နောက်ဆုံးပေါ်နည်းပညာနှင့်အတူ ရှင်သန်နေသော ကုမ္ပဏီ “Zenrin”

၂၀၀၅ ခုနှစ်မှာ Google Maps စတင်ချိန်ကစလို့ ဂျပန်ရဲ့မြေပုံမှာ Zenrin လို့ခေါ်တဲ့ ဂျပန်ကုမ္ပဏီက အချက်အလက်တွေကို ထောက်ပံ့ပေးနေပြီးတော့ Google Mapsမှာလည်း Zenrin ကို credit ပေးထားပါတယ်။

နောက်ပိုင်း Zenrin က အချက်အလက်ပေးတာမျိုးတွေမလုပ်ဘဲ အဆက်အသွယ်ဖြတ်ပြီးတဲ့နောက် Google ဟာ သူ့ရဲ့ဝန်ဆောင်မှုကို စတင်တဲ့အခါမှာ ဂျပန်နိုင်ငံရဲ့မြေပုံဟာ အရင်ကလောက် မပြည့်စုံတော့ပါဘူး။

ချက်ချင်းဆိုသလို Softbank က မြေပုံ၀န်ဆောင်မှုအသစ်တစ်ခုကို စလုပ်မယ်လို့ပြောပြီး အဲ့ဒီမှာ Zenrin ရဲ့ မြေပုံကို အသုံးပြုမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ချက်ချင်းဆိုသလို Zenrinက နာမည်ကြီးလာပါတယ်။ ဒီလိုမျိုး ကုမ္ပဏီတွေက ချိတ်ဆက်အလုပ်လုပ်ချင်ကြတဲ့ Zenrin ဆိုတဲ့ကုမ္ပဏီရဲ့အကြောင်းကို သိတဲ့လူ တော်တော်နည်းပြီး လက်တွေ့မှာတော့ နှစ်အတော်ကြာသမိုင်းရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Zenrinကို တည်ထောင်တာက ၁၉၄၈ ခုနှစ်၊ စစ်ပြီးပြီးချင်းမှာပါ။

စစ်ပြီးနောက်တစ်နှစ် ၁၉၄၉ မှာတော့ ရေပူစမ်းတွေနဲ့ နာမည်ကြီးတဲ့ အိုးတစီရင်စုနယ်၊ ဘက်ပုမြို့မှာ ခရီးသွားလုပ်ငန်းမဂ္ဂဇင်းကို စတင်ထုတ်ဝေပြီး လုပ်ငန်းအစပြုခဲ့ပါတယ်။

မဂ္ဂဇင်းရဲ့ ပူးတွဲအနေနဲ့ မြေပုံလေးပါပြီးတော့ ရေပူစမ်းနဲ့ စတိုးဆိုင်စတာတွေရဲ့ တစ်ဆိုင်ချင်းဆီရဲ့ အချက်အလက်ကို ရေးသားထားဖော်ပြထားတဲ့ အကြောင်းအရာကို လူတွေက အထူးစိတ်ဝင်စားခဲ့ပါတယ်

https://amp.review/2019/11/19/zenrin/

အဲ့ဒီလိုကနေ “အသေးစိတ်မြေပုံသတင်းအချက်အလက်ရောင်းဝယ်ရေး” လုပ်ဖို့ ဆိုပြီးဖြစ်လာပါတယ်။ ဘက်ပုမြို့ကနေ ခယူးရှူးဒေသတစ်ဝိုက်လုံး၊ အဲ့ဒီကနေမှ ဂျပန်တစ်နိုင်ငံလုံးအထိ တိုးချဲ့လာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၀ ပြည့်လွန်နှစ်မှာတော့ ခေတ်သစ်စဖို့အချိန် ရောက်လာပါပြီ။

အဲ့ဒါကတော့ မြေပုံကို ဒီဂျစ်တယ်စနစ်ပြောင်းဖို့ပါ။

မြေပုံသတင်းအချက်အလက်ကို အရင်က လက်ရေးနဲ့ ရေးခဲ့တာပါ။ နောက်ပိုင်း အဲ့ဒီလိုရေးတဲ့ဝန်ထမ်း အသက်ကြီးလာတဲ့အခါ ဒီလိုလက်ရေးနဲ့ရေးရာကနေ တစ်ဆင့် ပိုကောင်းတဲ့အဆင့်ကို ကူပြောင်းဖို့ တွေးတာလာကြပါတယ်။

ဒီလိုနဲ့ Zenrin ကုမ္ပဏီဟာ Hitachi နဲ့ပူးပေါင်းပြီး ကမ္ဘာ့ပထမဦး ဆုံးဒီဂျစ်တယ်မြေပုံကိုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒီဂျစ်တယ်နည်းပညာဆီ ကူးပြောင်းဖြစ်လာပါတော့တယ်။

ဒီလိုလုပ်လိုက်တာဟာ အချိန်ကိုက်အလွန်ကောင်းသွားပြီးတော့ ၁၉၉၀ ခုနှစ်မှာ တစ်ဟုန်ထိုးလူသိများလာတဲ့ GPS မှာလည်း Zenrin ၏မြေပုံကို မြေပုံ ဖွံ့ဖြိုးတိုးတက်မှုအတွက်အသုံးပြုခဲ့ပါတယ်။

ဘယ်စက်ပစ္စည်းမှာမဆို GPS ရှိနေပြီးတော့ အဲ့ဒီမှာသုံးဖို့မြေပုံကို Zenrinက ထောက်ပံ့ပေးလာခဲ့ပါတယ်.။

တခြားကုမ္ပဏီတွေ Google Maps လိုမျိုး ကို အနိုင်ရဖို့ခက်ခဲရတဲ့အကြောင်းအရင်းကတော့ အချက်အလက်တွေစုဆောင်းနှုန်းစွမ်းရည်မြင့်တဲ့ Zenrin ကြောင့်ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Zenrin ရဲ့ အချက်အလက်စုဆောင်းမှုက အလွန်အသေးစိတ်ကျပါတယ်။ ဂျပန်နိုင်ငံတစ်ဝှမ်းလုံးရဲ့ နေရာ ၇၀ မှာ စစ်ဆေးသူတွေက နေ့စဥ်အချက်အလက်တွေကို စုဆောင်းနေကြပါတယ်။ လမ်းပုံသဏ္ဍာန်သာမဟုတ်ဘဲ guardrail အနေအထားတွေ၊ လမ်းခင်းထားတာတွေရှိမရှိ၊ အဆောက်အဦးဝင်ထွက်ပေါက်စတာတွေကို အဆောက်အဦးတစ်ခုဆီ လမ်းလျှောက်ကြည့်ပြီး အချက်အလက်ကို စုဆောင်းတာကြောင့်ပါ။

https://amp.review/2019/11/19/zenrin/

ဒါတွေအပြင် သတင်းအချက်အလက်တွေကို အလိုအလျောက် စုဆောင်းနိုင်တဲ့ အထူးစစ်ဆေးတဲ့ကားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ အောက်ကပုံလိုမျိုးပေါ့။

https://amp.review/2019/11/19/zenrin/

 

နောက်တစ်ခုက သည်ကုမ္ပဏီရဲ့ အကြီးမားဆုံးသော အားသာချက်ကတော့ အသေးစိတ်အလက်အလက်များ ပါဝင်ခြင်းနဲ့ မြေပုံပါအချက်အလက်တွေကို တုပရန် မလွယ်ကူခြင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီခေတ်ဟာ ကားအလိုအလျောက်မောင်းနှင်နိုင်တဲ့ခေတ်ဖြစ်လာတာကြောင့် ပိုအသေးစိတ်တဲ့အချက်အလက်တွေကို စုဆောင်းလာနိုင်နေပါပြီ။

ဒါကြောင့် Zenrinက ခေတ်နဲ့အညီ မြေပုံအချက်အလက်ကို သုံးဘက်မြင်နဲ့တောင် ထုတ်နိုင်နေပါပြီ။

https://amp.review/2019/11/19/zenrin/

 

ဒါတွေကြောင့် အခုအချိန်အထိ Zenrinက ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရပ်တည်နေနိုင်ပြီး ခေတ်မီနည်းပညာနဲ့ ဆက်လက်တိုးတက်နေပါတယ်။

ဒီလို ခေတ်နဲ့အညီ ကျွမ်းကျွမ်းကျင်ကျင်နဲ့ အလုပ်လုပ်လာခဲ့တာကြောင့် Zenrin က ဂျပန်နိုင်ငံရဲ့ အလွန်ကောင်းမွန်တဲ့ ဂျပန်ကုမ္ပဏီတစ်ခု ဖြစ်လာပါတော့တယ်။ စာဖတ်သူတို့ရော ဒီအကြောင်းကို ဖတ်ပြီး Zenrin မှာ အလုပ်သွားမလုပ်ချင်ကြဘူးလား။ တခြား သိချင်တဲ့အကြောင်းတွေရှိရင်လည်း ကောမန့်မှာ ရေးပေးပါဦးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: