Host လောကက ဆရာတစ်ယောက် ?

ဂျပန်နိုင်ငံမှာ မိန်းကလေးတွေက ဆိုင်ကို အရက်လာသောက်တဲ့ ဧည့်သည်တွေကို ဧည့်ခံ၊ အတူသောက် စတာတွေလုပ်ပေးတဲ့ အရက်ဆိုင်တွေရှိပါတယ်။

ဘား၊ Cabaret ကလပ် လို့ ခေါ်ကြပြီးတော့ အဲ့လိုနေရာတွေမှာ အလုပ်လုပ်ကြတဲ့ မိန်းကလေးတွေကို Hostess လို့ခေါ်ကြပါတယ်။

အဲ့ဒါကတော့ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပုံမှန်မြင်နေကျ ဆိုင်ပုံစံပဲ ဖြစ်ပါတယ်။

 

အဲ့ဒါနဲ့‌ ပြောင်းပြန်၊ ယောက်ျားလေးတွေက ဆိုင်ကိုလာတဲ့ အမျိုးသမီး ဧည့်သည်တွေကို ဧည့်ခံတာကိုကျတော့ Host club လို့‌ ခေါ်ကြပါတယ်။

အဲ့ဒီမှာ အလုပ်လုပ်တဲ့ ယောက်ျားလေးတွေကိုတော့ Host လို့ခေါ်ပါတယ်။

ဂျပန်နိုင်ငံမှာ Host ကလပ်များစွာ ရှိပါတယ်။ ဒါပေမယ့် အဲ့တာဟာ လူမှုရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီး တော်တော်များများဟာ သူတို့ကိုဧည့်ခံတဲ့ Host ကို တကယ်ချစ်သွားပြီးတော့ ငွေအမြောက်အများပေးတာတွေ လုပ်နေကြလို့ပါ။

အဲ့ဒီလို ညဈေးကွက်မှာ ကျောင်းတစ်ခု ဖွင့်ထားပြီးတော့ ဆရာက Host တစ်ယောက်ပဲဖြစ်ပါတယ်။

https://web.smartnews.com/articles/gm8LMQQEhff

လာတက်တဲ့သူတွေက တော်တော်များများ ယောက်ျားလေးတွေ ဖြစ်ပြီး၊ ကုမ္ပဏီဝန်ထမ်း စတာတွေ များပါတယ်။

ဘာကိုသင်ပေးတာလဲဆိုတော့ “ စကားပြော ပညာ” ကို သင်ပေးတာပါ။

တော်ကီကောင်းကောင်းတွေ ပြောပြီး မိန်းကလေးတွေရဲ့ အချစ်ကို ရယူကာ ပိုက်ဆံလဲ ရနိုင်၊ ဆိုင်ကိုလဲ အမြဲတမ်းလာနေအောင် လုပ်ရတာက Host တစ်ယောက်ရဲ့ ပညာပဲဖြစ်ပါတယ်။ အဲ့ဒီ “ စကားပြော ပညာ” ဟာ လုပ်ငန်းပတ်ဝန်းကျင်မှာလည်း အရေးကြီးပါတယ်။

 

လုပ်ငန်းလောကမှာ ကိုယ့်ဖောက်သည်ကို ပစ္စည်းရောင်းတဲ့အခါ၊ service ပေးတဲ့အခါ၊ အရမ်းတော်တဲ့ ဝန်ထမ်းကို ကိုယ့်ကုမ္ပဏီမှာ ဝင်အလုပ်လုပ်အောင် ဆွဲဆောင်တဲ့အခါ၊ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်ရှိလာအောင် motivate လုပ်တဲ့အခါတွေမှာ “ စကားပြော ပညာ” ဟာ အရေးကြီးပါတယ်။

ပစ္စည်းကောင်းတစ်ခုကို အခြားကုမ္ပဏီတွေထက် ဈေးသက်သက်သာသာ ရောင်းမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကုမ္ပဏီတွေကို ကြည့်လိုက်တဲ့အခါမှာလည်း သိပ်ပြီး ကွာခြားချက် မရှိလို့ ဒီလို လုပ်ငန်းခွင်မှာ အောင်မြင်နေရင်တော့  “ စကားပြော ပညာ” ကြောင့်လို့ ပြောလို့ရပါတယ်။

https://web.smartnews.com/articles/gm8LMQQEhff

ဒီကျောင်းကို စီမံအုပ်ချုပ်နေတာကတော့ Host ၁၂၀၀လောက်ရှိတဲ့ Host လောကမှာ အကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ Groupdandy ဆိုတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

အစကတော့ ကိုယ့်ကုမ္ပဏီက ကောင်လေးတွေရဲ့ လုပ်ရည်ကိုင်ရည် မြင့်လာအောင် သင်ပေးခဲ့တာ ဖြစ်ပေမယ့် သင်တန်းရှိတယ်ဆိုတာနဲ့ အဲ့ဒီလောကက အခြားလူတွေလဲ ရောက်လာပြီး တဖြည်းဖြည်းနဲ့ အခုလို ကျောင်းဖွင့်ရလောက်အောင်အထိ ကျယ်ပြန့်လာခဲ့တာပါ။

 

ဆရာကတော့ Makita San ပဲဖြစ်ပါတယ်။

https://web.smartnews.com/articles/gm8LMQQEhff

Host ၃၀၀၀ ကျော်လောက်ကို သင်ပေးလာတဲ့ သူဖြစ်ပြီးတော့ Groupdandy ရဲ့ ဒုဥက္ကဌလည်း ဖြစ်ပါတယ်။

သူ့ရဲ့ သင်ပြမှုတွေအောက်မှာ တစ်လကို ယန်း၁သန်းကျော်ရှာနိုင်တဲ့ Host တွေ တဟုန်ထိုး တိုးပွားလာနေပါတယ်။

“ လုပ်ငန်းမှာအောင်မြင်ဖို့ဆိုတာ ကျွမ်းကျင်မှုက ၁၀% နဲ့ “ စကားပြော ပညာ” က ၉၀% လိုအပ်ပါတယ်။” လို့ Makita San က‌ ပြောပါတယ်။

တစ်ဖက်လူက ကိုယ့်ကို ဘယ်လို ကြည့်နေလဲ? ဘယ်လိုတွေးနေမလဲ? စတာတွေကို သေသေခြာခြာလေ့လာပြီး စကားလမ်းကြောင်းကို ဆက်သွားနိုင်အောင် လုပ်ခြင်းက အရေးကြီးတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။ ကိုယ်နေဟန်ထား၊ အသက်ရှူပုံ အပြောင်းအလဲ၊ မျက်နှာအမူအယာ၊ အသံပြောင်းလဲမှု စတာတွေကိုလဲ ဂရုတစိုက် လေ့လာရမယ်လို့ ပြောခဲ့ပါသေးတယ်။

 

“ စကားပြော ပညာ” ဟာ လက်တွေ့လေ့လာရတဲ့ စိတ်ပညာဘာသာရပ်တစ်ခု လို့တောင်ပြောလို့ရပါတယ်။

https://web.smartnews.com/articles/gm8LMQQEhff

“ စကားပြော ပညာ” ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီဆိုတာနဲ့ အလုပ်မှာ အောင်မြင်နိုင်ခြေ မြင့်လာရုံတင်မကဘဲ မိန်းကလေးဘက်ကကြည့်ရင်လည်း ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်အနေနဲ့ မြင်ရမှာပါ။

မိန်းကလေးတွေ လိုချင်တာက ရုပ်ချောဖို့လဲ ပါပေမယ့် အရေးအကြီးဆုံးကတော့ အတူရှိနေရတဲ့ အချိန်လေးမှာ သက်သောင့်သက်သာရှိပြီး ကြည်နူးဖွယ်ကောင်းတဲ့ အချိန်လေးကို ဖန်တီးပေးနိုင်ဖို့ပါပဲ။

အဲ့ဒီလိုပဲ ယောက်ျားလေးတွေကလည်း မိန်းကလေးတွေနဲ့ အတူရှိရင် ဒီလိုအချိန်လေးကို ပိုင်ဆိုင်ချင်ကြတာကြောင့် မိန်းကလေးတွေလည်း ဒီလို skill တွေ တတ်ထားဖို့ လိုအပ်ပါတယ်နော်။

Host တွေသင်သလို မသင်ကြည့်ချင်ကြဘူးလား။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: