုံးပျှမ်းမျှလစာကတော့ ယန်း ၂၈၁ သောင်း ထိရှိပါတယ်။ ဒီငွေပမာဏထက် ၃ဆကိုမျှော်မှန်းပြီး ဂျပန်ရဲ့နာမည်ကြီးတက္ကသိုလ်တွေနဲ့ ပြည်ပနာမည်ကြီးတက္ကသိုလ်တွေကနေ ခန့်မှန်းခြေကျောင်းသားပေါင်း ၃၀၀လောက်က လာရောက်လျှောက်ထားကြပါတယ်။

အဲ့အထဲမှာမှ ၁၀ယောက်ကိုသာ စီစစ်၍ရွေးချယ်တာပါ။

လိုအပ်သည့်အရည်အချင်းအနေနဲ့ ကတော့ အင်္ဂလိပ်စာ TOEIC စာမေးပွဲအမှတ် 800အထက်၊ စာရင်းကိုင်ပညာ level 3 နှင့်အထက်ရှိရမှာပဲဖြစ်ပါတယ်။ ယခုတစ်ခေါက်အလုပ်ခေါ်ခဲ့တာကတော့ 2019ခုနစ် 9လပိုင်း 30ရက်နေ့အထိဖြစ်ခဲ့ပါတယ်။

ဒီလုပ်ငန်းရဲ့ companyခွဲဖြစ်တဲ့ ခူရဆူရှီ USAကလည်း အမေရိကားရဲ့  NASDAQ စတော့ဈေးကွက်ထဲသို့ ၈လပိုင်းကနေစပြီး၀င်ရောက်လာခဲ့ပါတယ်။

https://blog.distance-c.asia/wp-admin/post-new.php?post_type=page

 

ဒါဆိုရင် ၀န်ထမ်းအားလုံးရဲ့ လစာကကောင်းနေတာလားလို့ ပြောရင် ခူရဆူရှီရဲ့ ၀န်ထမ်းအားလုံး တစ်နှစ်ပတ်လုံး ပျှမ်းမျှလစာကို ယန်း ၄၅ သိန်း လို့သတ်မှတ်ရင်တော့ လစာများတယ်လို့တော့မဆိုနိုင်ပါဘူး။

ဒီလိုအစားအသောက်လုပ်ငန်းက လစာနည်းပြီး၊ ထူးချွန်တဲ့လုပ်ငန်းရှင်အဖြစ် မရောက်လာနိုင်တဲ့ပြဿနာက ရှိခဲ့ပါတယ်။

ဒီတစ်ကြိမ်အလုပ်ခေါ်ခြင်းကတော့ အထက်ပါအကြောင်းအရာတွေကို ပြောင်းပြန်ဖြစ်စေမှာပဲဖြစ်ပါတယ်။

ထူးချွန်တဲ့သူတွေကိုသာ သတ်မှတ်ထားခြင်းကြောင့် ယခုထိဆွဲဆောင်မှုရှိတဲ့အရာတွေလုပ်နိုင်ရင် အခြားလုပ်ငန်းမှာလည်း ထိုကဲ့သို့သော ဗျူဟာတွေချမှတ်နိုင်မယ်မဟုတ်လား။

ဒီလိုသာဆက်ဖြစ်ရင် ဘွဲ့ ရချင်းတူရင်တောင် လစာအနေနဲ့ ကွာခြားမှုဖြစ်လာပါလိမ့်မယ်။

 

ဂျပန်လူမျိုးတွေက အရင်ထဲက တူညီမှုကိုကြိုက်ကြပါတယ်။ပျှမ်းမျှလစာကနေ ကြီးကြီးမားမားကွဲထွက်သူကနည်းပြီး အားလုံးဟာတူညီတဲ့နေထိုင်မှုဘ၀မှာရှိနေခဲ့ကြပါတယ်။

ဒါပေမဲ့ ယခုကနေစပြီး မတူညီတော့တဲ့ လူ့ ဘောင်အဖွဲ့ အစည်းဖြစ်လာတဲ့အတွက်၊ ပြိုင်ဆိုင်မှုကလည်းပြင်းထန်လာပါတယ်။

ဒါ့အပြင် ဂျပန်လူမျိုးတွေချည်းပဲမဟုတ် ပြည်ပမှထူးချွန်သူတွေကလည်း တဖြည်းဖြည်း၀င်ရောက်လာခဲ့ပါတယ်။ ဒီအတွက်ကြောင့်ဂျပန်ရဲ့ ကျောင်းသားအများစုဟာလည်း အေးအေးဆေးဆေး၊ ပေါ့ပေါ့ပါးပါးနေလို့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: