ဂျပန်မှာ ကဖိန်းရှူတဲ့ပစ္စည်းထုတ်လုပ်ရောင်းချ

ဂျပန်နိုင်ငံမှာလူငယ်လေးတွေက ဆေးလိပ်သိပ်မသော်ကြတော့ဘဲ မြို့ထဲမှာလည်းဆေးလိပ်မသောက်ရနေရာတွေ များလာပါတယ်။

ဆေးလိပ်သောက်လို့ရတဲ့နေရာတွေနည်းလာတာကြောင့် ဖြတ်လိုက်တဲ့သူတွေလည်းများလာပါတယ်။

လျှပ်စစ်စီးကရက်တွေဖြစ်လာခဲ့တယ်လို့ဆိုပေမယ့်လည်း ဘာမှမထူးဘဲအကုန်အတူတူပါပဲ။

အလုပ်အားလပ်ချိန်တွေမှာ ဆေးလိပ်သောက်လို့မရတာတွေလည်း ရှိလာလို့ အားလုံးကကော်ဖီသောက်ပြီး အနားယူကြပါတယ်။

ဒီလိုအချိန်မှာ မျက်လုံးကြည်စေတဲ့ ဆေးလိပ်တံဆိပ် JT ကနေ STONE လို့ခေါ်တဲ့ပစ္စည်းအသစ်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

လျှပ်စစ်ဆေးလိပ်တွေနဲ့ဆင်တဲ့ပစ္စည်းဖြစ်ပြီး ရှူလိုက်တဲ့အခါ ကဖိန်းဓာတ်နဲ့ GABA ပါဝင်မှာဖြစ်ပါတယ်။

ကဖိန်းဓာတ်ကတော့ သိပြီးသားလို့ထင်ပါတယ်။

အလုပ်ရှုပ်လွန်းလို့ပင်ပန်းနေရင် ဒါကိုရှူလိုက်တာနဲ့ ပြန်ကျန်းမာသွားမှာပါ။

https://www.youtube.com/watch?v=fzIZZ2t59pY

 

GABA ဆိုတာက အမိုင်နိုအက်စစ်တစ်စိတ်တစ်ဒေသပါဝင်တာကြောင့် စိတ်ဖြေလျှော့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်တာကြောင့် အလုပ်ပြီးတဲ့အထိအာရုံစိုက်နိုင်ပါတယ်။

ကဖိန်းဓာတ်ပါရင် ပူရှိန်းအရသာလေးဖြစ်ပြီး GABA ပါရင်တော့ အုန်းသီးအရသာလေးဖြစ်ပါတယ်။

စက်ရဲ့ကိုယ်ထည်တစ်ခုကို ယန်း ၆,၆၀၀ ဖြစ်ပါတယ်။

ဆေးတောင့် ၃ တောင့်ကို ယန်း ၁,၉၈၀ ဖြစ်ပါတယ်။

ဆေးတောင့်တစ်တောင့်ကို အကြိမ် ၂၅၀ ဝန်ကျင်လောက်သောက်နိုင်လို့ ၃ တောင့်ဆိုရင် ၁ လလောက်တော့ သုံးလို့ရမယ်ထင်ပါတယ်။

ဆေးလိပ်နဲ့ လျှပ်စစ်ဆေးလိပ်တို့လို ဆေးရွက်ကြီးကိုမသုံးထားတာကြောင့် နီကိုဒင်းနဲ့ စတဲ့ဘေးထွက်ပစ္စည်းတွေမပါဝင်ပါဘူး။

 

တကယ်ပဲစိတ်ချရပါ့မလား? ? ?

ကဖိန်းဓာတ်က လူတွေကို စွဲစေတတ်တယ်လို့လည်းပြောကြပါတယ်။

ကဖိန်းဓာတ်ပါဝင်မှုများတဲ့အခါ စွဲလမ်းစေနိုင်တယ်ဆိုပေမယ့် တင်းကြပ်ထားတဲ့စံညွှန်းအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ တစ်ရက်ကို ၂၀၀ မီလီဂရမ်အောက်ပဲ သုံးစွဲသင့်ပါတယ်။

အဲ့ဒီ STON မှာ ၂၀၀ မီလီဂရမ်ဆိုတာက အကြိမ် ၁၀၀၀ လောက်သောက်မှဖြစ်နိုင်တာကြောင့် ပုံမှန်သောက်ရင်တောင် အဲ့လောက်ပမာဏမရှိနိုင်ပါဘူး။

ဒါပေမယ့်လည်း အသက် ၂၀ ကျော်တွေကိုပဲ ကန့်သတ်ရောင်းချပေးနေတာဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ အလုပ်လုပ်လွန်တယ်လို့ဆိုတာကြောင့် ဒီလိုပစ္စည်းတွေကို သုံးပြီး မရမကအလုပ်တွေလုပ်နေတာဟာ ဂျပန်လူမျိုးတွေပါပဲ။

ဖြစ်နိုင်ရင် ဒီလိုပစ္စည်းမျိုးကိုမသုံးဘဲ လုပ်နိုင်သလောက်လုပ်တာကောင်းတယ်လို့ တွေးနေရင်းနဲ့ ……. စာရေးသူလည်းလိုချင်လာပါတယ်။ ( Ha Ha )

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: